နောင်လာမည့်အနာဂတ်မျိုးဆက်များအတွက်တာဝန်ယူပေးခြင်း။

29 မတ် 2022
-
5 minutes

နေ့စဉ်နှင့်အမျှတိုးပွားလျက်ရှိသောကမ္ဘာ့လူဦးရေများအတွက် သဘာဝပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်စေပြီး တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ရှိသည့်အစားအစာများကိုထောက်ပံ့ပေးနိုင်ရန်မှာတစ်ကိုယ့်ကိုကြီးမားသည့်စိန်ခေါ်မှုတစ်ရပ်ပင်ဖြစ်ပါသည်။ အဆိုပါစိန်ခေါ်မှုများကိုစုပေါင်းအဖြေရှာခြင်းဖြင့်သာကျွန်ုပ်တို့အနေဖြင့်ဖြေရှင်းနိုင်ပါလိမ့်မည်။

တိရစ္ဆာန်အစာအာဟာရများကိုထုတ်လုပ်လျက်ရှိသည့်မိသားစုပိုင်လုပ်ငန်းတစ်ခုအနေဖြင့် De Heus သညဘေးကင်းပြီးကျန်းမာရေးနှင့်ညီညွတ်သောအစားအစာများရေရှည်တည်တံ့စွာ ထုတ်လုပ်နိုင်ရေးအတွကကြီးမားသောပံ့ပိုးကူညီမှုများကိုလည်းပြုလုပ်ပေးလျက်ရှိနေပါသည်။  
De Heus သည်တစ်ကမ္ဘာလုံးတွင်လျင်မြန်စွာတိုးတက်လာလျက်ရှိသည်နှင့်အမျှ တာဝန်ယူမှုတာဝန်ခံမှုများသည်လည်းကြီးမားလာလျက်ရှိနေသည်ကိုသတိပြုမှုပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည်ကျွန်ုပ်တို့၏ဖောက်သည်များလုပ်ဖော်ကိုင်ဖက်များဒေသခံအသိုင်းအဝိုင်းများနှင့်သဘာဝပတ်ဝန်းကျင်အတွက်တန်ဖိုးများဖန်တီးရနဖြေရှင်းချက်များအားဖော်ထုတ်ရာတွင်တက်ကြွစွာပါဝင်ဆောင်ရွက်ပေးနေပါသည်။ 

ကုမ္ပဏီ၏မဟာဗျူဟာမြောက်အစီအစဉ်များတွင်ရေရှည်တည်တံ့သည့်အစာထုတ်လုပ်ခြင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်များကိုထည့်သွင်းဖော်ဆောင်ခြင်း။

ကျွန်ုပ်တို့အနေဖြင့်လွန်ခဲ့သည့် (၂) နှစ်အတွင်း အစားအစာထုတ်လုပ်ခြင်းဆိုင်ရာအဆင့်များတွင်ရေရှည်တည်တံ့ခိုင်မြဲသည့်ဖွံ့ဖြိုးတိုးတက်မှုများဖြစ်စေရန်အတွက် သိသာထင်ရှားသည့်ခြေလှမ်းများကိုလည်းဆက်တိုက်လုပ်ဆောင်လျက်ရှိပါသည်။ 

အရေးကြီးသောအခိုက်အတန့်မှာ (၂ဝ၂ဝ) ခုနှစ်တွင် ကျွန်ုပ်တို့၏ကမ္ဘာလုံးဆိုင်ရာရေရှည်တည်တံ့ခိုင်မြဲမှုပရိုဂရမ်ဖြစ်သော "တာဝန်ယူမှုအပြည့်ရှိသောအစားအစာများထောက်ပံ့ခြင်း" အစီအစဉ်ကိုစတင်မိတ်ဆက်နိုင်ခဲ့ခြင်းပင်ဖြစ်သည်။ အဆိုပါအစီအစဉ်၏အဓိကရည်ရွယ်ချက်ကတော့ De Heus တည်ရှိရာကမ္ဘာ့နိုင်ငံအသီးသီးတွင် ယင်းနိုင်ငံများ၏ ဒေသတွင်းဈေးကွက်များနှင့်လူမှုအသိုင်းအဝိုင်းများတွင်ပိုမိုမြင့်မားကောင်းမွန်သည့် တန်ဖိုးနှင့်အကျိုးသက်ရောက်မှုများကိုဖန်တီးထူထောင်နိုင်စေရန်ဖြစ်သည်။ 

"တာဝန်ယူမှုအပြည့်ရှိသောအစားအစာများထောက်ပံ့ခြင်း" အစီအစဉ်သည် De Heus ၏ လုပ်ငန်းဆောင်တာများနှင့်ကျွန်ုပ်တို့လုပ်ဆောင်နေသည့် အစားအစာထုတ်လုပ်ရေးကွင်းဆက်များတွင်ကျွန်ုပ်တို့၏ရပ်တည်ချက်ကိုလွှမ်းခြုံထားသည့် မဏ္ဍိုင်လေးခုအားမီးမောင်းထိုးပြလျက်ရှိပါသည်။ ၎င်းမဏ္ဍိုင်လေးခုမှာ (၁) အစာကောင်းများကိုထုတ်လုပ်ပေးခြင်း။ (၂) ရေရှည်တည်တံ့မှုရှိစေမည့်ထောက်ပံ့ရေးကွင်းဆက်။ (၃) ဝန်ထမ်းများအားပြုစုပျိုးထောင်ပေးခြင်း။ (၄) လူမှုအသိုင်းအဝန်းအားမြှင့်တင်ပေးခြင်းတို့ဖြစ်ကြပါသည်။ 

တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့်ရင်ဆိုင်ခဲ့ရသော ကိုဗစ် (၁၉) ကပ်ရောဂါဖြစ်ပွားနေသည့်အချိန်အကာလအတွင်းမှာပင် ကျွန်ုပ်တို့အနေဖြင့်အွန်လိုင်းအလုပ်ရုံဆွေးနွေးပွဲများကိုကျင်းပပြုလုပ်ကာ"တာဝန်ယူမှုအပြည့်ရှိသောအစားအစာများထောက်ပံ့ခြင်း" အစီအစဉ်ကိုနိုင်ငံအသီးသီးရှိ De Heus လုပ်ငန်းခွင်များတွင်စတင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပါသည်။ 

အဆိုပါအစီအစဉ်နှင့်ပတ်သတ်ပြီး ဝန်ထမ်းများနှင့်ဆက်စပ်လျက်ရှိသောလူမှုအသိုက်အဝန်းများထံမှစိတ်အားထက်သန်သည့် တုံ့ပြန်မှုများကိုပြန်လည်ရရှိခဲ့သည့်အပြင်ရေရှည်တည်တံ့မှု၏အဓိပ္ပာယ်ကိုတစ်ကမ္ဘာလုံးအတိုင်းအတာအားဖြင့်ပြောကြားပေးနိုင်ခဲ့ပါသည်။ ကမ္ဘာ့နိုင်ငံအသီးသီးရှိ De Heus လုပ်ငန်းခွင်များက Royal De Heus ၏ ရွေ့လျားနေသည့် ဦးတည်ရာကိုပုံဖော်ရန်အတွက်ကမ္ဘာလုံးဆိုင်ရာရည်မှန်းချက်များကိုဖော်ပြနိုင်စေခဲ့ကြပါသည်။ 

 ဤအရှိန်အဟုန်သည် (၂ဝ၂၁) ခုနှစ် မတ်လတွင် Royal De Heus ၏ပထမဆုံးကမ္ဘာလုံးဆိုင်ရာရေရှည်တည်တံ့မှုထိပ်သီးအစည်းအဝေးကိုဖြစ်စေခဲ့သည်။ ဤလေးရက်ကြာ virtual ထိပ်သီးအစည်းအဝေးသည် မွေးမြူရေးလုပ်ငန်းနှင့်ပတ်သက်သည့် အပြင်းထန်ဆုံးရေရှည်တည်တံ့ခိုင်မြဲမှုဆိုင်ရာ စိန်ခေါ်မှုလေးခုအကြောင်း အုပ်စုမှလုပ်ဖော်ကိုင်ဖက်များနှင့် ဒေသတွင်းစီးပွားရေးယူနစ်များအကြား ပွင့်လင်းစွာဆွေးနွေးမှုကို အထောက်အကူဖြစ်စေခဲ့သည်။ ၎င်းတို့မှာ (၁) ပဋိဇီဝဆေးများ လျှော့ချရေး၊ (၂) ပဲပိစပ်များကိုရေရှည်ထုတ်လုပ်သွားနိုင်စေရန်ဂရုပြုဆောင်ရွက်ခြင်း၊ (၃) ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လုပ်မှုလျှော့ချခြင်း၊ (၄) ဒေသခံတောင်သူများ ၎င်းတို့၏လုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်အောင်ကူညီရန်ကျွန်ုပ်တို့၏ကြိုးပမ်းပေးခြင်းစသည်တို့ဖြစ်ကြပါသည်။ 

လုပ်ဖော်ကိုင်ဖက်များသည်ဒေသတွင်းအမြင်များကိုဖလှယ်ခဲ့ကြပြီးဦးစားပေးမှုများချမှတ်ကာ အဆိုပါစိန်ခေါ်မှုများကို ပေါင်းချဉ်းကပ်ရန် ခွင့်အလမ်းများကိုဖော်ထုတ်ခဲ့ကြပါသည်။ Royal De Heus CEO များဖြစ်ကြသော Co နှင့် Koen De Heus တို့နှင့်အတူကျွန်ုပ်တို့သည် Global Green Goals လေးခုကိုချမှတ်နိုင်ခဲ့ပါသည်။ ယခုလောလောဆယ်တွင် အစားအစာထုတ်လုပ်ခြင်းဆိုင်ရာလုပ်ငန်းတွင်ရင်ဆိုင်ရလျက်ရှိသည့် အကြီးမားဆုံးရေရှည်တည်တံ့မှုဆိုင်ရာစိန်ခေါ်မှုများအတွက်ကျွန်ုပ်တို့၏အဖြေများကိုသတ်မှတ်နိုင်ခဲ့ကြပါသည်။ 

ကျွန်ုပ်တို့၏ကမ္ဘာလုံးဆိုင်ရာရေရှည်တည်တံ့မှုဆိုင်ရာအကြောင်းအရာများအားပိုမိုလေ့လာမည်။

ကျွန်ုပ်တို့၏တာဝန်ယူမှုအပြည့်ရှိသောအစားအစာထောက်ပံ့ခြင်းအစီအစဉ်အားရှာဖွေမည်။

အားလုံးပါဝင်ဆောင်ရွက်နိုင်ပြီး အကျိုးဖြစ်ထွန်းမှုများရရှိစေနိုင်မည့်ဖြေရှင်းချက်များ။ 

ကျွန်ုပ်တို့၏သဘာဝပတ်ဝန်းကျင်ကိုထိခိုက်မှုမရှိစေဘဲအစားအစာများကိုထောက်ပံ့ပေးနိုင်စေမည့်မူဝါဒများကိုဆက်လက်အကောင်အထည်ဖော်ဆောင်နိုင်စေရန်အတွက် (၂ဝ၂၂) ခုနှစ်တွင် ကျွန်ုပ်တို့၏အဖွဲ့အစည်းတစ်ခုလုံးကိုအခြေခံမှစတင်ပြီးတိုင်းတာမှုများပြုလုပ်သွားမှာလည်းဖြစ်ပါသည်။  

အဖွဲ့အစည်းတစ်ခုလုံး၏ကတိကဝတ်များနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့၏စွမ်းဆောင်ရည်နှင့်တိုးတက်မှုကို ခြေရာခံမည်ဖြစ်သောကြောင့် တိကျသေချာသည့်ပစ်မှတ်များကိုရွေးချယ်သတ်မှတ်လုပ်ဆောင်သွားပါမည်။ 

တစ်ချိန်တည်းတွင်ပင် ကျွန်ုပ်တို့၏အဖွဲ့အစည်းအပြင်ဖက်မှ ဖွံ့ဖြိုတိုးတက်မှုများကလည်းကျွန်ုပ်တို့ကိုပိုမိုကြိုးစားဆောင်ရွက်အောင်တိုက်တွန်းပေးလျက်ရှိနေပါသည်။ ကျွန်ုပ်တို့နှင့်လက်တွဲလုပ်ကိုင်လျက်ရှိသောမိတ်ဖက်များအနေဖြင့်လည်း ကျွန်ုပ်တို့၏လုပ်ငန်းခွင်ဆိုင်ရာကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လုပ်မှုသဘာဝပတ်ဝန်းကျင်နှင့်လူမှုရေးဆိုင်ရာတာဝန်ယူမှုများကိုလည်း ပိုမိုသိရှိလေ့လာနိုင်စေမှာဖြစ်ပါသည်။ ဒါ့ကြောင့် ဥရောပယူနီယံမှ သတ်မှတ်ထားသည့်ရေရှည်တည်တံ့ခိုင်မြဲမှုဆိုင်ရာညွန်ကြားချက်များတွင်လည်း ၂ဝ၂၃ ခုနှစ်တွင် စတင်ပြီးအသက်ဝင်လာမှာဖြစ်ပါသည်။ 
 
စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုသည် အစားအသောက်ထုတ်လုပ်ရေးကွင်းဆက်တစ်လျှောက် ပါဝင်လုပ်ကိုင်နေကြသူများအား ချိတ်ဆက်ပေးနိုင်သည့်ဘုံပါဝင်သောလမ်းကြောင်းတစ်ခုဖြစ်စေပါသည်။ ဆိုလိုသည်မှာ လူသားများကမ္ဘာမြေကြီးနှင့် ကုန်ကျစရိတ်များအကြားအပေးအယူပြုလုပ်ခြင်းကိုဆိုလိုခြင်းဖြစ်ပါသည်။ ရေရှည်တည်တံ့ခိုင်မြဲသည့်အစားအစာထုတ်လုပ်ခြင်းလုပ်ငန်းစဉ်တစ်ခုကိုဖော်ဆောင်ရာတွင်လုပ်ကိုင်ရသည့်လုပ်ငန်းစဉ်များသည် အခြားသောကမ္ဘာတစ်ဖက်ခြမ်းမှာတော့အဆင်မပြေနိုင်သည့်အခြေအနေမျိုးဖြစ်ကောင်းဖြစ်နိုင်မှာပါ။ ယခုကဲ့သို့သောအစီအစဉ်များကိုအကောင်အထည်ဖော်ရာတွင် အခြားသောကုမ္ပဏီများမိတ်ဖက်စီးပွားလုပ်ကိုင်သူများနှင့်ပူးပေါင်းဆောင်ရွက်ခြင်းမှသည် ပိုမိုကောင်းမွန်သောတွန်းအားများကိုရရှိစေပြီး အားလုံးပါဝင်နိုင်သည့်ဖြေရှင်းနည်းများကိုပိုမိုသေချာစွာဖော်ဆောင်နိုင်စေပါသည်။ အထူးအားဖြင့် စိုက်ပျိုးရေးလုပ်ငန်းရှင်များမှသည်မွေးမြူရေးလုပ်ငန်းရှင်များအပါအဝင်အစာထုတ်လုပ်သည့်နိုင်ငံများမှအစာဝယ်ယူသုံးစွဲရသည့်နိုင်ငံများအထိကိုရည်ရွယ်ထားခြင်းဖြစ်ပါသည်။ 

ကမ္ဘာ့ကုလသမဂ္ဂမှချမှတ်ထားသည့် စဉ်ဆက်မမြတ်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များနှင့်အညီကျွန်ုပ်တို့၏ကမ္ဘာလုံးဆိုင်ရာရည်မှန်းချက်များကိုဖော်ဆောင်လျက်ရှိနေပြီး (၂ဝ၃ဝ) ခုနှစ်အရောက်တွင်အဆိုပါရည်မှန်းချက်များကိုအကောင်အထည်ဖောက်ဆောင်ရွက်ပြီးဖြစ်နေမည်ဟုယုံကြည်မျှော်လင့်ထားပါသည်။ 

ပဋိဇီဝဆေးများအသုံးပြုမှုကိုလျှော့ချခြင်း။

ပိုးသတ်ခြင်းဒဏ်ခံနိုင်စွမ်းမှာ မကြာသေးမီနှစ်များအတွင်း သိသိသာသာ တိုးပွားလာပါသည်။ ကမ္ဘာ ့ကျန်းမာရေးအဖွဲ့အရ ဤတိုးပွားမှုအတွက် အဓိကလုပ်ဆောင်မှုများထဲကတစ်ခုမှာ လူသားများတိရစ္ဆာန်များနှင့် အပင်များတွင် ပဋိဇီဝဆေးများအား တလွဲအသုံးပြုမှုနှင့် အလွန်အကျွံအသုံးပြုမှုဟူဖြစ်သည်။ ထို့ကြောင့် တိရစ္ဆာန်ဆိုင်ရာ ပရိုတင်းကွင်းဆက်တွင် ၎င်းပဋိဇီဝဆေးများကို ပိုမိုချင့်ချင့်ချိန်ချိန် သုံးစွဲရန်နည်းလမ်းကို ကျင့်သုံးခြင်းက အလွန်အရေးကြီးပါသည်။ 

  • (၂ဝ၃ဝ) ခုနှစ်တွင်၊ Royal De HEus သည် မွေးမြူရေးခြံရှိတိရစ္ဆာန်ကျန်းမာရေးကို တိုးတက်ကောင်းမွန်လာစေရန်နှင့် ပဋိဇီဝဆေးများကိုပိုမိုသတိရှိစွာအသုံးပြုခြင်းအတွက် မိတ်ဖက်ကုမ္ပဏီများဖြင့်လက်တွဲကာ ဦးဆောင်လမ်းပြအဖြစ်လုပ်ကိုင်ဆောင်ရွက်သွားမှာဖြစ်ပါသည်။ 
  • (၂ဝ၃ဝ) ခုနှစ်တွင် မိမိတို့အနေဖြင့် တိရစ္ဆာန်အစာများတွင် ပဋိဇီဝဆေးများသုံးစွဲပြီး ကြီးထွားနှုန်းများကိုမြှင့်တင်ပေးသည့်အခြေအနေများမရှိလာစေရန်ကြိုးစားလုပ်ဆောင်သွားမှာဖြစ်ပြီးလူများတွင်သုံးစွဲလေ့ရှိသည့်ပဋိဇီဝဆေးများကိုလည်းမွေးမြူထားသောတိရစ္ဆာန်များအားဆေးဝါးကုသရာတွင်လုံးဝသုံးစွဲသွားမည်မဟုတ်ပါ။ 

ဒေသခံမွေးမြူရေးသမားများ၏လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် ကူညီပေးခြင်း။

အမှီအခိုကင်းသော မွေးမြူရေးလုပ်ငန်းရှင်များသည်ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးတွင် အရေးပါသောအခန်းကဏ္ဍမှပါဝင်နေပြီး အထူးသဖြင့်စိုက်ပျိုးရေးကဏ္ဍတွင်အရေးပါလှသော ဖွံ့ဖြိုးဆဲနိုင်ငံများတွင်ဖြစ်သည်။  ၎င်းတို့၏စွန့်ဦးတီထွင်မှုနှင့်ကျွမ်းကျင်ပိုင်နိုင်မှုကို ပံ့ပိုးပေးခြင်းသည်အစာထုတ်လုပ်မှုကွင်းဆက်အတွင်း၎င်းတို့၏တည်ရှိနေမှုကိုလည်းပိုမိုအားကောင်းစေပါသည်။ ထိုမှတစ်ဆင့်ဒေသတွင်း အစာကုန်ကြမ်းထုတ်လုပ်သူများကိုအားပေးရာရောက်ပြီးဘေးထွက်ဆိုးကျိုးကင်းစင်သောတိရစ္ဆာန်အစာကုန်ကြမ်းများကိုရရှိစေမှာလည်းဖြစ်ပါသည်။  

  • (၂ဝ၃ဝ) ပြည့်နှစ်အရောက်တွင် ကျွန်ုပ်တို့ Royal De Heus သည် မွေးမြူရေးလုပ်ငန်ရှင်များသာမက၊ မွေးမြူရေးခြံလုပ်သား (၁ဝဝဝဝဝ) ကို ပဋိဇီဝဆေးသုံးစွဲမှုလျှော့ချရေး၊ တိရစ္ဆာန်များရေရှည်ရှင်သန်ရပ်တည်နိုင်ရေး၊ ဇီဝလုံခြုံရေးနှင့်ကမ္ဘာလုံးဆိုင်ရာ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုလျှော့ချရေးတို့ကို လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်သည်။ 

သဘာဝပတ်ဝန်းကျင်နှင့်ကိုက်ညီပြီးရေရှည်တည်တံ့စွာရရှိနိုင်စေမည့် ကုန်ကြမ်းများသုံးစွဲမှုကိုမြှင့်တင်ခြင်း။

တကမ္ဘာနှင့်အဝှမ်းတွင်တိရစ္ဆာန်များအတွက်အာဟာရလိုအပ်ချက်များဆက်လက်တိုးပွားလာသည်နှင့်အမျှကျွန်ုပ်တို့၏အစာထုတ်လုပ်ခြင်းဆိုင်ရာလုပ်ငန်းစဉ်များသည်ထိခိုက်လွယ်သည့်ဂေဟစနစ်များကိုကာကွယ်ရန်၊ ရာသီဥတုနှင့်သဘာဝပတ်ဝန်းကျင်အားထိခိုက်မှုများမှအတတ်နိုင်ဆုံးလျှော့ချရန်ကြိုးစားလုပ်ဆောင်သွားမည်ဖြစ်ပါသည်။ 

အစာထုတ်လုပ်မှုကွင်းဆက်တစ်လျှောက်လုံးတွင်ကုန်ကြမ်းပေးသွင်းသူများအားပိုမိုတည်တံ့ပြီးရေရှည်လုပ်ဆောင်နိုင်စေမည့်အမူအကျင့်ကောင်းများကိုအသုံးပြုလာစေရန်အတွက်လည်းအားပေးတိုက်တွန်းပေးသွားပါမည်။ 

၂ဝ၂၅ ခုနှစ်မှာတော့ ကျွန်တော်တို့ဒီဟက်(စ်)တည်ရှိရာနိုင်ငံတိုင်းတွင်အောက်ဖော်ပြပါလုပ်ဆောင်မှုများကိုလုပ်ဆောင်နေမည်ပဲဖြစ်ပါသည်။  

  •  (Fefac Soy) အရင်းအမြစ်လမ်းညွှန်ချက်များနှင့်အညီစိုက်ပျိုးထားသောအသိအမှတ်ပြုပဲပိစပ်များကိုသာအသုံးပြုပါမည်။ 
  • (RSPO သို့မဟုတ်သစ်တောပြုန်းတီးမှုမူဆိုရာမူဝါဒများ) ကိုလိုက်နာပြီးအသိအမှတ်ပြုစိုက်ပျိုးထားသောလက်မှတ်ရဆီအုန်းများကိုသာသုံးစွဲသွားမည်ဖြစ်ပါသည်။  
  • အသိအမှတ်ပြုလက်မှတ်ရရှိထားသောဆီထွက်ပစ္စည်းများနှင့်ငါးမှုန့်များကို သက်ဆိုင်ရာဈေးကွက်များအတွင်းရေရှည်ရရှိနိုင်စေမည့်နည်းလမ်းများအသုံးပြုလုပ်ဆောင်နေသည့်ပစ္စည်းပေးသွင်းသူများထံမှသာရယူသုံးစွဲသွားမည်ဖြစ်ပါသည်။ 

ကာဗွန်ထုတ်လွှတ်မှု လျှော့ချနိုင်စွမ်း

ရာသီဥတုပြောင်းလဲမှုသည်နိုင်ငံနယ်နမိတ်များကိုကျော်လွန်ကာယခုဆိုလျှင်တစ်ကမ္ဘာလုံးနှင့်သက်ဆိုင်သည့်စိန်ခေါ်မှုတစ်ခုဖြစ်လာနေပါသည်။  ကမ္ဘာလုံးဆိုင်ရာ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု၏ ၁၄.၅ ရာခိုင်နှုန်းသည် မွေးမြူရေးဆိုင်ရာထုတ်လုပ်မှုများမှထွက်ရှိလာခြင်းဖြစ်သည်။ နေရာတစ်နေရာမှုထုတ်လွှတ်လိုက်သော ဖန်လုံအိမ်ဓာတ်ငွေ့သည်အခြားသောနေရာများတွင်မှာပါဆိုးကျိုးများဖြစ်ပေါ်စေနိုင်ပါသည်။ ထို့ကြောင့်အစာထုတ်လုပ်မှုဆိုင်ရာကွင်းဆက်တစ်လျှောက်ကုန်ကြမ်းအဆင့်မှကုန်ချောထွက်ရှိလာသည့်အဆင့်တိုင်းတွင်တစ်ဦးနှင့်တစ်ဦးပွင့်လင်းမြင်သာသောအချက်အလက်များကိုပေးကာ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချရန်အတွက်အတူတကွလုပ်ဆောင်ရန် မျှော်လင့်ထားပါသည်။ 

 

  • ၂ဝ၂၂ ခုနှစ်တွင်ကျွန်ုပ်တို့ ဒီဟက်(စ်)အနေဖြင့် ကာဗွန်ထုတ်လွှတ်ခြင်းဆိုင်ရာများကိုတွက်ချက်ခြင်း၊ ပုံဖော်ခြင်းနှင့်ရည်မှန်းချက်ပန်းတိုင်များကိုချမှတ်နိုင်မည်ဖြစ်ပါသည်။ 
  • ၂ဝ၂၃ ခုနှစ်တွင်ဒီဟက်(စ်)တည်ရှိရာနိုင်ငံများအားလုံးတွင်ယခင်ထွက်ရှိခဲ့သောကာဗွန်ထုတ်လုပ်မှုများနှင့်ယခုနှစ်တွင်ထုတ်လွှတ်နေသောကာဗွန်ထုတ်လွှတ်မှုများကိုနှိုင်းယှဉ်လေ့လာသွားမည်ဖြစ်ပါသည်။ 
  • ၂ဝ၂၃ ခုနှစ်တွင်ကျွန်ုပ်တို့၏ဖောက်သည်များအား၎င်းတို့၏မွေးမြူရေးခြံတွင်ကာဗွန်ထုတ်လွှတ်မှုလျှော့ချနိုင်စေမည့်နည်းလမ်းများအတွက်အကြံဉာဏ်ကောင်းများကိုပေးအပ်သွားမှာဖြစ်ပါသည်။ တိုင်းတာခြင်းမှရရှိလာသည့်ရလဒ်များအပေါ်အခြေခံ၍ ကျွန်ုပ်တို့၏ပန်းတိုင်များကို ပုံဖော်ကာကာဗွန်ထုတ်လွှတ်မှုလျှော့ချရန်အတွက်အဖြေများကို ရှာဖွေသွားပါမည်။