ဘေးကင်း၍အာဟာရကြွယ်ဝသောတိရစ္ဆာန်အစာများရေရှည်ထုတ်လုပ်နိုင်ရန်ဆောင်ရွက်ခြင်း။

20 စက်တင်ဘာ 2022
-
5 minutes

ကျွန်တော်များ ဒီဟက်စ်မြန်မာသည်ကမ္ဘာတစ်ဝှမ်းလုံးရှိဝယ်ယူသုံးစွဲသူများကိုတိရစ္ဆာန်များအတွက် ပေါင်းစပ်အစာများ၊ အချိုးကျရောစပ်ထားသည့်အစာများ၊ ဖြည့်စွက်စာနှင့် အထူးအစာများကို ထုတ်လုပ်ပံ့ပိုးလျက်ရှိသည့်ကုမ္ပဏီတစ်ခုဖြစ်ပါသည်။

ဘေးကင်း၍ အာဟာရကြွယ်ဝသော တိရစ္ဆာန်အစာများ ရေရှည်ထုတ်လုပ်နိုင်ရန် ဆောင်ရွက်ခြင်း။

ကျွန်တော်များ ဒီဟက်စ်မြန်မာသည် ကမ္ဘာတစ်ဝှမ်းလုံးရှိ ဝယ်ယူသုံးစွဲသူများကို တိရစ္ဆာန်များအတွက် ပေါင်းစပ်အစာများ၊ အချိုးကျရောစပ်ထားသည့် အစာများ၊ ဖြည့်စွက်စာနှင့် အထူးအစာများကို ထုတ်လုပ်ပံ့ပိုးလျက်ရှိသည့် ကုမ္ပဏီတစ်ခုဖြစ်ပါသည်။ ကျွန်တော်တို့၏ ထုတ်ကုန်များ၊ အသိပညာနှင့် အတွေ့အကြုံများမှတစ်ဆင့် ကမ္ဘာတစ်ဝှမ်းလုံးရှိ ကျွန်တော်တို့၏ ဝယ်ယူသုံးစွဲသူများ၊ အသေးစားနှင့် အကြီးစား တောင်သူလယ်သမားများနှင့် အခြားသောအစာထုတ်လုပ်သူများကို ယင်းတို့၏ သီးခြားလိုအပ်ချက်များအတွက် ဖြေရှင်းပေးခြင်း၊ သင့်လျော်သော ဝန်ဆောင်မှုများပေးခြင်းဖြင့် ကျွန်တော်တို့က အကူအညီပေးလျက် ရှိပါသည်။ ကျွန်တော်တို့ De Heus ၏ ကျွမ်းကျင်ပညာရှင်များက တောင်သူလယ်သမားများကို တိရစ္ဆာန်များအစာကျွေးခြင်းနှင့် ပတ်သက်၍ အဓိကလိုအပ်ချက်များ၊ တိရစ္ဆာန်များအား ထိန်းသိမ်းထားရှိရမည့်ပုံစံ၊ တိရစ္ဆာန်များ၏ ဇီဝကမ္မလိုအပ်ချက်များနှင့် ကိုက်ညီသည့် အစာအာဟာရဗျူဟာနှင့်ပတ်သက်၍ အကြံပြုခြင်း၊ မွေးမြူရေးခြံ စီမံခန့်ခွဲရေးတွင် ထောက်ပံ့ခြင်းစသည်တို့အတွက် ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထိုသို့ပြုလုပ်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ တိရစ္ဆာန်များကျန်းမာစေရန်နှင့် အကောင်းဆုံးထုတ်လုပ်နိုင်ရန်အတွက်သာ ဖြစ်ပါသည်။




ဒေသတွင်းရှိ မွေးမြူရေးလုပ်ကိုင်နေသူများ တိုးတက်စေရေးအတွက် စဉ်ဆက်မပြတ်ဆောင်ရွက်ပေးခြင်း။

 

လေ့လာတွေ့ရှိချက်များအရ မြန်မာနိုင်ငံရှိ လူဦးရေ ၇၀% နီးပါးသည် ကျေးလက်ဒေသများတွင်နေထိုင်သူများ ဖြစ်ပြီး ဆန်စပါးစိုက်ပျိုးရေး၊ ကြက်၊ ဝက်မွေးမြူရေးနှင့် ရေလုပ်ငန်းကို လုပ်ကိုင်လျက်ရှိသူဖြစ်ဖြစ်ကြသည်။ ရေလုပ်ငန်းနှင့် မွေးမြူရေးကဏ္ဍများသည် စိုက်ပျိုးရေးကဏ္ဍတွင် ဒုတိယအရေးကြီးသည်ဟု ယူဆပြီး နိုင်ငံ၏ အဓိက အသားဓာတ်ထောက်ပံ့ရေးတွင် အရေးပါသောကဏ္ဍအဖြစ် ပါဝင်သည်။ နိုင်ငံ၏လူဦးရေအများအပြားမှာ ရေလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်လျက်ရှိသော်လည်း အများစုမှာ မိရိုးဖလာနည်းလမ်းဖြင့် လုပ်ကိုင် လျက်ရှိသည့် အသေးစားမွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသူများဖြစ်ကြပါသည်။

ထို့ကြောင့် ရေလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများအား ၎င်းတို့၏လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးကို ပံ့ပိုးကူညီရန်နှင့် ထိုသို့တိုးတက်မှုကြောင့် ယင်းတို့၏ ဝင်ငွေနှင့် အသက်မွေးဝမ်းကြောင်း ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်ချက်အတွက် ဒီဟက်စ်မြန်မာ၏ ကျွမ်းကျင်ပညာရှင်အဖွဲ့က ၎င်းတို့ထံ နေ့စဉ်သွားရောက် လေ့လာခဲ့ပါသည်။ ကျွန်တော်တို့က ဝယ်ယူသုံးစွဲသူများကို အစာအာဟာရ၊ မွေးမြူရေးလုပ်ငန်း စီမံခန့်ခွဲမှု၊ တိရစ္ဆာန်များ၏ ကျန်းမာရေး၊ စနစ်တကျ မွေးမြူထိန်းသိမ်းရေးနှင့် ဒီဟက်စ်၏ တိရစ္ဆာန်အစာနှင့် အသုံးပြုပုံစသည်တို့နှင့်ပတ်သက်၍ အကူအညီ၊ အကြံဉာဏ်များပေးရန်အတွက် တန်ဖိုးမြင့် “လက်တွေ့ကွင်းဆင်း” ဝန်ဆောင်မှုများပေးလျက်ရှိပါသည်။

 

feed_for_food_sustainability_deheus_myanmar

၂၀၂၂ ခုနှစ် ဇန်နဝါရီလမှဇူလိုင်လအထိ မြန်မာနိုင်ငံတစ်ဝှမ်းရှိ တိုင်းဒေသကြီး (၆) ခုမှ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ပိုင်ရှင်များ၊ စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်ဆောင်ရွက်နေကြသူများနှင့် ရောင်းချသူများစသည့် စုစုပေါင်း လူပေါင်း (၄၈၂) ဦးထံ သွားရောက်ခဲ့ပါသည်။ ဒေသတွင်းရှိ တိရစ္ဆာန်အကောင်ရေနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်သူ လူဦးရေးအပေါ် မူတည်၍ အဖွဲ့လိုက်သော်လည်းကောင်း မွေးမြူရေးခြံသို့ တိုက်ရိုက်သွားရောက်၍ သော်လည်းကောင်း လူတွေ့၊ လက်တွေ့လေ့ကျင့်ရေးသင်တန်းများ ပို့ချခဲ့ပါသည်။

ကျွန်တော်တို့၏ ကျွမ်းကျင်ပညာရှင်များက အောက်ပါအဓိကရည်ရွယ်ချက် သုံးခုအပေါ်မူတည်၍ သင်တန်းပို့ချမှု များ ဆောင်ရွက်ခဲ့ပါသည် -

၁။         မွေးမြူ‌ရေးလုပ်ငန်းတွင် ကြုံတွေ့နေရသော လက်ရှိပြဿနာများကို ဖြေရှင်းရန် နှင့်/ သို့မဟုတ်

၂။         မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသူများကို အထွေထွေဗဟုသုတ မျှဝေရန်။

၃။         တိုးတက်လာသော မွေးမြူရေးစနစ်များမှတစ်ဆင့် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသူများ၏ အသက်မွေးဝမ်းကြောင်း ပိုမိုကောင်းမွန်လာစေရန်။

sustainability_feed_for_food_deheus_myanmar

သင်တန်းပို့ချမှုနှင့်ပတ်သက်သည့် အစီအစဉ်အသေးစိတ်နှင့် လိုအပ်သည်များကို မျှော်မှန်းချက်များနှင့် အကိုက်ညီဆုံး အံဝင်ခွင်ကျဖြစ်စေရန်၊ နှင့် သတ်မှတ်ထားသည့် သင်တန်းပို့ချမှု ရည်မှန်းချက်ကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်စေရန် ပြုလုပ်ထားရှိပါသည်။

ဤသင်တန်းပို့ချမှုများမှတစ်ဆင့် ဝယ်ယူသုံးစွဲသူများအား ဘေးကင်းပြီး ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ၎င်းတို့၏မွေးမြူရေးလုပ်ငန်းကို ရေရှည်တည်တံ့ခိုင်မြဲစွာ ကျွမ်းကျင်အောင် ဆက်လက်လုပ်ဆောင်နိုင်စေမည့် အကြံဥာဏ်များနှင့် ပံ့ပိုးကူညီမှုများ ထောက်ပံ့သွားနိုင်ရန် ကျွန်ုပ်တို့က မျှော်လင့်ပါသည်။