ဝက်စာများ

Power Creep Feed

(၅)ရက်သားမှ(၉)ပိဿာ-(၁၅) ကီလိုအထိကျွေးပေးရန်။

- ပါဝါနို့စို့ဝက်ငယ်သားခွဲအစာတွင် ဝက်ကလေးများအတွက်လိုအပ်သော အာဟာရပြည့်ဝစွာပါဝင်သည့်အတွက် ဝက်ငယ်ကလေးများကို အာဟာရပြည့်ဝစေပြီး ကြီးထွားမှုကိုမြန်စေပါသည်။

- အစာထဲတွင် ပါဝင်သော ကုန်ကြမ်းများကိုလည်း ကြေညက်လွယ်စေရန်ပေါင်းထားသောကြောင့် အစာချေနှုန်းကောင်းမွန်ကာ အစာစားနှုန်းကိုလည်း မြင့်စေပြီး ဝက်ငယ်ကလေးများကို ဝမ်းလျှောခြင်းမှလည်းကာကွယ်ပေးသည်။

- အစာစားနှုန်းကောင်းမွန်ပြီး ကြီးထွားမှုကောင်းစေရုံသာမက ဝက်ငယ်ကလေးများကိုလည်း အရွယ်ညီစေသည်။

- သားမခွဲမှီကာလအတွင်း ပါဝါနို့စို့ ဝက်ငယ်သားခွဲအစာကို တစ်ရက်လျှင် (၅)ကြိမ် (၆)ကြိမ်ခန့် အစာပမာဏ နည်းနည်းစီကျွေးပေးခြင်းဖြင့် အစာလတ်ဆတ်သန့်ရှင်းကာ ဝက်ငယ်ကလေးများအတွက် အရသာရှိသော အစာကိုရရှိစေပါသည်။

- ပါဝါနို့စို့ဝက်ငယ်သားခွဲအစာကို ဝက်ငယ်ကလေးများ (၅)ရက်သားမှ ကိုယ်အလေးချိန် (၉)ပိဿာ-(၁၅) ကီလိုအထိကျွေးပေးရမည်ဖြစ်သည်။

  • အရည်အသွေးကောင်းမွန်သောကုန်ကြမ်းများကိုသာရွေးချယ်အသုံးပြုထားခြင်း။

  • ဝမ်းလျှောခြင်းကိုလည်းကာကွယ်ပေးခြင်း။

  • အသားဓာတ်မြင့်မားစွာပါဝင်ပြီးအာဟာရကြွယ်ဝသည့်အထူးထုတ်လုပ်ထားသည့်ဝက်ငယ်စာ။