ပင်မစာမျက်နှာ / တရိစ္ဆာန်အစာများ / ကြက်စာ ၊ ဘဲစာ နှင့် ငုံးစာများ / ဥစားကြက်စာများ

ဥစားကြက်စာများ

ဥစားကြက်များအတွက် အစာများ

ဥကြက်မများအတွက် ဥဥနေစဉ်ကာလသည်လွန်စွာအရေးကြီးသောအချိန်ဖြစ်ပြီး ၎င်းတို့၏အစာအာဟာရလိုအပ်ချက်နှင့်အညီလိုက်လျောညီထွေဖြစ်စေရန်အစာကျွေးပေးနိုင်ဖို့ကအဓိကကျသောအဆင့်လည်းပဲဖြစ်ပါသည်။ ဥဥနေစဉ်ကာလအပိုင်းအခြားအလိုက် အသင့်တော်ဆုံးနှင့်အကောင်းဆုံးဖြစ်စေမည့် အစာများကို De Hues Myanmar မှထုတ်လုပ်ပေးလျက်ရှိနေတာလည်းဖြစ်ပါသည်။
ဥစားကြက်မွေးမြူသူခြံပိုင်ရှင်များစိတ်ကြိုက်ဖြစ်စေပြီး အကျိုးအမြတ်များစွာရရှိနိုင်စေရန်ရည်ရွယ်ပြီး De Heus မှအစာပုံစံနှင့်ကုန်ကြမ်းများကို အသေးစိတ်အာရုံစိုက်ပြီးရွေးချယ်ပြုလုပ်ပေးထားပါသည်။

ကျွနုပ်တို့၏ရည်မှန်းချက်များ

ဥစားကြက်မွေးမြူသူများအတွက် အကျိုးအမြတ်အများဆုံးရရှိနိုင်စေရန်ရည်ရွယ်ပြီးအောက်ပါအချက်များကိုပြုလုပ်ပေးလျက်ရှိနေပါသည်။

  • ဥနှုန်းများကောင်းစေခြင်း
  • ဥခွံအရည်အသွေးကောင်းမွန်စေခြင်း
  • ကြက်ဥအနှစ်အရောင်အထူးကောင်းမွန်စေခြင်း
  • ကြက်ဥအရွယ်အစားကြီးမားစေခြင်း
  • ကြက်ဥဥနှုန်းနှင့်အစားစားနှုန်းလိုက်ဖက်မှုရှိစေခြင်း စတဲ့အကျိုးကျေးဇူးများရရှိစေရန်ပြုလုပ်ပေးထားလျက်ရှိပါသည်။                                                 

    ကျွန်တော်တို့သည် ကြက်မျိုးများကိုအဓိကထောက်ပံ့ပေးလျက်ရှိနေသော ကုမ္ပဏီကြီးများနှင့်အမြဲထိစပ်လျက်ရှိပြီး ကျွန်ုပ်တို့၏အစာသတ်မှတ်ချက်များအတွက်အစဉ်အမြဲလေ့လာဆန်းစစ်မှုများပြုလုပ်ပေးလျက်ရှိနေတာလည်ဖြစ်ပါတယ်။ သုတေသနပေါင်းများစွာကိုလည်းနေ့စဉ်ပြလုပ်လျက်ရှိပြီး အစာကုန်ကြမ်းများ၏အဓိကလိုအပ်ချက်များကိုလေ့လာလျက်ရှိနေပါသည်။

မတူညီသောအစာပုံစံအမျိုးအစားများ

ကျွနုပ်တို့အနေဖြင့် ဥစားကြက်မများ ၊ ကြက်မဒန်းများ အတွက်အသင့်ကျွေးအစာများထုတ်လုပ်ပေးလျက်ရှိတဲ့အပြင် ပြောင်း ၊ ဖွဲ ၊ ဆန်ကွဲ စသောကုန်ကြမ်းပစ္စည်းများကို အလွယ်တကူရရှိနိုင်သောနေရာဒေသများအတွက် ရောစပ်စာများကိုလည်းထုတ်လုပ်ပေးလျက်ရှိနေပါသည်။