ပင်မစာမျက်နှာ / ကျွနု်ပ်တို့၏အကြောင်း

ကျွနု်ပ်တို့၏အကြောင်း

ကျွနု်ပ်တို့အတွက်အလုပ်လုပ်ခြင်းဆိုသည်မှာ အခွင့်အလမ်းများကိုတွေ့မြင်ခြင်းနှင့်လက်တွေ့အသုံးချခြင်းပင်ဖြစ်ပါသည်။ ယင်းတို့အတွက် ကျွန်ပ်တို့၏ဖောက်သည်များနှင့်လက်တွဲပြီး ၎င်းတို့အတွက်အကောင်းဆုံးသောဗဟုသုတများထောက်ပံ့ပေးခြင်း ၊ နည်းပညာ်နှင့်အရည်အသွေးဆိုင်ရာထောက်ပံ့ပေးခြင်းများကိုဆောင်ရွက်ပေးလျက်ရှိပါသည်။ ဝယ်ယူသူဖောက်သည်များ၏လိုအပ်ချက်များကိုအမြဲစဉ်းစားပေးနေပြီးအကောင်းဆုံးကူ
ညီပေးနေဖို့လည်းအဆင်သင့်ဖြစ်လျက်ရှိပါသည်။
ယနေ့မျက်မှောက်ခေတ်ကာလတွင်လည်း ဝယ်ယူသူဖောက်သည်များအတွက်လိုအပ်ချက်များကို ပြည်တွင်း၌သာမက ပြည်ပတွင်ပါကူညီဆောင်ရွက်ပေးခြင်းမှတစ်ဆင့်လုပ်ငန်းပိုင်းဆိုင်ရာအောင်မြင်တိုးတက်မှုများဖြစ်ပေါ်လျက်ရှိနေသည်ကိုလည်းတွေ့မြင်လျက်ရှိနေပါသည်။ ကျွန်တို့ရဲ့ရှေ့ဆက်လျှောက်ရမည့်လမ်းအတွက် အမြဲတမ်းတက်ကြွလျက်ရှိနေပြီး၊ အမြဲတမ်းတိုးတက်ဖွံ့ဖြိုးဖို့အတွက်ကိုလည်း ရည်သန်လျက်ရှိပါသည်။ ကျေနပ်ရောင့်ရဲမှုဆိုတာ ကျွန်တော်တို့ကုမ္ပဏီမှာမရှိပါ။ ကျွန်တော်တို့၏ဝန်ထမ်းတစ်ယောက်ချင်းစီတိုင်းတွင်လည်း အဆိုပါစိတ်ဓါတ်မျိုးကိုတွေ့ရှိရမှာဖြစ်ပြီး ကျွန်ုပ်တို့၏ဆောင်ပုဒ်အတိုင်း တိုးတက်ဖြစ်ထွန်းမှုများကိုဆောင်ရွက်ပေးဖို့အမြဲတမ်းအသင့်ပါ။


လူကြီးမင်းတို့၏အကျိုးစီးပွားကိုတိုးတက်အောင်ပြုလုပ်ပေးဖို့ကကျွန်တော်တို့ရဲ့အဓိကတာဝန်ပါပဲ။

ကျွန်ုပ်တို့ Royal De Heus Co.,Ltd သည် နိုင်ငံတကာစံချိန်မှီ အရည်အသွေးမြင့်မားသော တိရစ္ဆာန်အစာများကိုထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိသော ကမ္ဘာ့အဆင့်မှီ Company တစ်ခုဖြစ်ပါသည်။
၁၉၁၁ ခုနှစ်မှစတင်တည်ထောင်ခဲ့သည့် Royal De Heus သည် ယခုအချိန်အခါမှာဆိုလျှင် ကမ္ဘာ့အဆင့်မှီ Company တစ်ခုဖြစ်ခဲ့ပြီး နယ်သာလန်နိုင်ငံတွင် အကြီးမားဆုံးသော Company များထဲမှတစ်ခုလည်းပဲဖြစ်ပါသည်။

ကျွနု်ပ်တို့ Royal De Heus အနေဖြင့်လျင်မြန်စွာကြီးထွားလာလျက်ရှိနေပြီး ဈေးကွက်လည်းပိုမိုခိုင်မာလာကာ နိုင်ငံပေါင်းများစွာသို့အောင်မြင်စွာဖြန့်ကျက်နိုင်ခဲ့ပါသည်။
၁၉၉ဝ ပြည့်နှစ်နောက်ပိုင်းဆီကစလို့ တစ်ဖြည်းဖြည်းနဲ့နိုင်ငံတကာဈေးကွက်များတွင် ပိုမိုခိုင်မာအောင်မြင်လာခဲ့လာပြီပဲဖြစ်ပါသည်။
နယ်သာလန်နိုင်ငံအတွင်းမှာသာမက တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် နံပါတ် (၁၅) အဆင့်တွင်ရပ်တည်လာနိုင်တဲ့အထိတိုးတက်အောင်မြင်လာလျက်ရှိတာကတော့ ကျွန်တော်တို့ရဲ့ Royal De Heus ပါ။

De Heus သည်တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ဝန်ထမ်းပေါင်း (၅ဝဝဝ) ကျော်ကိုလည်းအလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်ခဲ့ပြီလည်းဖြစ်ပါသည်။

De Heus ၏အဓိကရုံးဆိုက်ရာမြို့ကတော့ နယ်သာလန်နိုင်ငံ အီဒင်မြို့မှာပဲဖြစ်ပါသည်။