"အစာလည်းကောင်း ကြက်ပေါက်လည်းကောင်းဖို့အရေးကြီးပါတယ်"

18 မတ် 2021

ကျွန်တော့်ရဲ့ရည်မှန်းချက်တွေထဲကတစ်ခုကတော့ စံချိန်မှီအရည်အသွေးပြည့်တဲ့ ကြက်ပေါက်တွေကိုရရှိနိုင်စေဖို့ပဲဖြစ်ပါတယ်။ အကောင်းဆုံးအစာကိုရရှိထားပေမယ့် အရည်အသွေးအကောင်းဆုံးကြက်ပေါက်တွေကိုမရရှိခဲ့ရင် တိကျကောင်းမွန်သော Farm Management တွေရှိခဲ့မယ်ဆိုရင်တောင်မှ ထင်သလောက်အကျိုးအမြတ်မရရှိနိုင်ဘူး။

ဦးဇော်မိုးအောင်
မြန်မာ

၁၉၉၁ ခုနှစ်မှစတင်ပြီးမွေးမြူရေးလောကအတွင်းသို့ဝင်ရောက်လာခဲ့ပြီး ၂၀၀၉ ခုနှစ်မှဆိုရင်တော့အသားတိုးကြက်မွေးမြူရေးကိုစောက်ချပြီးလုပ်ကိုင်ခဲ့တာဟာ အခုအချိန်ထိပဲဖြစ်ပါတယ်။ ဥစားကြက်တစ်သောင်းငါးထောင်ကိုလည်းထပ်မံချဲ့ထွင်ပြီးမွေးမြူနေပါတယ်။ အသားတိုးကြက်ခြံပေါင်း (၁၁) ခြံခန့်ရှိနေပြီး တစ်ခြံလျှင်မွေးမြူထားသောအကောင်ရေ (၂၅ဝဝ) ဆီထည့်သွင်းမွေးမြူထားပါတယ်။ ကိုဇော်မိုးအောင်အနေဖြင့် (၂ဝ၁၈) ခုနှစ်မှစတင်ပြီး ဒီဟက်(စ်)မြန်မာနှင့်လက်တွဲခဲ့တာပဲဖြစ်ပါသည်။

ဒီဟက်(စ်) အမှတ်တံဆိပ်ကိုရွေးချယ်ခဲ့တဲ့အဓိကအကြောင်းအရင်းကတော့ နိုင်ငံတကာအဆင့်မှီတဲ့အရည်အသွေးကြောင့်လို့ဆိုပါတယ်။ အခြားသောအမှတ်တံဆိပ်များသည်အလေအလွင့်များပြားပြီး အကျိုးအမြတ်ကိုထိခိုင်စေပါတယ်။ ဒီဟက်(စ်)အသားတိုးကြက်စာတွေဖြစ်တဲ့ 6610, 6620, 6630 တွေကတော့အလေအလွင့်လုံးဝမရှိပဲမွေးမြူသူများအတွက် အကျိုးရှိစေပါတယ်။ လက်ရှိမှာ ကိုဇော်မိုးအောင်ရဲ့ရည်မှန်းချက်တွေထဲကတစ်ခုကတော့ စံချိန်မှီအရည်အသွေးပြည့်တဲ့ ကြက်ပေါက်တွေကိုရရှိနိုင်စေဖို့ပဲဖြစ်ပါတယ်။ အကောင်းဆုံးအစာကိုရရှိထားပေမယ့် အရည်အသွေးအကောင်းဆုံးကြက်ပေါက်တွေကိုမရရှိခဲ့ရင် တိကျကောင်းမွန်သော Farm Management တွေရှိခဲ့မယ်ဆိုရင်တောင်မှ ထင်သလောက်အကျိုးအမြတ်မရရှိနိုင်ဘူးဆိုတာကို သူသည်ကောင်းမွန်စွာနားလည်သဘောက်ပေါက်ပါသည်။

ဒီဟက်(စ်) ကိုအဓိကကျေးဇူးတင်ချင်တာကတော့ မြန့်မာ့မွေးမြူရေးသမားတွေအပါအဝင်အစာရောင်းချသူတွေအတွက်ကိုထည့်သွင်းစဉ်းစားပေးပြီး ဘဏ္ဏာရေးဆိုင်ရာထောက်ပံ့မှုတွေ၊ အရည်အသွေးပိုင်းနဲ့ဝန်ဆောင်မှုပိုင်းဆိုင်ရာထောက်ပံ့မှုတွေကို အစဉ်အမြဲကြိုစားဆောင်ရွက်ပေးနေတဲ့အချက်ကိုပါ။ ကျွန်တော်ရဲ့အနာဂတ်ရည်မှန်းချက်ကတော့ အရည်အသွေးကောင်းမွန်တဲ့ ကြက်ပေါက်တွေကို ဒီဟက်(စ်)ကပိုမိုထောက်ပံ့ပေးပြီး ကျွန်တော်တို့ဖက်ကလည်း အရည်အသွေးလည်းကောင်းမွန် စားသုံးသူတွေအတွက်လတ်ဆတ်သန့်ရှင်းပြီးအာဟာရပြည့်ဝတဲ့ကြက်သားတွေကိုထောက်ပံ့ပေးသွားနိုင်စေဖို့ပဲဖြစ်ပါတယ်။ 

ဒီဟက်(စ်) ကြက်စာများအကြောင်းပိုမိုသိရှိလိုပါသလား?

ဆက်စပ်အကြောင်းအရာများ: