"အစာအရည်အသွေးတစ်သမတ်တည်းရှိနေခြင်းကြောင့် ဒီဟက်(စ်) ကိုရွေးချယ်ဖြစ်ပါတယ်"

16 စက် 2020

ယခုအခါ မြန်မာ့မွေးမြူရေးလုပ်ငန်းရှင်များသည် အကျိုးအမြတ်နည်းပါးစေသည့် မိရိုးဖလာမွေးမြူခြင်းနည်းလမ်းများမှ ခေတ်မှီဆန်းသစ်သော နည်းပညာအခြေပြုမွေးမြူခြင်းနည်းလမ်းများကိုပြောင်းလဲအသုံးပြုလာလျက်ရှိနေကြပါတယ်။

ကိုမျိုးဝင်းဦး
မြန်မာ

လိုက်ကာများကိုအသုံးပြု၍အဖွင့်စနစ် (Opened-Type) မွေးမြူကြသည့်မွေးမြူရေးလုပ်ငန်းရှင်များ အမြောက်အများရှိနေသည့်အပြင် အချို့သောအသားတိုးကြက်မွေးမြူရေးလုပ်ငန်းရှင်များကတော့ အလေအလွင့်နည်းပါး၍အကျိုးအမြတ်ပိုမိုရရှိစေသော အလုံပိတ်စနစ်မွေးမြူခြင်း (Closed-Type) စနစ်များသို့ကြိုးစားပြောင်းလဲလာနေလျက်ရှိကြပါတယ်။

ထိုကဲ့သို့ပြောင်းလဲမွေးမြူလာသူများထဲတွင် "ကိုမျိုးဝင်းဦး" လည်းတစ်ဦးအပါအဝင်ဖြစ်ပြီး သူ၏ရည်မှန်းချက်ကတော့ တားမြစ်ထားသောဆေးဝါးများကင်းစင်၍ အာဟာရပြည့်ဝပြီး ကျန်းမာရေးနှင့်ညီညွတ်သောအသားများကို စားသုံးသူများထံသို့ပို့ဆောင်နိုင်ရေးပဲဖြစ်ပါတယ်။

လက်ရှိတွင်မွေးမြူထားသောအကောင်ရေအားဖြင့် ၄၅ဝဝဝ ရှိနေပြီး မြေနေရာချဲ့ထွင်၍ အကောင်ရေသိန်းချီကာမွေးမြူသွားဖို့လည်း ရည်မှန်းထားတယ်လို့သိရှိရပါတယ်။
သူ့အနေနဲ့ဒီဟက်(စ်) အသားတိုးကြက်စာတွေကိုရွေးချယ်အသုံးပြုရတဲ့အဓိကအကြောင်းအရင်းကတော့ "လက်ရှိဈေးကွက်ထဲတွင် အရည်အသွေးအကောင်းဆုံးဖြစ်နေပြီး ထိုအရည်အသွေးကိုတည်ငြိမ်အောင်ဒီဟက်(စ်)ကအမြဲတမ်းထိန်းသိမ်းထားနိုင်တာကြောင့်လို့" သူကဆိုပါတယ်။

ဒီဟက်(စ်) ကြက်စာများအကြောင်းပိုမိုသိရှိလိုပါသလား?

ဆက်စပ်အကြောင်းအရာများ: