မွေးဖွားခြင်းဖြစ်စဉ်

21 ဖေဖော်ဝါရီ 2022
-
3 Mins

မွေးဖွားခြင်းဖြစ်စဉ်

ဝက်မကြီးသည် ဂဏာမငြိမ်မှုများ လျှော့နည်းလာပြီး တဖြည်းဖြည်းငြိမ်သက်လာပါလိမ့်မည်။ထို့နောက် သူမသည် ဘေးသို့စောင်းအိပ်သည့်အနေအထားဖြင့် အညစ်စသင်ပါသည်။ပထမဦးစွာ ရေများကျဆင်းလာပြီး အညစ်ကြေးများစတင်တွေ့ရတတ်ပါသည်။အညစ်အကြေးများတွေ့ပြီး မိနစ်၃ဝ-၄၅ လောက်တွင် ပထမကလေးအား စတင်၍မွေးဖွားပါသည်။တစ်ကောင်နှင့်တစ်ကောင်ကြားမွေးဖွားချိန်သည် ပျမ်းမျှအားဖြင့် ၁ဝ-၂ဝ မိနစ်နီးပါးကြာတတ်ပါသည်။

ခေါင်းမှလည်းမွေးဖွားသလိုခြေဖြင့်လည်းမွေးဖွားလေ့ရှိကြပါသည်။

ဝက်ကလေးများသည် ခေါင်းမှလည်းမွေးဖွားသလို ခြေဖြင့်လည်းမွေးဖွားလေ့ရှိပါသည်။မွေးဖွားလာသော ဝက်ငယ်လေးအား နှာခေါင်းနှင့်ပါးစပ်အတွင်းရှိအညစ်အကြေးများ ပထမဦးစွာ သန့်ရှင်းပေးပြီးနောက် ခန္ဓာကိုယ်ပေါ်ရှိ အညစ်အကြေးများလည်းသန့်ရှင်းပေးသင့်ပါသည်။ ဤကဲ့သို့သန့်ရှင်းပေးခြင်းဖြင့် ဝက်ငယ်ကိုယ်ခန္ဓာခြောက်သွေ့ပြီး အေးတုန်မှုများလျှော့ချနိုင်ပါသည်။ချက်ကြိုးကို သ

ဘာဝအတိုင်းခြောက်၍ကြွေသွားသည် အထိထားလို့ရပါသည်။သို့သော် ချက်ကြိုးမှသွေးထွက်ပါ ၎င်းချက်ကြိုးဖြင့် ချည်ခြင်း(သို့မဟုတ်) အခြားပိုးသတ်ထားသည့်ကြိုးနှင့်ချည်ခြင်းများပြုလုပ်ရပါမည်။ တစ်ခါတစ်ရံ အသက်ငွေ့ငွေ့သာပါသေ ဝက်ကလေးများအား ပါးစပ်နှင့်တေ့၍လေမှုတ်ပေးသင့်ပါသည်။ထို့အပြင် ဝမ်းဗိုက်ပိုင်းကိုလည်းအသာတကြည်ရိုက်ပေးသင့်ပါသည်။

 

Oxytocin ထိုးနှံပေးခြင်း။

မွေးဖွားနေစဥ်အတွင်း မွေးပြီးဝက်ကလေးများအား နို့တိုက်ပေးခြင်းသည် မွေးဖွားရပို၍ လွယ်ကူစေနိုင်သလို မွေးချိန်လည်းတိုတောင်းစေပါသည်။၄၅ -၆၀ မိနစ်ကြာသည်အထိနောက်ထပ် ဝက်ကလေးထပ်မမွေးပါက Oxytocin (0.5ml) အား တန်ဆာဘေးနားသို့ ထိုးနှံပေးလို့ရပါသည်။

သတိပြု သင့်သည်မှာ Oxytocin အားပထမလေးမမွေးမှီထိုးနှံခြင်းလုံးဝမပြုလုပ်သင့်ပါ။ ထို့အပြင် ပမဏအများကြီးလည်းမထိုးနှံသင့်ပါ။အဘယ်ကြောင့်ဆိုသော် သားအိမ် ကွဲသွားတတ်ပါသည်။ ဝက်မကြီးသားမွေးခန်းသည် ငြိမ်သက်တိတ်ဆက်မှုမရှိပါက ဝက်မကြီးစိတ်အနှောက်အယှက်ရသဖြင့် မွေးဖွားချိန်ကြာမြင့်တတ်ပါသည်။ ထို့အပြင် ဝက်အသေ၊အခြောက်များ မွေးလမ်းကြောင်းတွင်ခံနေပါကလည်းကြာမြင့်တတ်ပါသည်။ဝက်ကလေးပုံမှန်ထက် ကြီး နေပါကလည်းမွေးချိန်ကြာနိုင်ပါသည်။သားအိမ်အတွင်း ဝက်ကလေးအနေအထား မမှန်လျင်လည်းမွေးချိန်ကြာမြင့်နိုင်ပါသည်။ဝက်မကြီးသည် ပုံမှန်ထက်ပို၍ ပိန်နေခြင်း(သို့မဟုတ်)ဝနေခြင်းများဖြစ်နေပါက မွေးချိန်ကြာနိုင်ပါသည်။အကယ်၍ အရမ်းခက်ခဲလို့ လူအကူအညီဖြင့် မွေးမည်ဆိုပါက ဝက်မတန်ဆာ အနီးဝန်းကျင်အားဆပ်ပြာဖြင့်ဆေးကြောသင့်ပါသည်။နှိုက်မွေးမည့်လူသည် လက်မောင်းအရင်းအထိရှိသော လက်အိတ်ကို ဝတ်ဆင်သင့်ပါသည်။ထို့နောက် ချောဆီသုပ်လိမ်းပြီး ၄၅ ဒီဂရီ အပေါ်သို့​စောင်း၍မေွးလမ်း​ကြောင်းတိုင်းကလေးတွေ့သည်ထိ နှိုက်သင့်ပါသည်။ကလေးအားဖြေးဖြေးညင်သာစွာဆွဲထုတ်သင့်ပါသည်။

 

Antibiotic and Painkiller

ဝက်ကလေးအားလုံး မွေးဖွားပြီး ၁-၄ နာရီအတွင်းအချင်းကျသည်။လူအကူအညီဖြင့်မွေးဖွားပါက မဖြစ်မနေ Antibiotics(ပဋိဇီဝပိုးသတ်ဆေး) နှင့် Painkiller(အနာအကျင်သက်သာစေသောဆေး)များထိုးပေးသင့်ပါသည်။

အခြားသောဗဟုသုတများကိုလည်းဖတ်ရှုနိုင်ပါသည်။