ဝက်မွေးမြူရေးအစာများ

ဝက်ငယ်များ၊ အသားတိုးဝက်များနှင့်မျိုးဝက်မများအတွက်

ကျန်းမာသောဝက်များနှင့်အတူထုတ်ကုန်စွမ်းအားတိုးတက်စေရန်ကူညီပေးခြင်း

ဝက်မွေးမြူသူတစ်ဦးအနေဖြင့်သင်သည်အကောင်းဆုံးနည်းပညာနှင့်စီးပွားရေးရလဒ်များရရှိရန်အာရုံစိုက်ဖို့လိုအပ်လှပါသည်။ အစာကျွေးခြင်းနည်းစနစ်၊ ခြံတည်ဆောက်ခြင်းနည်းစနစ်နှင့်သင့်တိရစ္ဆာန်များ၏ရည်ရှည်ရှင်သန်ရပ်တည်နိုင်ခြင်းတွက်ဂရုစိုက်လုပ်ဆောင်ခြင်းများသည် အထက်ပါရလဒ်များရရှိစေရန်အတွက်အထောက်အကူဖြစ်စေပါသည်။ ကျွန်ုပ်တို့၏နည်းပညာဆိုင်ရာစောင့်ရှောက်မှုများ၊ ခြံအရောက်ဝန်ဆောင်မှုများနှင့်ခေတ်မီအစာကျွေးနည်းစနစ်များဖြင့်သင့်အားကူညီပံ့ပိုးပေးပါမည်။ ဒါမှသာအကောင်းဆုံးသော ရှင်သန်နှုန်း၊ အရွယ်ညီညာနှုန်းနှင့်အခြားသောနည်းပညာဆိုင်ရာအကျိုးရလဒ်တွေကိုရရှိနိုင်မှာဖြစ်ပါသည်။


အမျိုးအစားစုံလင်လှသောဝက်စာများ

ဝက်ငယ်စာ၊ ဝက်လတ်စာ၊ ဝက်ကြီးစာ၊ မျိုးဝက်စာအစရှိသဖြင့်အမျိုးမျိုးသောဝက်စာများကိုကျွန်တော်တို့ကူညီထောက်ပံ့ပေးနိုင်ပါသည်။

ဝက်မွေးမြူရေးဆိုင်ရာသုတေသနများ

သင့်မွေးမြူရေးခြံတွင် အကောင်းဆုံးရလဒ်များရရှိစေရန်တွက် ကျွန်ုပ်တို့၏ခြံအရောက်ဝန်ဆောင်မှုနှင့် ဝက်မွေးမြူသူတစ်ဦးချင်းစီအတွက်ပြီးပြည့်စုံသောအစာကွင်းဆက်ပံ့ပိုးမှု
အတွက်ကျွန်ုပ်တို့၏ဝန်ဆောင်မှုများနှင့်အစာကျွေးခြင်းဆိုင်ရာဖြေရှင်းချက်များကို မြှင့်တင်ရန်နေ့စဉ်နေ့တိုင်းကြိုးစားပေးလျက်ရှိပါသည်။

ကျွန်ုပ်တို့၏ကမ္ဘာတစ်ဝှမ်းအတွေ့အကြုံများကိုအသုံးချလျက် လက်တွေ့ကျ၍နေရာဒေသနှင့်ကိုက်ညီမည့်ဝက်မွေးမြူရေးဆိုင်ရာဖြေရှင်းနည်းများကိုမြန်မာ့ဝက်မွေးမြူရေးလုပ်ငန်းရှင်များအတွက်ပံ့ပိုးပေးလျက်လည်းရှိပါသည်။

ဒါ့အပြင်ဥရောပနှင့်အာရှမှ ကျွန်ုပ်တို့၏ကိုယ်ပိုင် "သုတေသနနှင့်ဖွံ့ဖြိုးမှုတိုးတက်မှု" အဆောက်အဦများတွင်လည်း မတူညီသောအခြေအနေအမျိုးမျိုးတွင် မျိုးစိတ်အမျိုမျိုးအတွက်အကျိုးရှိစေမည့် သုတေသနအစီအစဉ်များကိုလည်း မြန်မာ့မွေးမြူရေးလုပ်ငန်းရှင်များအတွက် နေ့စဉ်နှင့်အမျှတိုးတက်အောင်လုပ်ဆောင်ကြိုးစားပေးလျက်ရှိနေပါသည်။

မွေးမြူထားသောတိရစ္ဆာန်များအတွက်ကျန်းမာရေး၊ အရွယ်ညီညာမှုနှင့်ထုတ်လုပ်မှုတိုးတက်စေဖို့ကသင့်အတွက်ရည်မှန်းချက်ပန်းတိုင်ဖြစ်သလို ကျွန်တော်တို့အတွက်အခြေခံကျတဲ့စတင်မှုလည်းပဲဖြစ်ပါသည်။

ဝက်မွေးမြူရေးဆိုင်ရာအသိပညာများ

ကျွန်ုပ်တို့၏ရင့်ကျက်သောဝက်မွေးမြူရေးဆိုင်ရာ အသိပညာများကသင့်မွေးမြူရေးခြံကိုတိုးတက်အောင်မြင်စေနိုင်ပါသည်။

ဒီဟက်(စ်)မွေးမြူရေးအစာများကိုသုံးစွဲခြင်းဖြင့် ကျွန်ုပ်တို့၏ကိုယ်ပိုင်စမ်းသပ်ခြံများ၊ သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပစ္စည်းများနှင့်အခြားသောမိတ်ဖက်များထံမှ ရရှိထားသောအဆိုပါအတွေ့အကြုံများနှင့်တွေ့ရှိမှုအသစ်များကိုလည်းသင်ရရှိနိုင်ပါသည်။ အဆိုပါအတွေ့အကြုံနှင့်တွေ့ရှိမှုများကိုအသုံးချပြီး ကျွန်ုပ်တို့၏မွေးမြူရေးပညာရှင်များ၊ ကိရိယာများနှင့် ကျွန်ုပ်တို့၏တိရစ္ဆာန်အစာအာဟာရပိုင်းဆိုင်ရာဖြေရှင်းချက်များမှတစ်ဆင့်လက်တွေ့ကျသောနည်းလမ်းများအဖြစ်သင့်ထံသို့ယူဆောင်လာပေးနိုင်ပါလိမ့်မည်။


PRRS ဝက်နားရွက်ပြာရောဂါဆိုတာဘာလဲ

"ဝက်နားရွက်ပြာရောဂါဆိုတာဘာလဲ၊ ဘယ်လိုကာကွယ်ရမလဲ" ဆိုတာဖော်ပြထားတဲ့ စာတမ်းငယ်လေးတစ်ခုကို အောက်ပါအချက်အလက်များဖြည့်စွက်ပြီးဒေါင်းလုပ်ခ်ပြုလုပ်ပြီးရယူနိုင်ပါတယ်။

ဝက်နားရွက်ပြာရောဂါ "PRRS"

ဒီဟက်(စ်)၏ထူးခြားချက် (သို့) သင့်ခြံအရောက်ဝန်ဆောင်မှုများ

ကျွန်ုပ်တို့သည် မွေးမြူရေးလုပ်ငန်းရှင်များအတွက်တန်ဖိုးရှိစေမည့် အကြံဉာဏ်များနှင့်အထောက်အပံ့များကို တစ်ကမ္ဘာလုံးရှိထောင်ပေါင်းများစွာသောမွေးမြူရေးသမားများနှင့်လက်တွဲကာဖြန့်ဝေပေးလျက်ရှိပါသည်။

ပိုမိုသိရှိလိုပါသလား?

ကမ္ဘာတစ်ဝှမ်းရှိမွေးမြူရေးသမားများအားကူညီထောက်ပံ့ပေးခြင်း

ကမ္ဘာတစ်ဝှမ်းရှိမွေးမြူရေးသမားများသည် ကျွန်ုပ်တို့၏အာဟာရဆိုင်ရာအသိပညာနှင့် ကုန်ကြမ်းများကိုကောင်းစွာသိရှိနားလည်မှုများမှတစ်ဆင့်အကျိုးကျေးဇူးများကိုရရှိနိုင်ကြပါသည်။ မွေးမြူရေးလုပ်ငန်းရှင်များအတွက်အသင့်တော်ဆုံးဖြစ်စေမည့် ဒီဟက်(စ်)အစာများသည်သင်၏လက်တစ်ကမ်းမှာပဲရှိနေပါသည်။

ကျွန်ုပ်တို့အားယခုပဲဆက်သွယ်လိုက်ပါ။