ဘေးအန္တရာယ်ကင်းရှင်းပြီးကျန်းမာရေးနှင့်ညီညွတ်သောအစားအစာများလုံလောက်စွာရရှိရေးမှာကျွန်တော်တို့၏အဓိကရည်ရွယ်ချက်ပဲဖြစ်ပါတယ်

13 အောက်တိုဘာ 2022
-
3 minutes

ဒီဟက်(စ်)စတင်ခဲ့တာဟာဆိုရင် နှစ်ပေါင်း (၁၁ဝ) ကျော်ခဲ့ပြီဖြစ်ပြီး ဒီကနေ့ ၂ဝ၂၂ ခုနှစ်၊ အောက်တိုဘာလ (၁၃) ရက် မှာတော့ကျွန်တော်တို့ဒီဟက်(စ်)အစာစက်ရုံတွေထဲကတစ်ရုံဟာ တိရစ္ဆာန်အစာမက်ထရစ်တန်ချိန်ပေါင်း (၁ဝ) သန်းကျော်လွန်အောင်ထုတ်လုပ်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ ၂ဝ၂၂ ခုနှစ် နှစ်ကုန်ပိုင်းမှာဆိုရင်လည်းအစာတန်ချိန်ပေါင်း (၁၂) သန်းကျော်ထိကျော်လွန်အောင်ထုတ်လုပ်သွားနိုင်တော့မှာလည်းပဲဖြစ်ပါတယ်။ ဒါ့ကြောင့်အခုလိုအောင်မြင်မှုမှတ်တိုင်တစ်ခုစိုက်ထူနိုင်တဲ့အပေါ်မှာကျွန်တော်တို့ရဲ့ CEO နှစ်ဦးဖြစ်တဲ့ Mr. Co and Koen ရဲ့ခံစားချက်များနှင့်ရှေ့ဆက်သွားမယ့်လုပ်ငန်းစဉ်တွေအတွက်၎င်းတို့နှစ်ဦးရဲ့ရည်မှန်းချက်တွေကိုလေ့လာသိရှိဖို့အတွက်အခွင့်အခါကောင်းတစ်ခုပါပဲ။

two men in suits posing for a picture

အစာတန်ချိန် (၁ဝ) သန်းထုတ်လုပ်နိုင်ခဲ့ခြင်းဟာမှတ်သားဖွယ်ရာတစ်ခုပါပဲ။

Co de Heus: 'ကျွန်တော်တို့အနေဖြင့် ယခုနှစ် (၂ဝ၂၂) ခုနှစ်တွင်အသင့်ကျွေးအစာ၊ ရောစပ်စာအပါအဝင်အမျိုးမျိုးသောတိရစ္ဆာန်အစာများကို မက်ထရစ်တန် (၁ဝ) သန်းကျော်ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ပြီး (၂ဝ၂၂) ခုနှစ်နှစ်ကုန်ပိုင်းတွင် အစာတန်ချိန်ပေါင်း (၁၂) သန်းကျော်ထိထုတ်လုပ်ပေးသွားနိုင်မှာဖြစ်ပါတယ်။

ကျွန်တော်တို့ဒီဟက်(စ်)ရဲ့သမိုင်းကြောင်းမှာဒါမျိုးတစ်ခါမှမရှိခဲ့သေးပါဘူး။ ပြီးတော့ကျွန်တော်တို့ဖခင်ကြီးရဲ့အသက် (၈ဝ) ပြည့်မွေးနေ့နဲ့လည်းထူးခြားစွာနဲ့တိုက်ဆိုင်နေပါတယ်။ ဒါပေမယ့်ဒါဟာကျွန်တော်တို့လိုချင်နေခဲ့တဲ့အဓိကရည်မှန်းချက်ပန်းတိုင်တော့မဟုတ်သေးပါဘူး။

ဒါသာသာမာန်နံပါတ်တစ်ခုထက်ဆိုတာထက်ကိုပိုအဓိပ္ပါယ်ရှိနေပါတယ်။
တိုးပွားလာတဲ့ကမ္ဘာ့လူဦးရေနှင့်အညီဘေးကင်းပြီးကျန်းမာရေးနှင့်ညီညွတ်တဲ့အစားအစာတွေကိုပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်းအတူတကွကြိုးစားထုတ်လုပ်ခဲ့ကြတဲ့အတွက်အခုလိုရလဒ်မျိုးကိုရရှိခဲ့တာပဲဖြစ်ပါတယ်။
အခလိုရလဒ်မျိုးရရှိနိုင်စေဖို့အတွက်ကျွန်တော်တို့တွေဟာနှစ်ပေါင်းတရာကျော်တိုင်ကြိုးစားအားထုတ်ခဲ့ရပါတယ်။ ကျွန်တော်တို့နှင့်အတူ အသား၊ ငါး၊ ဥနှင့်နွားနို့ထုတ်လုပ်သူများလက်တွဲပြီးမွေးမြူရေးလုပ်ငန်းများတိုးတက်ဖွံ့ဖြိုးလာစေရန်အတူကြိုးစားလုပ်ဆောင်နေရတဲ့အတွက်လည်းတစ်ကယ့်ကိုဂုဏ်ယူမဆုံးဖြစ်မိပါတယ်။'

Koen de Heus: 'အနာဂတ်အတွက်ကြိုတင်မျှော်တွေးကြည့်ဖို့အတွက်နဲ့ယခုစိုက်ထူနိုင်လိုက်တဲ့အောင်မြင်မှုတွေဟာကျွန်တော်တို့ရဲ့ရည်မှန်းချက်တွေနဲ့ဘယ်လိုပတ်သတ်မှုရှိနေသလဲဆိုတာကိုကုမ္ပဏီတစ်ခုအနေနဲ့ခွဲခြမ်းစိတ်ဖြာဖိုအချိန်ကောင်းပါပဲ။ ကျွန်တော်တို့အနေဖြင့်အခုလိုအောင်မြင်မှုမှတ်တိုင်တစ်ခုကိုစိုက်ထူနိုင်လိုက်သလိုတစ်ဖက်မှာလည်းကမ္ဘာကြီးဟာနိုင်ငံရေးအကျပ်အတည်းတွေ၊ လူမှုရေးပြဿနာတွေ၊ စစ်ပွဲများ၊ စားနပ်ရိက္ခာပြတ်လပ်မှု၊ ဆန္ဒပြမှုများနှင့်အခြားသောအခက်အခဲများနှင့်ရုန်းကန်နေရဆဲပဲဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းလုံးရှိ ကျွန်ုပ်တို့၏လုပ်ငန်းဌာနများတွင်တည်ရှိနေသောဝန်ထမ်းများအတွက်လည်းဂုဏ်ယူဝမ်းမြောက်မိပါတယ်။
Mr. Co အထက်မှာပြောခဲ့သလို ဒီ (၁ဝ) သန်းဆိုတဲ့စကားလုံးဟာကျွန်တော်တို့အတွက်တော့သာမာန်မဟုတ်ပါဘူး။ ဝန်ထမ်းများဟာအခက်အခဲတွေကိုဖြေရှင်းရန်နှင့်အစားအစာထောက်ပံ့ရေးကွင်းဆက်များတွင်ဆက်လက်ပါဝင်နိုင်စေရန် ဝန်ထမ်းများအတူတကွပူးပေါင်းလုပ်ဆောင်ကြသည်ကိုမြင်တွေ့ရသည်မှာအံ့ဩစရာတစ်ခုလည်းပဲဖြစ်ပါတယ်။
မွေးမြူရေးနှင့်ရေလုပ်ငန်းအတွက်ကျွန်တော်တို့ဝန်ထမ်းတွေရဲ့ဆယ်စုနှစ်များစွာအတူတကွပူးပေါင်းဆောင်ရွက်နိုင်ခဲ့ခြင်းတွက် ပြယုဂ်တစ်ခုပဲဖြစ်ပါတယ်။ Barneveld ရှိ အစာကြိတ်ခွဲစက်ရုံငယ်ကလေးမှသည် ယခုကဲ့သို့ကမ္ဘာ့ထိပ်တန်းတိရစ္ဆာန်အစာထုတ်လုပ်သည့်လုပ်ငန်းတစ်ခုအဖြစ်ရပ်တည်နိုင်စေရန်အဖက်ဖက်မှကြိုးစားပေးခဲ့ကြတဲ့စက်ရုံဝန်ထမ်းများ၊ အရောင်းဝန်ထမ်းများ၊ ရုံးဝန်ထမ်းများအားလုံးအတွက်လည်းကျွန်တော်ဂုဏ်ယူဝမ်းမြောက်မိနေပါတယ်။'

ဒါဟာကိန်းဂဏန်းတစ်ခုဆိုတာထက်ကိုပိုပါတယ်။

တိရစ္ဆာန်အစာတန်ချိန်ပေါင်း (၁ဝ) သန်းကျော်လွန်ထုတ်လုပ်နိုင်ခဲ့တယ်ဆိုတာတစ်ကယ့်ကိုဂုဏ်စရာကောင်းတဲ့အရေအတွက်တစ်ခုပဲဖြစ်ပါတယ်။

ဒီနေ့ကိုကျွန်တော်တို့ဘာကြောင့်ဂုဏ်ပြုရတာလဲ။

Co de Heus: ‘အခုရရှိခဲ့တဲ့အောင်မြင်မှုရဲ့နောက်ကွယ်ကအရာတွေအားလုံးကိုကျွန်တော်တို့မှတ်တမ်းတင်ထားရမှာဖြစ်ပါတယ်။ ဒီဟက်(စ်)ရဲ့ ဒေသတွင်းဆိုင်ရာရပ်တည်ချက်၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့်နီးကပ်စွာလုပ်ကိုင်နေခြင်း၊ ၎င်းတို့အတွက်တန်ဖိုးမဖြတ်နိုင်သည့်မွေးမြူရေးဆိုင်ရာအကူအညီများကိုပေးအပ်ခြင်း စတဲ့အချက်တွေဟာကျွန်တော်တို့အောင်မြင်မှုရဲ့အဓိကသော့ချက်လို့ဆိုရင်လည်းမမှားနိုင်ပါဘူး။
ကျွန်တော်တို့ရဲ့အရောင်းတာဝန်ခံများသည်နေ့စဉ်နေ့တိုင်းထောင်နှင့်ချီသောမွေးမြူရေးခြံများသို့သွားရောက်ကာမွေးမြူရေးဆိုင်ရာအကူအညီများနှင့်ဗဟုသုတများကိုဖြန့်ဝေပေးလျက်ရှိနေတယ်ဆိုတာကိုသင်သိပါသလား။ ဒေသတွင်းဆိုင်ရာလုပ်ဆောင်ချက်များမှသည်ကမ္ဘာ့လုံးဆိုင်ရာအကျိုးသက်ရောက်မှုတွေထိတိုးတက်လာတာကိုသင့်အနေနဲ့မြင်တွေ့ရပါလိမ့်မယ်။ ဒါကြောင့်ပဲဒီနေ့လိုအချိန်အခါမျိုးရောက်ရှိခဲ့တာပဲဖြစ်ပါတယ်။.’

Koen de Heus: ‘ဒါပေါ့။ ဒါကြောင့်နှစ်ပေါင်းများစွာတိုင်အောင်ဒီဟက်(စ်)၏ မိသားစုဝင်တစ်ဦးကဲ့သို့အလုပ်လုပ်ကိုင်လာခဲ့တဲ့ဝန်ထမ်းတွေအတွက်ကျွန်တော့်ဂုဏ်ယူဝမ်းမြောက်မိပါတယ်။
ဝန်ထမ်းတစ်ယောက်ချင်းစီတိုင်း၊ ဖောက်သည်တစ်ယောက်ချင်းစီတိုင်းနှင့်ကုန်ပစ္စည်းပေးသွင်းပေးနေသူတစ်ယောက်ချင်းစီတိုင်းဟာဘေးကင်းသောစားနပ်ရိက္ခာရရှိရေးတွင် ကျွန်ုပ်တို့နှင့်အတူရေရှည်တည်တံ့သောလုပ်ဆောင်မှုများဖြစ်ပေါ်လာစေရန်အတွက် ကူညီပေးသောသူများပင်ဖြစ်ကြပါတယ်။.’

နှစ်ပေါင်းတစ်ရာကျော်တိုင်တည်ရှိခဲ့မှုနှင့်အခုလိုအောင်မြင်မှုမှတ်တိုင်တစ်ခုစိုက်ထူနိုင်မှုအပေါ်မှာသင်ဘာကိုယုံကြည်မိပါသလဲ။

Co de Heus: ‘(၁၉၁၁) ခုနှစ်မှစတင်ကာ မိသားစုတန်ဖိုးနှင့်အမွေအနှစ်များကိုကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်လာခဲ့တာဟာအခုအချိန်ထိပါပဲ။
လက်ရှိအခြေအနေမှအနာဂတ်အတွက်လှမ်းမျှော်ကြည့်ရှုရာတွင်လည်းရှိရင်းစွဲအမွေအနှစ်နဲ့ထိန်းသိမ်းစောင့်ရှောက်သင့်သည့်အရာများကိုတန်ဖိုးထားဂရုစိုက်ရမည်ဆိုသောခံယူချက်ကိုလည်းကျွန်တော်တို့အမြဲတမ်းလိုက်နာခဲ့ပါတယ်။ ကုမ္ပဏီကိုမျိုးဆက်တစ်ခုမှနောက်မျိုးဆက်တစ်ခုသို့အောင်မြင်စွာလွှဲပြောင်းသွားနိုင်ရေးမှာလည်းအထူးအရေးကြီးလှပါတယ်။.’

Koen de Heus: ‘ဒါ့ကြောင့်အစာများကိုထုတ်လုပ်သည့်နေရာတွင်လည်းပိုမိုပြီးရေရှည်တည်တံ့နိုင်စေမည့်နည်းလမ်းများအသုံးပြုကာထုတ်လုပ်ဖို့အရေးကြီးလာပါတယ်။ တိရစ္ဆာန်အစာအာဟာရကုမ္ပဏီတစ်ခုအနေဖြင့်အစားအစာထုတ်လုပ်ရေးကွင်းဆက်များ၏လက်ရှိအခြေအနေကိုလေ့လာကြည့်သောအခါတွင် ကျွန်ုပ်တို့သည်ကြီးမားသောစိန်ခေါ်မှုများကိုကျော်လွှားရန် လိုအပ်နေသောကြောင့်ဖြစ်သည်။ ပထမဆုံးအနေဖြင့်ကျွန်တော်တို့ဟာ မသေချာမရေရာမှုတွေ၊ စိန်ခေါ်မှုတွေနဲ့ပြည့်နှက်နေတဲ့အချိန်ကာလတွေကိုကျော်ဖြတ်နေရတာကိုစဉ်းစားသိရှိရပါမယ်။ နောက်ပြီး လာမယ့် (၂ဝ၅ဝ) ခုနှစ်မှာတိုးတက်လာမယ့်လူဦးရေတွေအတွက်စားနပ်ရိက္ခာတွေကိုဘယ်လိုထောက်ပံ့ပေးနိုင်မလဲဆိုတာစဉ်းစားရပါမယ်။ ဘာ့ကြောင့်လဲဆိုတော့ ကမ္ဘာ့လူဦးရေဟာလာမယ့်ဆယ်စုနှစ်များအတွင်း (၉.၈) ဘီလီယံထိတိုးလာမယ်လို့ပညာရှင်တွေကခန့်မှန်းတွက်ချက်ထားကြလို့ပါပဲ။ ဘေးအန္တရာယ်ကင်းရှင်းပြီးကျန်းမာရေးနှင့်ညီညွတ်သောအစားအစာများကိုလူတိုင်းလက်လှမ်းမီနိုင်စေရေးမှာယနေ့ကမ္ဘာကြီးတွင်ရင်ဆိုင်နေရသောစိန်ခေါ်မှုများစွာထဲကတစ်ခုလည်းဖြစ်ပါတယ်။’

ကျန်းမာရေးနဲ့ညီညွတ်ပြီးလူတိုင်းလက်လှမ်းမီနိုင်စေမယ့်အစားအစာတွေကို ထောက်ပံ့ပေးတဲ့အခါဘယ်လိုအခက်အခဲတွေကိုကြုံတွေ့ရနိုင်မည်လဲ။

Koen de Heus: ‘ရာသီဥတုနှင့်ဘဘာဝပတ်ဝန်းကျင်ကိုထိခိုက်မှုရှိစေနိုင်မယ့်အစာထုတ်လုပ်ခြင်းလုပ်ငန်းစဉ်တွေကိုကျွန်တော်တို့လျှော့ချရပါမယ်။ မဝေးတော့မယ့်အနာဂတ်မှာ တိုးတက်လာမယ့်လူဦးရေတွေတွက်လုံလောက်သောစားနပ်ရိက္ခာတွေကိုပံ့ပိုးပေးနိုင်စေဖို့အတွက်ကျွန်တော်တို့တွေဟာလယ်ယာမြေအလွန်အကျွံသုံးစွဲမှုကိုလျှော့ချပြီးပိုမိုကောင်းမွန်တဲ့အစားအစာထောက်ပံ့ရေးကွင်းဆက်တွေဖြစ်ပေါ်လာအောင်အကောင်အထည်ဖော်ဆောင်ရွက်ဖို့လည်းလိုအပ်ပါတယ်။ ’

Co de Heus: ‘လွန်ခဲ့သောနှစ်နှစ်ဆယ်ကျော်ကတည်းကပြုလုပ်နေခဲ့သည့် ဒီဟက်(စ်)မွေးမြူရေးအစာများနှင့်ပတ်သတ်သည့် အစာမှအသားပြောင်းလဲနှုန်းဆိုင်ရာတိုးတက်မှုသုနေသနစစ်တမ်းအတွက်လည်းများစွာဂုဏ်ယူမိပါတယ်။
အဘယ်ကြောင့်ဆိုသော်ကျွန်ုပ်တို့သည်တိရိစ္ဆာန်ပရိုတင်းပမာဏတူထုတ်လုပ်ရန်ကုန်ကြမ်းအနည်းငယ်သာ လိုအပ်ပါက အနာဂတ်တွင်ကမ္ဘာတစ်ဝှမ်းမှတိုးပွားလာသောအစားအစာလိုအပ်ချက်များကိုပိုမို၍ ရေရှည်တည်တံ့စွာဖြည့်ဆည်းပေးနိုင်မှာမို့လို့ပါ။ ကျွန်တော်တို့ရဲ့အစားအစာထောက်ပံ့ရေးဆိုင်ရာလုပ်ငန်းများသည်လည်းလွန်ခဲ့သောဆယ်စုနှစ်များအတွင်းသိသာထင်ရှားသောတိုးတက်မှုများကိုရရှိခဲ့ပြီးဖြစ်ပါတယ်။’