ငါးရောဂါတွေကိုဘယ်လိုကာကွယ်ကြမလဲ။

ငါး/ပုစွန်မွေးမြူရေးမှာ ရေကအရေးပါဆုံးဖြစ်ပါတယ်
“ငါးရောဂါအန္တရာယ် De Heus နဲ့အတူကာကွယ်”
ငါးကန်တစ်ကန်မှာငါးသေဆုံးတဲ့အခါ ကျွန်တော်တို့ပထမဆုံးတွေးမိတဲ့အချက်ဟာငါးရောဂါပါ။ ဒီနေ့မှာတော့ကိုယ့်ကန်ထဲက ငါးတွေသေဆုံးတိုင်း ငါးရောဂါကြောင့်ပါလို့တစ်ထစ်ချသတ်မှတ်လို့ရသလား။
ငါးရောဂါဘာကြောင့်ဝင်ရသလဲ။
ဘယ်လိုကာကွယ်ရမလဲ ဆိုတာကိုပြောပြပေးပါမယ်ခင်ဗျ။
"ငါး/ပုစွန် မွေးမြူတယ်ဆိုတာ ရေကိုမွေးရတာပါ"
ရေသတ္တဝါမွေးမြူရေးပညာရှင်ဆရာကြီးတွေ အမြဲပြောကြတဲ့စကားတစ်ခွန်းရှိပါတယ် "ငါး/ပုစွန် မွေးမြူတယ်ဆိုတာ ရေကိုမွေးရတာပါ"တဲ့။ ပညာရှင်ကြီးတွေပြောသလိုပါပဲ ရေသတ္တဝါမွေးမြူရေးဖြစ်တဲ့ ငါး/ပုစွန်မွေးမြူရေးမှာ ရေကအရေးပါဆုံးဖြစ်ပါတယ်။
လတ်တလောမှာရာသီဥတုအခြေနေအရရော၊ ဘက်တီးရီးယားပိုးကြောင့်ရော ငါးသေမှုတွေများပြားလာတာတွေ့ရပါတယ်။ မိမိကန်မှာငါးတွေသေလာရင် လုပ်ငန်းရှင်အများစုဟာ ဒုတ္ထာ(Copper Sulphate) ကိုအသုံးပြုကြပါတယ်။ Copper Sulphate ဟာ toxic chemical တစ်ခုဖြစ်တဲ့အတွက် ငါးကန်ရေအရည်သွေးကောင်းနေမှသာ အသုံးပြုသင့်ပါတယ်။ ဥပမာ- မိမိငါးကန်ရေရဲ့ အဖန်နှုန်း Alkalinity မှာလိုအပ်တဲ့ Bicarbonate ပမာဏမရှိနေတဲ့အချိန်မှာ ငါးသေလို့ဆိုပြီးကန်ထဲကိုဒုတ္ထာ (Copper Sulphate) သုံးမိရင်ငါးသေပမာဏ (၂) ဆကျော် (၃) ဆနီးပါးတိုးသွားတတ်ပါတယ်။ မည်သည့်အကြောင်းကြောင့်ပဲဖြစ်စေ ကန်ထဲသို့ ဒုတ္ထာ(Copper Sulphate) သုံးမည်ဆိုပါကရေရဲ့ Alkalinity (အဖန်နှုန်းခေါ် ထုံးဓာတ်) ကိုမဖြစ်မနေဉီးစွာစစ်ဆေးသင့်ပါသည်။ Total Alkalinityနှင့် Bicarbonate Alkalinity ကွာဟမှု များနေချိန်တွင် ဒုတ္ထာ(Copper Sulphate) လုံးဝ လုံးဝ မသုံးသင့်ပါ။
ရောဂါပိုးတွေဟာ နေရာတိုင်းမှာနဂိုကတည်းကရှိနေပြီးသားပါ။
ပထမဆုံးအနေနဲ့ကျွန်တော်တို့အမြဲအမှတ်ရမယ့်အရာကတော့ ရောဂါပိုးတွေဟာ နေရာတိုင်းမှာနဂိုကတည်းကရှိနေပြီးသားဆိုတာပါပဲ။ မွေးမြူရေးကန်တွေသာမကမြစ်၊ ချောင်း၊ အင်းအိုင်စတဲ့ပတ်ဝန်းကျင်တွေမှာပါ ရောဂါပိုးတွေဟာသဘာဝအတိုင်း ရှိနေကြပြီးသားဖြစ်ပါတယ်။
ဒါဆိုရင် သူ့ဘာသူသဘာဝမှာနေနေတဲ့ရောဂါပိုးတွေဟာ ဘယ်လိုအခြေအနေမျိုးမှာ ကျမတို့မွေးမြူထား တဲ့ ငါးတွေဆီကိုရောက်လာနိုင်ပါသလဲ။
(၁) ဆိုးရွားတဲ့ရေအရည်အသွေး
(၂) နဂိုရှိရင်စွဲရောဂါပိုး
(၃) လက်ခံကောင် (ငါး)
ဒီအချက်သုံးချက်လုံးထိပ်တိုက်ဆုံတွေ့ တဲ့ အခြေအနေမျိုးမှာမှသာ ရောဂါကူးစက်မှုစတင်ဖြစ်ပွားနိုင်ပါတယ်။ ဥပမာအားဖြင့်ရာသီဥတုနဲ့ ရေအရည်အသွေးကျဆင်းမှုကြောင့် ငါးတွေရဲ့ကိုယ်ခံအားကျဆင်း တဲ့အခြေအနေမျိုးမှာ ငါးရောဂါဟာကျွန်တော်တို့မွေးမြူထားတဲ့ ငါးတွေဆီကိုအလွယ်တကူဝင်ရောက်နိုင်သွားပြီး ငါးသေတဲ့ပြဿနာတွေကြုံရတဲ့ ဖြစ်စဉ်မျိုး ကိုဆိုလိုတာဖြစ်ပါတယ်။ ရာသီဥတုကောင်းမွန်ချိန်၊ ရေအရည်အသွေးကောင်းမွန်နေချိန်တွေမှာတော့ ရောဂါဖြစ်ပွားဖို့ခက်ပါတယ်။ ဒါ့ကြောင့်မွေးမြူရေးကန်တစ်ကန်မှာ ငါးရောဂါမဖြစ်ပွားအောင် ကာကွယ်ဖို့ဆိုရင် -
(၁) ရေအရည်အသွေးကောင်းမွန်နေအောင်ဂရုစိုက်ဖို့လိုပါမယ်။ ကောင်းမွန်တဲ့ရေအရည်အသွေး ရှိတဲ့ကန်ရေဟာအကျိုးပြုဘက်တီးရီယားတွေပေါက်ဖွားဖို့အားပေးတဲ့အတွက် မကောင်းတဲ့ရောဂါပိုးတွေကို အလိုလိုနည်းပါးသွားစေပါတယ်။
(၂) ကိုယ်ခံအားမြင့်စေဖို့ကိုယ်မွေးမြူတဲ့မျိုးစိပ်အလိုက် လိုအပ်တဲ့အစာအဟာရပြည့်မှီတဲ့ အစာမျိုးကျွေးရပါမယ်။
(၃) ရာသီဥတုအလိုက်ရေအရည်အသွေးပြောင်းလဲမှုကိုစောင့်ကြည့်နိုင်ဖို့ ရေအရည်အသွေး ပုံမှန်စစ်ဆေးပေးဖို့လဲမဖြစ်မနေလိုအပ်ပါတယ်။
(၄) နောက်ဆုံးအချက်အနေနဲ့ကတော့ ကိုယ့်ကန်မှာငါးသေတဲ့ပြဿနာမျိုးတွေကြုံနေရတယ် ဒါမှမဟုတ် ရေအရည်အသွေးနဲ့ပတ်သတ်တဲ့ပြဿနာမျိုးတွေနဲ့ ငါးမွေးမြူရေးနဲ့ပတ်သတ်တဲ့အခြားအခြားသော အခက်အခဲတွေကို တိုင်ပင်၊ ဆွေးနွေးအဖြေရှာပေးဖို့လိုအပ်တယ်ဆိုရင် De Heus Myanmar ရဲ့ Technicians (ပညာရှင်) တွေကို Facebook Page Messenger ကနေ အချိန်မရွေးဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။
အခြားသောဗဟုသုတများကိုလည်းဖတ်ရှုနိုင်ပါသည်။