မြန်မာနိုင်ငံတွင် ပထမဆုံး GMP နှင့် HACCP အသိအမှတ်ပြုလက်မှတ်ရ Cold Chain စီမံမှုဖြင့် လည်ပတ်သော ခေတ်မီ Slaughterhouse ။

10 ဩဂုတ် 2022
-
5 minutes

Cold Chain စီမံမှုဖြင့် လည်ပတ်သော် ခေတ်မီ slaughterhouse ဖွံ့ဖြိုးတိုးတက်ရေးကို မြန်မာနိုင်ငံရှိ ကြက်မွေးမြူရေးကဏ္ဍ မြှင့်တင်ရေးအတွက် အဓိက ဦးစားပေးလုပ်ငန်းတစ်ခုအဖြစ် လျာထားဆောင်ရွက်ခဲ့ပါသည်။

ဒီဟက်စ်မြန်မာ ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သည့် DHF သည် cold chain စီမံမှုဖြင့် လည်ပတ်သော်  ခေတ်မီ slaughterhouse ကို လည်ပတ်ဆောင်ရွက်လျက်ရှိပြီး ပိုမိုကောင်းမွန်သော ဈေးကွက်တွင် ဘေးကင်း စိတ်ချရသော နည်းစနစ်များဖြင့် စီမံပြုလုပ်ထားသည့် ကြက်သားများ ထုတ်လုပ်ရောင်းချလျက်ရှိသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ ဒေသတွင်း slaughterhouse များအတွက် ဘေးကင်းစိတ်ချရပြီး စံချိန်စံနှုန်းမြင့်မားသော အစားအစာများထုတ်လုပ်ရေးကို ဦးဆောင်လျက်ရှိပါသည်။ DHF က တိရိစ္ဆာန်များအတွက်သာမက ဝယ်ယူသူများအတွက်ပါ ဘေးကင်းစိတ်ချရသော အစားအစာများနှင့် ၎င်းတို့အကြားရှိ စီမံပြုလုပ်မှုအဆင့်အားလုံးအတွက် ပထမဆုံးသော GMP နှင့် HACCP အသိအမှတ်ပြု လက်မှတ်ရ လုပ်ငန်းဖြစ်သည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါသည်။


အစားအစာများ ဘေးကင်းရေး နိုင်ငံတကာ စံချိန်စံနှုန်းများနှင့်အညီဖြစ်ခြင်း။

ဒီဟက်စ်မြန်မာ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သည့် DHF သည် အစားအစာများ ဘေးကင်းရေးဆိုင်ရာ စစ်ဆေးချက်များအားလုံးကို ပြည့်မီအောင်မြင်ပြီး ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလတွင် BV မှ ပေးအပ်သော GMP နှင့် HACCP အသိအမှတ်ပြုလက်မှတ်ရ လုပ်ငန်းတစ်ခုဖြစ်ပါသည်။ DHF သည် cold chain စီမံမှုဖြင့် လည်ပတ်သော်  ခေတ်မီ slaughterhouse ကို ၂၀၂၀ခုနှစ် ဧပြီလတွင် စတင်လည်ပတ်သည့်အချိန်မှစ၍ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ အစားအစာဘေးကင်းရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ တိရိစ္ဆာန်များကျန်းမာရေး စသည်တို့နှင့်ပတ်သက်၍ ထုတ်လုပ်မှုအဆင့် အသီးသီးတွင် အမြင့်ဆုံးသော နိုင်ငံတကာစံချိန်စံနှုန်းများနှင့် ကိုက်ညီစေရန် ဆောင်ရွက်လျက်ရှိပါသည်။ GMP နှင့် HACCP တရားဝင်အသိအမှတ်ပြုချက် ရရှိထားခြင်းက ထုတ်လုပ်မှုအဆင့်ဆင့်မှာ နိုင်ငံတကာ အဆင့်များနှင့် ကိုက်ညီမှုရှိကြောင်း သိသာထင်ရှားစေပြီး မှန်ကန်ကြောင်း သက်သေထူလျက်ရှိပါသည်။



HACCP အသိအမှတ်ပြုလက်မှတ်ဆိုသည်မှာ အစားအစာ ဘေးအန္တရာယ်ဖြစ်မှုကို စစ်ဆေးထိန်းချုပ်ရန် အကူအညီပေးသော နိုင်ငံတကာအသိအမှတ်ပြုထားသည့် စနစ်တစ်ခုဖြစ်ပါသည်။ ဤလက်မှတ်ကို ရရှိထားခြင်းကြောင့် ကျွန်တော်တို့၏ ဝယ်ယူသူများအတွက် အစားအစာဘေးကင်းရေးနှင့် အရည်အသွေး ပြည့်မီသော ထုတ်ကုန်များနှင့်စပ်လျဉ်းပြီး ကျွန်တော်တို့၏ ကတိကဝတ်ကို သက်သေပြရန်နှင့် ခိုင်မာစေရန် ရည်ရွယ်သည့်အပြင် နိုင်ငံအတွင်းရှိ အခြားသော စားသောက်ကုန် လုပ်ငန်းများအကြား စံနမူနာတစ်ခုအဖြစ် ဦးဆောင်ရန် ရည်ရွယ်ပါသည်။ မြန်မာနိုင်ငံသည် အစားအစာ ဘေးကင်းရေး အလေ့အထများကို စတင်ကျင့်သုံးဆောင်ရွက်နေဆဲ ဖြစ်သော်လည်း အဆိုပါစံချိန်စံနှုန်းများကို ကျွန်တော်တို့၏ လုပ်ဆောင်ချက်များမှတစ်ဆင့် ယုံကြည်မှုများရရှိလာစေရန် မျှော်လင့်ပါသည်။


ကိုးကားချက် “စားသုံးသူများအတွက် ဘေးအန္တရာယ်အကင်းဆုံး ကြက်သားများ ထုတ်လုပ်နိုင်ရေးမှာ ဤစနစ်၏ အဓိကအချက်ဖြစ်သည်”

 

အစားအစာ ဘေးကင်းရေးအတွက် မြန်မာနိုင်ငံတွင် အနာဂတ်၌ဆောင်ရွက်မည့် ခြေလှမ်းများ။

စည်းမျဉ်းစည်းကမ်းများကို အစိုးရလမ်းညွှန်ချက်များဖြင့် အကောင်အထည်ဖော်မှုနှင့် အားပေးထောက်ခံ မှုမရှိသေးခြင်း၊ စားသုံးသူများ၏ အပြုအမူများ ပြောင်းလဲမှုမရှိသေးခြင်းတို့ကြောင့် အစားအစာ ထောက်ပံ့မှုကွင်းဆက်တွင် ပါဝင်သူများအနေဖြင့် ပြည်တွင်းပြည်ပ အစားအစာ ဘေးကင်းရေးအတွက် ရင်ဆိုင်ရမည့် စိန်ခေါ်မှုများစွာရှိနေဆဲဖြစ်ပါသည်။ ကျွန်တော်တို့ ဒီဟက်စ်မြန်မာအနေဖြင့် မြန်မာနိုင်ငံ တွင် အစားအစာ ဘေးကင်းရေး အလေ့အထများ မြှင့်တင်ရန်လိုအပ်သည့် အဆင့်များအားလုံးကို ဆောင်ရွက်ပေးနိုင်မည်ဟု မျှော်လင့်ပါသည်။ ထို့အပြင် ကျွန်တော်တို့၏ အဓိကစီးပွားရေးလုပ်ငန်း အတွက် အစားအစာ ဘေးကင်းရေး စံချိန်စံနှုန်းများကိုလည်း အကောင်အထည်ဖော်ထားပြီး ဖြစ်ပါသည်။ အဆိုပါစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းပြီး အစားအစာ ထောက်ပံ့မှုကွင်းဆက်တွင် ပါဝင်သူများနှင့် အတူတကွ လက်တွဲဆောင်ရွက်ခြင်းသည် ဝယ်ယူသုံးစွဲသူများအတွက် အကျိုးရှိစေရုံသာမက ရေရှည်တွင် ဒေသန္တရ မွေးမြူရေးကဏ္ဍကိုပါ ကျွမ်းကျင်ပြီး ဖွံ့ဖြိုးတိုးတက်စေမည်ဟု ကျွန်တော်တို့ ယုံကြည်ပါသည်။