ပင်မစာမျက်နှာ / ကျွနု်ပ်တို့၏အကြောင်း / ကျွနု်ပ်တို့၏လူမှုပတ်ဝန်းကျင်ဆိုင်ရာတာဝန်ယူမှုများ

ကျွနု်ပ်တို့၏လူမှုပတ်ဝန်းကျင်ဆိုင်ရာတာဝန်ယူမှုများ

ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးအတွက် ကျွနု်ပ်တို့၏ကမ္ဘာကြီးဟာ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းစဉ်တွေမှာကြီးမားသော မှီခိုမှုတွေကိုပြုလုပ်နေရတာပဲဖြစ်ပါသည်။အစားအစာဖူလုံရေးအတွက်လိုအပ်ချက်တွေဟာ သိသာစွာပဲတိုးတက်မြင့်မားလာလျက်ရှိသလို ယင်းလိုအပ်ချက်များကိုထောက်ပံ့ပေးစေဖို့အတွက် စဉ်ဆက်မပြတ်တိုးတက်ဖွံ့ဖြိုးဖို့လုပ်ငန်းစဉ်များဟာလည်းလိုအပ်လျက်ရှိလာနေပါသည်။

သဘာဝသယံဇာတများကိုသုံးစွဲသည့်နေရာတွင့်လည်း တစ်ကယ့်ကိုကျယ်ပြန့်စွာနဲ့အကျိုးကျိုးရှိရှိသုံးစွဲဖို့လိုအပ်သလို ကျွနု်ပ်တို့သုံးစွဲလိုက်တဲ့သယံဇာတတွေအတွက်လည်း တာဝန်ယူမှုတွေကိုသိရှိနားလည်စွာလိုက်နာရမှာလည်းဖြစ်ပါသည်။

Royal De Heus အနေဖြင့်တိရစ္ဆာန်အစာထုတ်လုပ်ဖြန့်ဖြူးပေးနေသည့် ကုမ္ပဏီတစ်ခုအနေဖြင့် ကျွနု်ပ်တို့ဖြင့်ဆက်နွယ်လျက်ရှိသောပတ်ဝန်းကျင်များကို အခြားသောကုမ္ပဏီများနှင့်မတူဘဲ တာဝန်ယူစိတ်အပြည့်ဖြင့် လုပ်ငန်းစဉ်များကိုပြုလုပ်ပေးနေမှာပဲဖြစ်ပါသည်။ ဒါကိုကျွန်တော်တို့အနေဖြင့် Corporate Social Responsibility (CSR) လို့ခေါ်ဆိုတာပဲဖြစ်ပါသည်။



မြန်မာနိုင်ငံအတွင်း မျက်စိဝေဒနာရှင်များအားအထောက်အပံ့များပေးခြင်း

မျက်စိဝေဒနာရှင်များနှင့်အမြင်အာရုံချို့တဲ့နေသူများအတွက် De Heus Myanmar Ltd မှ မျက်စိအခမဲ့စမ်းသပ်စစ်ဆေးပေးပြီး မျက်မှန်များနှင့်မျက်စဉ်းဆေးများထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို
Corporate Social Responsibility (CSR) Program တစ်ခုအနေဖြင့် မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်တွင်တည်ရှိသော De Heus Myanmar အစာတောင့်စက်ရုံတွင်ကျင်းပပြုလုပ်ခဲ့ပါသည်။မျက်စိဝေဒနာရှင်များနှင့်အမြင်အာရုံချို့တဲ့နေသူများအတွက် De Heus Myanmar Ltd မှ မျက်စိအခမဲ့စမ်းသပ်စစ်ဆေးပေးပြီး မျက်မှန်များနှင့်မျက်စဉ်းဆေးများထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို
Corporate Social Responsibility (CSR) Program တစ်ခုအနေဖြင့် မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်တွင်တည်ရှိသော De Heus Myanmar အစာတောင့်စက်ရုံတွင်ကျင်းပပြုလုပ်ခဲ့ပါသည်။

Corporate Social Responsibility in MDG Mill

စက်ရုံမှဝန်ထမ်းများကိုသာမက စက်ရုံအနီးအနားရှိကျေးရွာများမှ မျက်စိဝေဒနာရှင်များနှင့်မျက်စိရောဂါခံစားနေရသူများကိုပါအခမဲ့စမ်းသပ်စစ်ဆေးပေးခဲ့ပြီး ၊ မျက်မှန်များကိုပါအခမဲ့ထောက်ပံ့ပေးအပ်သွားခဲ့ပါသည်။

တာဝန်ယူမှုပြည့်ဝစွာဖြင့်အစာကျွေးခြင်း (ရေရှည်အစာကျွေးခြင်းလုပ်ငန်းစဉ်)

ကျွနု်ပ်တို့၏ CSR လုပ်ငန်းစဉ်များပေါ်တွင်အခြေခံပြီး ရေရှည်အစာကျွေးခြင်းလုပ်ငန်းစဉ်များကိုလည်း ပြုလုပ်လျက်ရှိပါသည်။ ယင်းကဲ့သို့သောလုပ်ငန်းစဉ်များမှ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုများနှင့် မွေးမြူရေးလုပ်ငန်းဆိုင်ရာ အသိပညာဗဟုသုတများကိုလည်းရရှိဖြန့်ဝေပေးနိုင်စေရန်လည်း ရည်ရွယ်ထားပါသည်။ သီးနှံကုန်ကြမ်းများကိုပြည့်ပြည့်ဝဝအကျိုးရှိရှိအသုံးချကာ အကောင်းဆုံးအစာမှအသားပြောင်းလဲနှုန်းကိုရရှိစေနိုင်ရန်လည်းနေ့စဉ်နေ့တိုင်းကြိုးစားလုပ်ဆောင်လျက်လည်းရှိနေပါသည်။
ကျွနု်ပ်တို့၏နှစ်ပေါင်းများစွာရရှိလာခဲ့သောမွေးမြူရေးဆိုင်ရာအတွေ့အကြုံနှင့်နည်းပညာများကို မြန်မာနိုင်ငံအတွင်းမှာရှိနေကြသောမွေးမြူရေးလုပ်ငန်းရှင်တိုင်းအတွက် လွတ်လပ်စွာမျှဝေပေးနေမှာလည်းဖြစ်ပါသည်။ ထိုနည်းလမ်းဖြင့် ကျွနု်ပ်တို့၏မွေးမြူရေးလုပ်ငန်းရှင်များကိုရေရှည်တိုးတက်အောင်မြင်စေမှာလည်းပဲဖြစ်ပါသည်။

ကျွနု်ပ်တို့နှင့်ဆက်နွယ်လျက်ရှိသောလူမှုပတ်ဝန်းကျင်အပေါ်ကူညီစောင့်ရှောက်မှုများ

ကျွနု်ပ်တို့၏ရည်မှန်းချက်သည် ကျွနု်ပ်တို့ဖြတ်သန်းလာခဲ့သောအချိန်များနှင့်ကိုက်ညီမှုရှိခဲ့ပေမယ့်လည်း ဒါဟာကျွနု်ပ်တို့အတွက်လုံလောက်မှုမရှိနိုင်သေးဘူးလို့ရှုမြင်ထားပါသည်။
Royal De Heus အနေဖြင့်အခြားသောယှဉ်ပြိုင်သူများနှင့်မတူညီတဲ့အားသာချက်တစ်ခုရှိနေပါသည်။ ၎င်းမှာ မိသားစုပိုင် ကုမ္ပဏီတစ်ခုဖြစ်ခြင်း၊ မိမိတို့လျှောက်လှမ်းရမည့်အနာဂတ်လမ်းကြောင်းများအတွက် ကိုယ်ပိုင်ဆုံးဖြတ်ချက်များချမှတ်နိုင်ခြင်းတို့ပဲဖြစ်ပါသည်။
တိရစ္ဆာန်အစာများထုတ်လုပ်ရာတွင် အကောင်းဆုံးအရည်အသွေးများရရှိနိုင်စေရန်အတွက် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ခြင်းလုပ်ငန်းစဉ်များကိုရွေးချယ်အသုံးပြုပြီးထုတ်လုပ်လျက်ရှိပါသည်။
Royal De Heus အနေဖြင့် တရိစ္ဆာန်အစာထုတ်လုပ်ခြင်းကိုသာလျင်မက လူသားများနှင့်လူမှုပတ်ဝန်းကျင်များပေါ်တွင်လည်း အကျိုးသက်ရောက်မှုများရှိနေသည်ဆိုသည့်အချက်ကိုကောင်းစွာသိမြင်ထားခဲ့ခြင်းကြောင့်ဖြစ်ပါသည်။
အခြားသောတိရစ္ဆာန်အစာထုတ်လုပ်သူများနှင့်မတူ ကျွန်တော်တို့ဟာမိမိုချမှတ်ထားသောရည်မှန်းချက်များကို ကိုယ်တိုင်အကောင်အထည်ဖော်နိုင်သူများအဖြစ် ရပ်တည်နိုင်ပါသည်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဟာမိသားစုပိုင် ကုမ္ပဏီဖြစ်နေရုံမျှမက အခြားသောရှယ်ယာရှင်များ၏ဆုံးဖြတ်ချက်များကိုစောင့်ဆိုင်းစရာမလိုဘဲ မိမိကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့်နည်းလမ်းများကိချမှတ်လုပ်ဆောင်နိုင်ခြင်းကြောင့်ပဲဖြစ်ပါသည်။

De Heus Myanmar Ltd is one of the leading Livestock and animal feeds company in Myanmar and probably the best animal feeds in Myanmar.