ဒီဟက်(စ်)မြန်မာဝန်ထမ်းများအတွက်မျက်စိကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှုများပေးအပ်ခြင်း။

02 ဩဂုတ် 2022
-
3 minutes

Vision (အမြင်အာရုံ) သည် ကျွန်တော်တို့၏ဘဝ၊ မိသားစု၊ လုပ်ငန်းတို့တွင် အချိတ်အဆက်ပြု၍ လည်ပတ်ရန် ထောက်ပံ့ပေးပြီး လူတိုင်းအတွက် ထိပ်တန်းကျန်းမာရေးဆိုင်ရာ အလေးထားစရာကိစ္စများထဲမှတစ်ခုဖြစ်သည်။

De Heus Myanmar Limited ရှိ ကျွန်တော်တို့၏ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအတွက် စိတ်ရောကိုယ်ပါ ကျန်းမာခြင်း မှာ အရေးပါကြောင်း ကျွန်တော်တို့က ယုံကြည်သည့်အလျောက် ကျွန်တော်တို့၏ နှစ်စဉ် Eye Care Program မှတဆင့် ထိုတန်ဖိုးထားမှု များကို လက်တွေ့အကောင်အထည် ဖော်ဆောင်လာစေရန် ကျွန်တော်တို့က ဦးစားပေးလုပ်ငန်းတစ်ခုအဖြစ် ဆောင်ရွက်လျက် ရှိပါသည်။

နှစ်စဉ် မျက်စိကုသစောင့်ရှောက် မှုအစီအစဉ်အား

မြန်မာနိုင်ငံ၏ ဒေသနှစ်ခုရှိ ဒေသခံပြည်သူများ၊ ဝန်ထမ်းများနှင့် ယင်းတို့၏မိသားစုများအတွက် မျက်စိကုသ စောင့်ရှောက်ခြင်းကို အခမဲ့ဝန်ဆောင်မှုပေးရန် ကျွန်တော်တို့ ဒီဟက်စ်မြန်မာလီမိတက် (De Heus Myanmar Limited) က နှစ်စဉ် “Eye Care Program” ကို ၂၀၁၇ ခုနှစ်၌ စတင်ဆောင်ရွက်ခဲ့ ပါသည်။ ထိုအချိန်မှစ၍ ကျွန်တော်တို့က လူပေါင်း ၄၀၀ ကျော်အတွက် အခမဲ့ မျက်စိစစ်ဆေးခြင်း၊ ၁၉ ဦး အတွက် မျက်မှန်များ ပြုလုပ်ပေးခြင်းနှင့် ၈၁ ဦး အတွက် မျက်လုံးခွဲစိတ်မှုများကို လည်း ဝန်ဆောင်မှု ပေးခဲ့ပါသည်။

 

၂၀၂၁ ခုနှစ်၊ သီးသန့်ရွေးချယ် မျက်စိကုသမှုအစီအစဉ်

မြန်မာနိုင်ငံတွင် ၅နှစ်ကြာ အောင်မြင်လျက်ရှိသော ကုမ္ပဏီတစ်ခုအနေဖြင့် ကျွန်တော်တို့၏ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများထံမှ ရရှိသည့်အခွင့်အရေးကောင်းများစွာအတွက် ကျွန်တော်တို့က အထူးကျေးဇူးတင်ရှိ ပါသည်။ နှစ်စဉ် Eye Care Program သည် ကျွန်တော်တို့၏ စဉ်ဆက်မပြတ်ဖြစ်သော ရေရှည် မဟာဗျူဟာဖြစ်သည့် Responsible Feeding Programme ရှိ Fostering Communities မဏ္ဍိုင်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် သက်ရောက်မှုရှိသော အပိုင်းအစများထဲမှ တစ်ခု ဖြစ်သည်။

၂၀၂၁ ခုနှစ်တွင် အခက်အခဲများစွာရှိခဲ့သော်လည်း ကျွန်တော်တို့က ဝန်ထမ်းများ၏ ကျန်းမာရေးအတွက် ဆက်လက်ပံ့ပိုးကူညီပေးနိုင်ရန် မျှော်လင့်ပါသည်။ ကျွန်တော်တို့က ဤအစီအစဉ်ကို အထူးမျက်စိကုသ စောင့်ရှောက်မှု လိုအပ်သူများအတွက် ရည်ရွယ်ပြီး အထူးကြပ်မတ် ကုသမှုများ ဆောင်ရွက်ခဲ့ပါသည်။ မျက်ခွံအပြည့်အစုံ မပိတ်ခြင်းကြောင့် မျက်လုံးနာကျင်မှု ခံစားနေရသည့် ကျွန်တော်တို့၏ ဝန်ထမ်းတစ်ဦး ဖြစ်သော Production Technical Specialist ကို အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့ပါသည်။ အလားတူ အာရုံကြော ပျက်စီးမှုကြောင့် အမြင်အာရုံချို့တဲ့နေသည့် Warehouse Keeper တစ်ဦးကိုလည်း ကျွန်တော်တို့ က ရေရှည်အတွက် ဘဝနေထိုင်မှုပုံစံအလေ့အထများကို အပြုသဘောဆောင်သော ပြောင်းလဲမှုများဖြစ်စေရန် အထူးကြပ်မတ်ဆေးဝါးကုသမှုနှင့် ဆွေးနွေးတိုင်ပင်မှုများ ဆောင်ရွက်ခဲ့ပါသည်။