ပင်မစာမျက်နှာ / တရိစ္ဆာန်အစာများ / နွားမွေးမြူရေးအစာများ / နို့စားနွားမဒန်းနှင့်အသားတိုးနွားကြီးထွားစာ

နို့စားနွားမဒန်းနှင့်အသားတိုးနွားကြီးထွားစာ

De Heus Myanmar Ltd အနေဖြင့် အနာရောဂါကင်းရှင်းပြီး ကျန်းမာသန်စွမ်းသောနွားငယ်လေးများရရှိစေခြင်းမှ အကောင်းဆုံးသောနို့ပေးနွားမများဖြစ်လာစေရန်အတွက် အဆင့်လေးဆင့်ဖြင့်အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိနေပါသည်။
ကျွန်ုပ်တို့၏နွားစာများသည် နို့စားနွားမများ၏ အစာချေဖျက်မှုအဆင့်ပုံစံများအလိုက် အကောင်းဆုံးနှင့်အသင့်တော်ဆုံးဖြစ်စေရန်စီမံဖော်စပ်ထားပေးခြင်းဖြစ်ပါသည်။
အထူးသဖြင့် စွမ်းအင်ဓာတ်များကိုညီမျှစေပြီး အစာအိမ်အတွင်းရှိ PH ကိုထိန်းညှိပေးခြင်းကြောင့် နို့ပေးနွားမများတွင်အဖြစ်များတတ်သည့် ခြေလက် ရောင်ယမ်းနာဖြစ်ခြင်းကိုလည်းကာကွယ်ပေးနိုင်စေပါသည်။
အပူချိန် ၊ နွားခြံများ၏တည်ဆောက်ပုံအခြေအနေ၊ သန့်ရှင်းသပ်ရပ်မှှု နှင့် ရာသီဥတုအခြေအနေများ စတဲ့အခြေအနေပေါင်းများစွာသည် နွားခြံပိုင်ရှင်များအတွက် တစ်ကယ့်ကိုအရေးကြီးသည့် အစိတ်အပိုင်းတစ်ခုလည်း
ဖြစ်ပါသည်။ ကျွန်ုပ်တို့ De Heus Myanmar Ltd ၏ကျွမ်းကျင်ပညာရှင်များမှ သင်တို့၏နွားခြံများအရောက်လာရောက်ကွင်းဆင်းလေ့လာပြီး သင့်အတွက် အကောင်းဆုံးသောနို့ထွက်နှုန်းများရရှိစေနိုင်မည့် အကြံ
ဉာဏ်များနှင့်နည်းပညာအထောက်အပံ့များကိုပံ့ပိုးပေးသွားမှာလည်းပဲဖြစ်ပါသည်။

နို့ပေးရက်မတိုင်ခင်အကောင်းဆုံးသောစောင့်ရှောက်မှုများနှင့် ဝန်ဆောင်မှုများကို De Heus Myanmar မှကျွမ်းကျင်ဝန်ထမ်းများက စဉ်ဆက်မပြတ်ပံ့ပိုးပေးနေမှာဖြစ်သောကြောင့် နို့ပေးရက်မတိုင်ခင်နှင့် နို့ပေးရက်
အချိန်ကာလတွေမှာအမြင့်ဆုံးအကျိုးရလဒ်တွေကို ရရှိစေနိုင်မှာလည်းပဲဖြစ်ပါသည်။

ကျွနု်ပ်တို့၏နွားမွေးမြူဆိုင်ရာ ပညာရှင်များ၏အထောက်အပံ့

ကျွနု်ပ်တို့၏ပညာရှင်များအနေဖြင့် နွားမွေးမြူရေးလုပ်ငန်းရှင်များကိုကူညီထောက်ပံ့ပေးနိုင်ရန်အတွက် အမြဲတမ်းအဆင်သင့်ဖြစ်နေပါသည်။
၎င်းတို့အနေဖြင့် နွားမွေးမြူရေးလုပ်ငန်းရှင်များ၏အကျိုးစီးပွားဖြစ်ထွန်းစေဖို့အတွက် နေ့စဉ်နေ့တိုင်းကြိုးစားလျက်ရှိနေပြီး အစာစားနှုန်းနှင့်အတူအသားတိုးနှုန်း၊ နို့ထွက်နှုန်း စသည်တို့ကိုကောင်းမွန်စေအောင်လည်းကြိုးစားပေးနေမှာပဲဖြစ်ပါသည်။

အကောင်းဆုံးအကျိုးရလဒ်များကို ရရှိစေနိုင်ဖို့အတွက် နွားမွေးမြူရေးဆိုင်ရာအသိပညာများ၊ နွားအမျိုးအစားဆိုင်ရာဗဟုသုတများကို ကျွနု်ပ်တို့၏ Customers များအတွက်စဉ်ဆက်မပြတ်ကြိုးစားပေးထောက်ပံ့အကြံပေးလျက်ရှိနေတာလည်းပဲဖြစ်ပါသည်။


De Heus Myanmar Ltd is one of the leading Livestock and animal feeds company in Myanmar and offering the best animal feeds in Myanmar. We are also providing the appropriate advice, technical supports, and strong suggestions for the ruminants farmers.