ဘဲဥ ဥနှုန်းတိုးစေဖို့ဘယ်လိုလုပ်ဆောင်သင့်သလဲ...?

01 ဇန်နဝါရီ 2024
-
10 Mins

a grey duck in stable on the grass

ဘဲဥ ဥနှုန်းတိုးစေဖို့ လိုက်နာဆောင်ရွက်သင့်သည့်အချက်များ။

ဥစားဘဲမွေးမြူသူတွေအနေနဲ့ ဘဲဥဥနှုန်းတွေတက်ဖို့ဆိုရင် မွေးမြူထားတဲ့ ဘဲတွေရဲ့  ကျန်းမာရေးနဲ့ ပတ်သက်ပြီး စနစ်တကျသိရှိထားဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် မိမိမွေးမြူထားတဲ့ ဘဲတွေ ကျန်းမာရေး ကောင်းနေတာလား ၊ မကောင်းနေတာလား သိမှ ဘယ်လိုအခြေအနေမျိုးမှာ ဆေးကုသရမယ်၊ ဘယ်လိုတွေ ကြိုတင်ကာကွယ်ရမယ် ဆိုတာကို သိရှိထားမှသာ မဖြစ်ခင်တည်းက ကြိုတင်ကာကွယ်နိုင်မှာ ဖြစ်ပါသည်။ ဒါကြောင့် ကျွန်တော်တို့ ဒီဟက်စ်မြန်မာရဲ့ မွေးမြူရေး ကျွမ်းကျင်ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး ဥစားဘဲ မွေးမြူရေးသမားတွေ ဗဟုသုတ ရစေဖို့အတွက် အောက်ပါ နည်းလမ်းတွေကို မျှဝေပေးလိုက်ရပါတယ်။  

လိုက်နာဆောင်ရွက်သင့်သည့်အချက်များ။

(၁) ဥနှုန်းတိုးဖို့ဆိုရင် မွေးမြူထားတဲ့ ဘဲတွေကို အရည်အသွေးမြင့်မြင့်နဲ့ ဖော်စပ်ထားတဲ့ အစားအစာတွေ စနစ်တကျ ကျွေးမွေးဖို့ လိုအပ်ပါတယ်။

(၂) မိမိ၏ဥစားဘဲတွေ အစာကျွေးချိန်နှင့် ဥကောက်ချိန်တို့ကို နေ့ရက်တိုင်းမှာ အချိန်တသမတ်တည်းထားပြီး လုပ်ဆောင်ပေးရပါမည်။

(၃) မွေးမြူထားတဲ့ ဘဲတွေအတွက် ဘေးဥပါတ်ဒဏ်ဖြစ်စေနိုင်တဲ့ အရာတွေကို လျှော့ချနိုင်ဖို့ ဒါမှမဟုတ် ကာကွယ်တားဆီးဖို့အတွက် ကြိုးစားရပါမယ်။ ဥဥနေတဲ့ဘဲတစ်ကောင်အတွက် ဥများများထွက်ဖို့ဆိုရင် ဘေးဥပါဒ်ဒဏ် ကင်းဝေးခြင်းက အကောင်းမွန်ဆုံးပါပဲ။ (မှတ်ချက်။ ။ ဘေးဥပါဒ်ဒဏ်ဆိုရာတွင် ဘဲများအတွက် အစာကျွေးချိန်မမှန်ခြင်း၊ သောက်ရေပြတ်လက်နေခြင်း နှင့် ခြံသန့်ရှင်းမှုမရှိခြင်း စသည့်ဖြင့် ပေါ့လျော့မှုများကိုဆိုလိုသည်။)

(၅) ယခုလို ဆောင်းရာသီ အချိန်အခါဆိုရင် နေ့တစ်နေ့တာက တိုတောင်းပါတယ်။ ဒါကြောင့် မိမိခြံထဲက  ဘဲတွေအတွက် နေ့တစ်နေ့တာကို ကြာရှည်သည့်ပုံစံ ဖြစ်အောင် အလင်းရောင်ထားပေးမှသာ ဘဲများ၏ဥထွက်နှုန်းကို မြင့်စေမှာ ဖြစ်ပါတယ်။

အရည်အသွေးမြင့်တဲ့ အစာတွေအတွက်ဆိုရင် ကျွန်တော်တို့ ဒီဟက်စ်မှာ ၇၇၇၀နှင့် ၈၀၆၅ ဆိုတဲ့ ဥစားဘဲအစာတွေက ဘဲတွေအတွက် အာဟာရပြည့်ဝစွာ ပါဝင်တာကြောင့် ဥဥနှုန်းကို ပိုမိုကောင်းမွန်စေပြီး အရည်အသွေး ကောင်းမွန်တဲ့ ဘဲဥတွေကို ရရှိစေနိုင်ပါတယ်။

ဥနှုန်းတက်ဖို့ဆိုရင် ဘဲတွေကျန်းမာရပါမယ်။  

ဘဲဥဥနှုန်းကောင်းဖို့ဆိုရင် ဘဲတွေရဲ့ ကျန်းမာရေးကလည်း အရေးကြီးတဲ့ အခန်းကဏ္ဋတစ်ခုအဖြစ် ပါဝင်လာပါပြီ။ ဒါကြောင့် ကျွန်တော်တို့ ဒီဟက်စ်မြန်မာမှ သင်တို့ခြံထဲက ဘဲတွေ ကျန်းမာရေးကောင်းမွန်တယ် (သို့) မကောင်းမွန်ဘူးဆိုတာ ဘယ်လို သိနိုင်မလဲဆိုတာကို ဆက်လက်ပြီး ဖော်ပြပေးသွားပါရစေ။

ပထမဆုံးအနေနဲ့ မွေးမြူရေးသမားတွေအတွက်  မိမိတို့ခြံထဲကဘဲတွေ ကျန်းမားရေး ကောင်းမွန်နေသည့်အခါ ပြသတတ်သည့် လက္ခဏာတွေကတော့ 

(၁) ကိုယ်ဟန်အနေအထား ကောင်းမွန်ခြင်း။
(၂) ဘဲတွေအနေနဲ့ မှိုင်တွေမနေပဲ လှုပ်လှုပ်းရှားရှားရှိနေခြင်း။
(၃) သန့်ရှင်းကျန်းမာပြီး အရောင်အသွေးစုံလင်ခြင်း။
(၄) ခန္ဓာကိုယ်နှင့် အရိုးငြမ်းများကို စနစ်တကျဖွဲ့စည်းထားခြင်း။
(၅) ကောင်းကောင်းမွန်မွန် လမ်းလျှောက်သွားလာနိုင်ခြင်း။
(၆) အစာစားနှုန်းနှင့် ရေသောက်နှုန်းကောင်းမွန်ခြင်း။
(၇) ကြည်လင်တောက်ပသော မျက်လုံးများရှိခြင်း တို့ပဲဖြစ်ပါတယ်။


ဘေးဥပါဒ်ဒဏ်ရရှိသည့်အခါ (သို့မဟုတ်) ကျန်းမာရေး မကောင်းမွန်သည့်အခါ ပြသတတ်သည့် အစောပိုင်း လက္ခဏာများကတော့ ‌အောက်ပါအတိုင်းပဲဖြစ်ပါတယ်။  
(၁) ဦးခေါင်းကို ခန္ဓာကိုယ်အတွင်းပိုင်းသို့ သိုဝှက်ထားတတ်ခြင်း
(၂) ဘဲများမှာ မှိုင်တွေပြီး လှုပ်ရှားမှုနည်းသွားခြင်း
(၃) အစားအသောက်ပိုင်းတွင် ပြောင်းလဲလာခြင်း (အစာစားနှုန်းကျလာခြင်း)
(၄) မူမမှန်သော အပြုအမူများ ဆောင်ရွက်လာခြင်း
(၅) ဘဲများတွင် ဝမ်းပျက်၊ ဝမ်းလျှောခြင်းများ ဖြစ်လာခြင်း
(၆) ဘဲများအနေနဲ့ လမ်းလျှောက်ခြင်းနှင့် လှုပ်ရှားမှုများ ပြုလုပ်ရာတွင် နှေးကွေးထုံထိုင်းလာခြင်း
(၇) မျက်ခွံလျှော၍ မျက်ရည်ပူများကျခြင်းနှင့်
(၈) ဘဲများ၏ ကိုယ်အလေးချိန် လျော့ကျသွားခြင်းတို့ပဲ ဖြစ်ပါတယ်။ 


အထက်ပါ အခြေအနေများမှ ကြိုတင်ကာကွယ်နိုင်တဲ့ အထွေထွေနည်းလမ်းများလည်း ရှိပါသည်။
ဘယ်လိုမျိုး ကြိုတင်ကာကွယ်ရမလဲဆိုတာ အောက်မှာဆက်လက်ဖတ်ရှုပေးသွားပါ။

(၁) မျိုးကောင်းမျိုးသန့် ဘဲမျိုးစိတ်များကို ရွေးချယ်မွေးမြူခြင်း။
(၂) ဘဲတွေကို သန့်ရှင်းစွာနဲ့ စနစ်တကျမွေးမြူပါ။
(၃) အစာ၊ ရေနှင့် ကြမ်းခင်းနေရာ စသည်တို့ကို လုံလောက်စွာကျွေးမွေးပါ။
(၄) ကြွက်နှင့် တောငှက်များ စသည့်အရိုင်းတိရိစ္ဆာန်များကို ဘဲခြံထဲသို့ မ၀င်ရောက်နိုင်ရန် အထူးတားမြစ်သင့်သည်။
(၅) ကာကွယ်ဆေးထိုးခြင်းကို အချိန်ဇယားအတိုင်း ပုံမှန်ထိုးပေးရပါမယ်။.
(၆) သေဆုံးသွားသည့် အကောင်များကို စနစ်တကျ စွန့်ပစ်ရပါမည်။
(၇) ဘဲခြံတစ်ခုစီ၏ အဝင်ဝတွင် ပိုးသတ်ဆေးကန်ထားပေးခြင်းဖြင့် ခြံသို့ဝင်ရောက်မည့်သူ၏ ခြေထောက်တို့ကို စနစ်တကျ ပိုးသတ်သန့်စင်ပေးရပါမည်။
(၈) မွေးမြူထားသည့် ဘဲတွေကို ဘေးဥပါဒ်ဒဏ်မှ တတ်နိုင်သမျှ ကာကွယ်ပေးရမည်။
(၉) သန့်ရှင်းသည့် သောက်ရေရရှိ‌အောင် သေချာစွာ လုပ်ဆောင်ပေးရမည်။
(၁၀) သင့်လျော်သော စပါးခွံအခင်း (သို့) လွှစာတို့ကို ခြောက်သွေ့အောင်ထားခြင်းတို့ ဖြစ်ပါတယ်။

အခုလိုစနစ်တကျနဲ့မွေးမြူသွားမယ်ဆိုရင်တော့ မိမိခြံရဲ့ ဘဲဥဥနှုန်းက အခြားခြံတွေနဲ့မတူပဲ ဥထွက်နှုန်းကောင်းလာမှာအသေအချာပါပဲ။ 

ကျွန်ုပ်တို့သင့်ကိုကူညီနိုင်ပါတယ်။

မွေးမြူရေးဆိုင်ရာအခြားသောဗဟုသုတများကိုလည်းဖတ်ရှုချင်ပါသလား...?