ပင်မစာမျက်နှာ / ကျွနု်ပ်တို့၏အကြောင်း / ကျွနု်ပ်တို့၏ အဓိကမဏ္ဍိုင်များ

ကျွနု်ပ်တို့၏ အဓိကမဏ္ဍိုင်များ

မွေးမြူရေးလုပ်ငန်းရှင်များအတွက် ကျွနု်ပ်တို့၏ အဓိကမဏ္ဍိုင်ကြီး (၅) ရပ်ကို De Heus Myanmar ltd အနေဖြင့် အမြဲတမ်းဦးထိပ်ပန်ဆင်လျက်ရှိပါသည်။ အဲ့ဒီအဓိကမဏ္ဍိုင်ကြီး (၅) ရပ်ကြောင့်လည်း အခုလိုအောင်မြင်မှုတွေကို စဉ်ဆက်မပြတ်ရရှိနေတာလည်းပဲဖြစ်ပါသည်။
ကျွနု်ပ်တို့၏ကျွမ်းကျင်ပညာရှင်များအနေဖြင့် အဆိုပါမဏ္ဍိုင်ကြီး (၅) ရပ်ကိုလက်ကိုင်ပြုပြီး မြန်မာနိုင်ငံ၏မွေးမြူရေးလုပ်ငန်းရှင်များအတွက် မွေးမြူရေးအစာများကို ထောက်ပံ့ဖြန့်ဖြူးပေးသွားမှာပဲဖြစ်ပါသည်။

ပြိုင်ဖက်ကင်းအရည်အသွေး

အကောင်းဆုံးသောအရည်အသွေးဟာ ကျွန်တော်တို့ရဲ့အဓိကအားသာချက်လည်းပဲဖြစ်ပါသည်။
နှစ်ပေါင်း (၁ဝဝ) ကျော်တိုင်အောင်မွေးမြူရေးအစာထုတ်လုပ်ခြင်းလုပ်ငန်းစဉ်များကိုပြုလုပ်လျက်ရှိနေပြီး ၊ ကုန်ကြမ်းနှင့်အစာအရည်အသွေးဆိုင်ရာ တိကျသောစစ်ဆေးမှုများ၊ စံနှုန်းများကိုတင်းကျပ်စွာပြုလုပ်ထားတာကြောင့် ကျွနု်ပ်တို့၏အစာအရည်အသွေးသည် ထူးခြားကောင်းမွန်ပြီး မြန်မာနိုင်ငံရသြီဥတုနှင့်လည်းကိုက်ညီမှုရှိတာကြောင့် မြန်မာနိုင်ငံရှိမွေးမြူရေးလုပ်ငန်းရှင်များအတွက် အထူးပဲသင့်တော်လှပါသည်။

စွမ်းဆောင်ရည်မြင့်မားသည့်မွေးမြူရေးအစာများ

အကောင်းဆုံးသောအကျိုးအမြတ်များကိုလိုချင်ကြတဲ့မွေးမြူရေးသမားများအတွက် ရည်ရွယ်ကာ ကျွနု်ပ်တို့၏မွေးမြူရေးအစာများကို ထုတ်လုပ်ပေးထားပါသည်။ဒါ့အပြင် မြန်မာနိုင်ငံ၏မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးချင်းစီရဲ့လိုအပ်ချက်များကိုစဉ်ဆက်မပြတ်လေ့လာမှုများပြုလုပ်ကာ ခြံပိုင်ရှင်တစ်ဦးချင်းစီနှင့်ကိုက်ညီမှုရှိစေမည့် အစာအမျိုးအစားများကိုလည်းထုတ်လုပ်ပေးလျက်ရှိသောကြောင့် ခြံပိုင်ရှင်များအတွက် အကောင်းဆုံးသောအကျိုးရလဒ်များကိုဖြစ်ထွန်းစေနိုင်ပါသည်။

လွတ်လပ်စွာစီးပွားလုပ်ကိုင်ခြင်း

အခြားသော Company များနှင့်မတူဘဲ Royal De Heus သည်မွေးမြူရေးလုပ်ငန်းရှင်များနှင့်ဈေးကွက်ထဲတွင် ယှဉ်ပြိုင်ရောင်းချခြင်းမပြုလုပ်ပါ။မွေးမြူရေးအစာရောင်းချခြင်းတစ်မျိုးတည်းကိုသာပြုလုပ်ပါသည်။ အစာရောင်းချခြင်းနည်းတူ မွေးမြူရေးလုပ်ငန်းရှင်တွေအတွက် အကောင်းဆုံးသော အကြံဉာဏ်များနှင့် နည်းပညာထောက်ပံ့မှုများကိုပွင့်ပွင့်လင်းလင်းတိုင်ပင်ဆွေးနွေးအဖြေရှာပေးနေမှာလည်းဖြစ်ပါသည်။

စဉ်ဆက်မပြတ်ကြိုးစားနေခြင်း

Royal De Heus ဟာနေ့စဉ်နှင့်အမျှ အစဉ်အမြဲတိုးတက်ဖို့အတွက်ကြိုးစားနေပါသည်။
ဒါဟာ ကျွနု်ပ်တို့၏ခံယူချက်လည်းဖြစ်သလို Royal De Heus ၏ထင်ရှားသောထူးခြားချက်လည်းဖြစ်ပါသည်။

လမ်းသစ်တီထွင်ကာစီးပွားရေးပြုလုပ်ခြင်း

ကျွနု်ပ်တို့ Royal De Heus အနေဖြင့် မျိုးဆက်ပေါင်း (၄) ခုတိုင်အောင် မိသားစုပိုင်စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ်လုပ်ကိုင်လျက်ရှိနေပြီး စွန့်စားဆောင်ရွက်ဖို့လည်းအမြဲအဆင်သင့်ဖြစ်နေပါမည်။
မြန်မာနိုင်ငံရှိ မွးမြူရေးလုပ်ငန်းရှင်များ၏ အဓိကလိုအပ်ချက်များကို ကောင်းစွာသိမြင်ခဲ့ပြီးဖြစ်တာကြောင့် ၎င်းတို့၏လိုအပ်ချက်နှင့်အကိုက်ညီဆုံးဖြစ်စေအောင်လည်း ထောက်ပံ့ပေးနိုင်ပါသည်။
ဒါကြောင့်မွေးမြူရေးလုပ်ငန်းရှင်များကို ကူညီပြီး ကျွန်တော်တို့နှင့်လက်တွဲကာ အကျိုးအမြတ်များစွာရရှိနိုင်စေမည့် မွေးမြူရေးလုပ်ငန်းများကို စွန့်စားလုပ်ကိုင်ဖို့ ဆုံးဖြတ်ထားပြီးပဲဖြစ်ပါသည်။