မြန်မာနိုင်ငံအတွက်ဒီဟက်(စ်)၏ပထမဦးဆုံးစက်ရုံကိုဖွင့်လှစ်ခြင်း။

03 အောက်တိုဘာ 2016
-
2 minutes

လွန်ခဲ့သော (၄) နှစ် ၂ဝ၁၈ ခုနှစ်၊ မေလ (၂၉) ရက်နေ့တွင်ကျွန်တော်တို့ဒီဟက်(စ်)မြန်မာလီမိတက်အနေဖြင့်မြန်မာနိုင်ငံအတွက်ဒုတိယမြောက်အစာစက်ရုံကို မြင်းခြံခရိုင်၊ မြို့သာစက်မှုဝန်းအတွင်းဂုဏ်ယူစွာဖြင့်ဖွင့်လှစ်နိုင်ခဲ့ပါသည်။

ယခုအစာစက်ရုံကိုဖွင့်လှစ်လိုက်နိုင်ခြင်းအားဖြင့် ဒီဟက်(စ်) သည်မြန်မာ့မွေးမြူရေးအစာထုတ်လုပ်မှုလုပ်ငန်းများအတွင်းဈေးကွက်ခိုင်မာမှုကိုပိုမိုသေချာစေခဲ့ပြီးမြန်မာနိုင်ငံရှိစိုက်ပျိုးရေးလုပ်ငန်းများအတွက်လည်းအခွင့်အလမ်းများကိုဖြစ်ထွန်းစေခဲ့ပါသည်။
 

ထုတ်လုပ်နိုင်မှုစွမ်းအား။

အဆိုပါစက်ရုံသည် မန္တလေးမြို့အနီး စတုရန်းမီတာ (၂၆ဝဝဝ) ပေါ်တွင်တည်ရှိပြီးနှစ်စဉ် ထုတ်လုပ်မှုပမာဏ မထရစ်တန် (၂၈ဝ,ဝဝဝ) ခန့် ရှိပြီးမြန်မာနိုင်ငံတွင်ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တစ်ခုဖြစ်သည့် နေရောင်ခြည်စွမ်းအင်ကိုအထိရောက်ဆုံးအသုံးချနိုင်သည့်
အစာအစာထုတ်လုပ်သည့်စက်ရုံတစ်ရုံအဖြစ်သတ်မှတ်ခြင်းလည်းခံထားရပါသည်။
 

မြန်မာ့မွေးမြူရေးသမားများအတွက်။

ဒီဟက်(စ်)မြန်မာလီမိတက်၏ Managing Director တစ်ဦးဖြစ်ခဲ့သော Mr. Johan van den Ban မှလည်းယခုကဲ့သို့ ဒီဟက်(စ်)မြန်မာ၏ဒုတိယမြောက်အစာစက်ရုံဖွင့်လှစ်နိုင်ခဲ့ခြင်းပေါ်မှာအခုလိုမှတ်ချက်ပြုခဲ့ပါတယ်။
"ကျွန်တော်တို့ဒီဟက်(စ်)မြန်မာအနေနဲ့မြန်မာနိုင်ငံကိုစရောက်ပြီးနောက်ပိုင်းမြန်မာ့မွေးမြူရေးလုပ်ငန်းတွေဟာသိသိသာသာကိုတိုးတက်လာခဲ့ပါတယ်။ အခုဆိုရင်ကျွန်တော်တို့ရဲ့ ဒီဟက်(စ်) အမှတ်တံဆိပ်ဟာဆိုရင် အမှီအခိုကင်းတဲ့မြန်မာ့မွေးမြူရေးဈေးကွက်အတွင်းနံပါတ် (၁) နေရာကိုဆုပ်ကိုင်ထားနိုင်ခဲ့ပါပြီ။ မန္တလေးမြို့တွင်အစာဂိုထောင်ထားရှိခဲ့ကာ အထက်မြန်မာပြည်ရှိမွေးမြူရေးသမားများအဆင်ပြေစေရန်ရောင်းချပေးခဲ့ပြီးစဉ်ဆက်မပြတ်တိုးတက်လာလျက်ရှိသောရောင်းအားများကြောင့် ကျွန်တော်တို့အနေနဲ့ဒုတိယမြောက်အစာစက်ရုံကိုရင်းနှီးမြှုပ်နှံဖို့အတွက်ဆုံးဖြတ်ခဲ့ပါတယ်။ ယခုဒုတိယမြောက်အစာစက်ရုံမှလည်း မြန်မာ့မွေးမြူရေးသမားများလိုအပ်လျက်ရှိသော အရည်အသွေးမြင့်အစာများကိုပြည့်မှီအောင်ဖြည့်ဆည်းပေးသွားမှာပဲဖြစ်ပါတယ်။ "
 

ဖောက်သည်များ၏ဒီဟက်(စ်)အပေါ်ယုံကြည်မှု။

ယခုကဲ့သို့အစာစက်ရုံများကိုအောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ခြင်းဟာ မြန်မာ့မွေးမြူရေးလုပ်ငန်းရှင်များ၏ဒီဟက်(စ်)အပေါ်မှာထားရှိတဲ့ "ယုံကြည်မှု" ကြောင့်ဆိုရင်လည်းမမှားပါဘူး။ ကျွန်တော်တို့ဖက်ကလည်း မွေးမြူရေးသမားများက ဈေးကွက်အတွင်းအရည်အသွေးအကောင်းဆုံးမွေးမြူရေးအစာဖြစ်ပေးအပ်ထားတဲ့ (သို့မဟုတ်) သတ်မှတ်ပေးထားတဲ့ အဆင့်အတန်းနဲ့ကိုက်ညီသော၊ မွေးမြူရေးသမားများအတွက် အတည်ငြိမ်ဆုံးသောအရည်အသွေးကိုပေးအပ်နိုင်သော၊ မိမိ၏ခြံသကဲ့သို့သဘောထားကာ အကောင်းဆုံးဝန်ဆောင်မှုနှင့်အကြံဉာဏ်များပေးစွမ်းနိုင်သော အစာအမှတ်တံဆိပ်တစ်ခုအဖြစ် "လူကြီးမင်းတို့ရဲ့ဘယ်ဖက်ရင်အုံ"ထဲမှာ နောင်နှစ်ပေါင်းများစွာတိုင်အောင်ကဗျည်းထိုးထားနိုင်စေရန်အစွမ်းကုန်ကြိုးစားအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလေစားဂုဏ်ယူစွာဖြင့်မှတ်တမ်းတင်ဖော်ပြလိုက်ရပါတယ်။