ပင်မစာမျက်နှာ / ကျွနု်ပ်တို့၏အကြောင်း / တိရစ္ဆာန်အစာအာဟာရ / အစာအာဟာရ

အစာအာဟာရ

ကျွနု်ပ်တို့ Royal De Heus အနေဖြင့် မွေးမြူရေးဆိုင်ရာအခန်းကဏ္ဍတွေမှာနှစ်မြုပ်လုပ်ကိုင်နေခဲ့သည်မှာမျိုးဆက် (၄) ခုတိုင်ခဲ့ပါပြီ။
မြန်မာနိုင်ငံ၏မွေးမြူရေးလုပ်ငန်းများမှာ အရှိန်အဟုန်ဖြင့်တိုးတက်လျက်ရှိပြီး မွေးမြူရေးလုပ်ငန်းရှင်များ၏လိုအပ်ချက်များမှာလည်းအချိန်နှင့်တစ်ပြေးညီပြောင်းလဲလျက်ရှိသည်ကိုလည်းတွေ့မြင်နေရပါသည်။ ထိုကဲ့သို့သောပြောင်းလဲမှုနှင့်လိုအပ်ချက်များကို Royal De Heus အနေဖြင့်သေချာစွာလေ့လာပြီး မွေးမြူရေးလုပ်ငန်းရှင်များအတွက် အခွင့်အရေးများဖြစ်လာအောင် လုပ်ဆောင်ပေးနေတာလည်းဖြစ်ပါသည်။ ဒါဟာကျွနု်ပ်တို့မြန်မာနိုင်ငံ၏မွေးမြူရေးလုပ်ငန်းရှင်များကိုမြေတောင်မြှောက်ပေးခြင်းဖြစ်သလို ၊ ကျွနု်ပ်တို့၏အဓိကရည်မှန်းချက်လည်းဖြစ်ပါသည်။

ကျွနု်ပ်တို့၏အဓိကလုပ်ငန်းစဉ်သည် တိရစ္ဆာန်များအတွက် အစာအာဟာရများထောက်ပံ့ပေးခြင်းပဲဖြစ်ပါသည်။

တိရစ္ဆာန်များအတွက် အစာအာဟာရပိုင်းဆိုင်ရာများသည် ကျွန်ုပ်တို့၏အကျွမ်းကျင်ဆုံးအပိုင်းဖြစ်ပြီး ၊ ကျွန်ုပ်တို့အဓိကထောက်ပံ့ပေးချင်သောအရာလည်းဖြစ်ပါသည်။ ထို့ကြောင့်လည်း သိပ္ပံနှင့်နည်းပညာ ဋ္ဌာနများနှင့်လက်တွဲချိတ်ဆက်ကာ ပူးပေါင်းဆောင်ရွက်နေသကဲ့သို့ ကိုယ်ပိုင်ဓာတ်ခွဲခန်းများနှင့် သုနေသန ဋ္ဌာနများကိုဖွင့်လှစ်ထားရှိကာ လေ့လာစမ်းသပ်မှုများကိုစဉ်ဆက်မပြတ်ပြုလုပ်လျက်ရှိနေပါသည်။
ယင်းကဲ့သို့သောလေ့လာဆန်းစစ်မှုများမှတစ်ဆင့် တိရစ္ဆာန်များ၏ကျန်းမာရေး ၊ အာဟာရပိုင်းဆိုင်ရာ နှင့်မွေးမြူရေးပိုင်းဆိုင်ရာလိုအပ်ချက်များကို ပိုမိုတိုးတက်စွာထောက်ပံ့ပေးရန်အတွက် ရည်ရွယ်ထားတာလည်းပဲဖြစ်ပါသည်။

ပြည့်စုံလောက်လောက်သော ဗဟုသုတများမှတစ်ဆင့် မြန်မာနိုင်ငံအတွက် သင့်တော်ကောင်းမွန်သည့်အစာအာဟာရများထုတ်လုပ်ပေးခြင်း။

မြန်မာနိုင်ငံ၏မွေးမြူရေးလုပ်ငန်းရှင်များအတွက် တစ်ကမ္ဘာလုံးဆိုင်ရာအတိုင်းအတာနှင့်လက်ခံထားရှိသောမွေးမြူရေးအသိပညာများကို လက်ဆင့်ကမ်းသယ်ဆောင်လာပြီး မြန်မာနိုင်ငံ၏မွေးမြူရေးလုပ်ငန်းပိုင်းဆိုင်ရာများတွင် တိုးတက်အောင်မြင်လာစေဖို့အတွက် Royal De Heus ကအပြည့်အဝလုပ်ဆောင်ပေးနိုင်ရန်ဆုံးဖြတ်ထားပြီးလည်းဖြစ်ပါသည်။
မြန်မာနိုင်ငံအတွက် အသင့်တော်ဆုံး နှင့် အမှန်ကန်ဆုံးဖြစ်စေမည့် ယင်းကဲ့သို့သော အသိပညာများ ၊ နည်းပညာအထောက်အပံ့များကိုနိုင်ငံအတွက်လိုအပ်ချက်နှင့်အညီ ထောက်ပံ့ပေးခြင်းက အရေးအကြီးဆုံးအစိတ်အပိုင်းတစ်ရပ်ဖြစ်တယ်ဆိုတာကိုလည်း Royal De Heus ကသိရှိခဲ့ပြီးဖြစ်ပါသည်။


Animal Nutrition is our core business

ကျွနု်ပ်တို့ ကုမ္ပဏီ၏ကိုယ်ပိုင်သီးခြားမျှော်မှန်းချက်နှင့်ရပ်တည်မှုများ

ကျွနု်ပ်တို့ Royal De Heus အနေဖြင့် တိရစ္ဆာန်အစာထုပ်လုပ်ရောင်းချပေးလျက်ရှိသော ကုမ္ပဏီတစ်ခုထက်ပိုမိုသောဝန်ဆောင်မှုများပေးလျက်ရှိနေပါသည်။
ကုမ္ပဏီတစ်ခုချင်းစီတိုင်းတွင် မတူညီသော ရည်မှန်းချက်နှင့်ရည်ရွယ်ချက်များကိုယ်စီရှိကြသလို ကျွနု်ပ်တို့ Royal De Heus တွင်လည်း တိကျသော ရည်မှန်းချက်နှင့်ရည်ရွယ်ချက်များထားရှိကာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိနေပါသည်။ နောက်ထပ်အချက်အနေဖြင့်လည်း အစာမှအသားပြောင်းလဲနှုန်း (FCR) အချိုးကိုလည်း မွေးမြူသူများအကြိုက်အကောင်းဆုံးဖြစ်စေရန်ဆောင်ရွက်ပေးလျက်ရှိနေတာပဲဖြစ်ပါသည်။
ထိုကဲ့သို့သော အကောင်းဆုံး အစာမှအသားပြောင်းလဲနှုန်းကိုရရှိစေနိုင်ရန်အတွက် မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးချင်းစီတိုင်းအတွက် အကောင်းဆုံးနှင့်အဆင်အပြေဆုံးဖြစ်စေမည့် အစာများကိုရွေးချယ်ထုပ်လုပ်ပေးခြင်း ၊ နည်းစနစ်မှန်ကန်စွာဖြင့်အစာကျွေးနည်း ၊ နည်းပညာပိုင်းဆိုင်ရာအထောက်အပံ့များ နှင့် မွေးမြူရေးဆိုင်ရာဗဟုသုတနှင့်အကြံဉာဏ်များကိုလည်း လွတ်လပ်စွာထောက်ပံ့ပေးနေတာလည်းပဲဖြစ်ပါသည်။

ယခုထက်ပိုမိုသောသတင်းအချက်အလက်များကိုရရှိစေရန်အတွက် အောက်ဖော်ပြပါလင့်ခ်များတွင်လည်းဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

www.deheus.com


De Heus Myanmar Ltd is one of the leading Livestock and animal feeds company in Myanmar and probably the best animal feeds in Myanmar.