ရေရှည်တည်တံ့ခိုင်မြဲမှုကို ဖော်ဆောင်ခြင်း။

10 ဩဂုတ် 2022
-
3 minutes

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့၌ ဒီဟက်စ်မြန်မာ (De Heus Myanmar) မှ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ပူးပေါင်းပါဝင်မှု သင်တန်း (Sustainability Engagement Training) ကို မန္တလေးတိုင်း၊ မြို့သာတွင် ပထမဆုံးအောင်မြင်စွာ စတင်ဆောင်ရွက်ခဲ့ပါသည်။

သင်ကြားချိန် တစ်နာခွဲကြာမြင့်သော ထိုသင်တန်းကို လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး (HSE)၊ အရည်အသွေးထိန်းချုပ်မှု၊ ဂိုဒေါင်၊ ပြုပြင်ထိန်းသိမ်းရေး၊ ထုတ်လုပ်ရေးအစရှိသည့် စက်ရုံအလုပ်ရုံများမှ ဝန်ထမ်းများနှင့် လူ့စွမ်းအား အရင်းအမြစ်ဌာန၊ စာရင်းကိုင်နှင့် ဘဏ္ဍာရေးဌာနစသည့် ရုံးလုပ်ငန်းဌာနအသီးသီးမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါသင်တန်းသည် ရေရှည်တည်တံ့ခိုင်မြဲမှုဆိုင်ရာ အသိပညာပေး လှုပ်ရှားဆောင်ရွက်မှုများတွင် ဝန်ထမ်းများ၏ အသိပညာနှင့် ပါဝင်ဆောင်ရွက်မှုကို အခြေခံအဆင့် မှတစ်ဆင့် မြှင့်တင်ရေးအတွက် အစပျိုးခြင်းပင် ဖြစ်ပါသည်။


၂၀၂၀ ခုနှစ်မှစတင်၍ ကျွန်တော်တို့သည် လုပ်ငန်းဌာနများအားလုံး၏ စီမံခန့်ခွဲမှုအဆင့်ရှိသော အဖွဲ့ဝင်များထံသို့ De Heus ၏ ရေရှည်တည်တံ့ခိုင်မြဲမှုဆိုင်ရာ အစီအစဉ်ဖြစ်သော Responsible Feeding Programme ကို စတင်မိတ်ဆက်ခဲ့ပါသည်။ ထိုအချိန်မှစ၍ ဒီဟက်စ်မြန်မာသည် ဤအဆင့်မြင့်ရည်ရွယ်ချက် အောင်မြင်ရေးနှင့်ပိုမိုနီးကပ်လာစေရန်အလို့ငှာ မဟာဗျူဟာချမှတ်ရေး၊ နှစ်စဉ်ရည်မှန်းချက် ပန်းတိုင်များရရှိရေးကို တက်ကြွသော ခြေလှမ်းများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့သောအရှိန်အဟုန်နှင့် လိုက်လျောညီထွေ ဖြစ်စေရန် ကျွန်တော်တို့၏ အခြားဝန်ထမ်းများတွင်လည်း အလားတူ စိတ်အားထက်သန်မှုရှိစေရေးနှင့်၊ ရေရှည် အကျိုးသက်ရောက်မှုအပေါ် ပိုမိုကြီးမားသော တွန်းအားတစ်ရပ် ဖြစ်ပေါ်လာစေရေးအတွက် ကျွန်တော်တို့က မျှော်လင့်လျက်ရှိပါသည်။


Sustainability Engagement Training ၏ အကြောင်းအရာတွင် အောက်ပါအဓိကအချက် သုံးချက် ပါဝင်သည် -

၁။       ရေရှည်တည်တံ့ခိုင်မြဲမှုဆိုတာ ဘာလဲ။ ဘာကြောင့်အရေးပါသလဲ။

၂။       ဒီဟက်စ်မြန်မာတွင် ရေရှည်တည်တံ့ခိုင်မြဲမှုကို မည်ကဲ့သို့ပေါင်းစပ်ပြီး အကောင်အထည် ဖော်ထားသလဲ။

၃။       ကျွန်တော်တို့ဝန်ထမ်းများ၏ နေ့စဉ်လုပ်ငန်းဆောင်တာများက ရေရှည်တည်တံ့ ခိုင်မြဲမှုကို ဘယ်လိုအထောက်အကူပြုသလဲ။

သင်တန်းအစီအစဉ်တွင် နိုင်ငံတကာဆိုင်ရာ အသိပညာပေး အချက်အလက်များ၊ ဒီဟက်စ်မြန်မာ၏ ယခင်ကဖြစ်သော ရေရှည်တည်တံ့ခိုင်မြဲမှုဆိုင်ရာ အသားပေးဖော်ပြချက်များ၊ ဝန်ထမ်းများက ၎င်းတို့၏ ထင်မြင်ယူဆချက်များကို မျှဝေရန် brainstorm session များကို ထည့်သွင်းထားပါသည်။ ဝန်ထမ်းများက ရေရှည်တည်တံ့ခိုင်မြဲမှုအကြောင်းနှင့် အဆိုပါ ရေရှည်တည်တံ့ခိုင်မြဲမှုဆိုင်ရာ ရည်မှန်းချက်များတွင် ၎င်းတို့ပါဝင်လှုပ်ရှားဆောင်ရွက်ခြင်း အကြောင်းကို ပွင့်လင်းစွာဆွေးနွေးခွင့်ရခြင်း အတွေ့အကြုံနှင့်စပ်လျဉ်း၍ ထိုသို့ရေရှည်တည်တံ့ ခိုင်မြဲမှုကို ဖော်ဆောင်ရန်အတွက် ကျွန်တော်တို့၏ စီးပွားရေး မဟာဗျူဟာနှင့် ကုမ္ပဏီထုံးတမ်း အစဉ်အလာတွင် ဝန်ထမ်းများနှင့် ရင်းနှီးပွင့်လင်းစွာဆက်ဆံရေး၏ အရေးပါမှုမှာ ပိုမိုသိသာထင်ရှား လာပါသည်။


ကျွန်တော်တို့အနေဖြင့် ကျွန်တော်တို့၏ ဝန်ထမ်းများနှင့် ပိုမိုထိတွေ့ဆက်ဆံနိုင်ရန် ဤရေရှည် တည်တံ့ခိုင်မြဲမှုဆိုင်ရာ သင်တန်းများကို ဆက်လက်ပြုလုပ်သွာနိုင်ရန် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ပါသည်။