ဘေးအန္တရာယ်ကင်းရှင်းခြင်းနှင့် တစ်သတ်မတည်းရှိခြင်း: ကျွန်ုပ်တို့ အဓိကထည့်သွင်းထားသည့် အချက်(၂)ချက်

29 မတ် 2022
-
6 minutes

ကမ္ဘာတဝန်းမှာ ဒီဟက်စ်သည် မွေးမြူရေးလုပ်ကိုင်သူများ၏ ၎င်းတို့မွေးမြူရေးခြံ အပေါ်ထားရှိသော ရည်မှန်းချက်ပန်းတိုင်များကို အထောက်အကူပြုရန်အတွက် လိုအပ်သော မွေးမြူရေးတိရစ္ဆာန်အစာနှင့် သိပ္ပံနည်းကျသော မွေးမြူရေးနည်းစနစ်များကို ထောက်ပံပေးလျက်ရှိပါသည်။ မွေးမြူထုတ်လုပ်ခြင်းလုပ်ငန်း၏ အာဟာရလိုအပ်ချက်များကို ပြည့်မှီအောင်နှင့် ကြိုတင်ခန့်မှန်းထားသော ရလဒ်များကို ရရှိရန်အတွက် ဒီဟက်(စ်)သည် ၎င်းရဲ့ လုပ်ငန်းစု တစ်ခုလုံးတွင် အစာအရည်အသွေးကို တစ်သမတ်တည်း တူညီမှုရှိသော ချည်းကပ်မှုများကို အကောင်အထည်ဖော်ပြီးဖြစ်ပါသည်။ ထိုကြောင့် သင်သည် ပိုလန်၊နယ်သာလန်(သို့မဟုတ်) ဂါနာ ရောက်ရှိနေမယ်ဆိုရင်လည်း ဒီဟက်(စ်)စက်ရုံကထုတ်သော ယနေ့ အစာများ၏ အရည်အသွေးသည် မနက်ဖြန်ထုတ်သော အစာများ၏ အရည်အသွေးပုံစံအတိုင်း တူညီမှုရှိနေမှာလည်းဖြစ်ပါသည်။

ဟက်(စ်)က ထောက်ပံ့သော အစာများနှင့် မွေးမြူရေးဆိုင်ရာနည်းစနစ် ထောက်ပံ့မှုများသည် ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေး တစ်သမတည်းရှိရပါမည်။ အရည်အသွေး အာမခံမှု နှင့် အရည်အသွေးထိန်းချုပ်မှုမှ ပါဝင်လုပ်ဆောင်သူများ၏ အခန်းကဏ္ဍသည် ကုန်ကြမ်းများကို ဝယ်ယူသည်မှစတင်ပြီး မွေးမြူရေးခြံများသို့ အစာထောက်ပံ့မှုအထိ အဆင့်ဆင့်တိုင်းတွင် ပါဝင်သည်။ “အရည်အသွေးသည် ကျွန်ုပ်တို့အမှတ်တံဆိပ်အတွက် အဓိကအရေးကြီးသောအစိတ်အပိုင်းတစ်ခုဖြစ်သည်။ အရည်အသွေးအာမခံမှုအနေဖြင့် ကျွန်ုပ်တို့အာမခံတဲ့အချက်က ကျွန်ုပ်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်များသည် ဒီဟက်(စ်)အစာ၏ တစ်သတ်မှတ်တည်းရှိသော ပရီမီယမ် အရည်အသွေးအကြောင်းကို ထုတ်ဖော်ပြောဆိုနိုင်ပါတယ်လို့” Carl IJzerman, Group Manager QA & QC at De Heus global in Ede ကဆိုပါတယ်။ “ကုန်ကြမ်းဝယ်ယူသည့်အဆင့်မှစ၍ အစာဖော်စပ်သည့်အထိ ကျွန်ုပ်တို့၏ ဌာနတိုင်းသည် ဒီဟက်(စ်)၏သတ်မှတ်ထားသော အရည်အသွေးစံနှုန်းအဆင့်ကို ပြည့်မှီအောင် သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများကို ဂရုစိုက် လိုက်နာဆောင်ရွက်ရပါသည်လို့ “ဒီဟက်(စ်)ဂါနာက အရည်အသွေးအာမခံမှုမန်နေဂျာ Aisha Senya မှထပ်လောင်းပြောဆိုပါသည်။ “ ကျွန်ုပ်တို့သည် ဤလုပ်ထုပ်လုပ်နည်းများကို ဂရုစိုက်လိုက်နာသည်”။ 

IJzerman and Senya သည် ဒီဟက်(စ်)လုပ်ငန်းစုအတွင်းနှင့် ဒီဟက်စ်ဂါနာ အရည်အသွေးအာမခံမှုနှင့် အရည်အသွေးထိန်းချုပ်မှုဌာန၏ အရည်အသွေးအာမခံမှုနှင့်ပတ်သတ်ပြီး သူတို့၏အတွေ့အကြုံများကို မျှ‌ဝေပေးသည်။ ဒီဟက်စ်၏ အရည်အသွေးအာမခံမှုနှင့်အရည်အသွေးထိန်းချုပ်ရေးဌာန နှင့် အစာဖော်စပ်ရေးဌာနသည် ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးတစ်သတ်မှတ်တည်းရှိသော မွေးမြူရေအစာများကိုမွေးမြူရေးလုပ်ကိုင်သူများသို့ ထောက်ပံ့‌ပေးဖို့အတွက် အဓိကအခန်းကဏ္ဍမှာ ပါဝင်လျက်ရှိပါသည်။ 

၎င်းမှာ မည်သို့ အလုပ်လုပ်ပါသလဲ။

IJzerman:ရဲ့အဆိုအရအရည်အသွေးတစ်သတ်မှတ်တည်းဖြစ်စေရန်အတွကအရည်အသွေးအာမခံမှုဌာနမပါဝင်လုပ်ဆောင်သူများသညအရည်အသွေးတိုင်းတာမှုကို စံနှုန်းသတ်မှတ်သည်။ မွေးမြူရေးတိရစ္ဆာန်ပေါ် မှုတည်ပြီး  ‌‌အရည်အသွေးတိုင်းတာမှုကို အစာ၏မာကျောမှုအရွယ်အစားနှင့် အာဟာရပြည့်ဝစွာ ပါဝင်သော အမိုင်နိုအက်စစ်၊သတ္ထုဓာတ်၊အဆီဓာတ်၊အသားဓာတ်ကဲ့သို့သော ပါဝင်ပစ္စည်းများအပြင်ပိုင်းသွင်ပြင်များကို ဆုံးဖြတ်သည်။ 

ကမာခွံများ

"ကျွန်ုပ်တို့၏ ဥစားကြက်အစာတွင် ဥခွံအရည်အသွေးကို အထောက်အကူပြုသည့် ကယ်လ်စီယမ်အရင်းအမြစ်ဖြစ်သော ကမာခွံများဖြင့် ဖြည့်စွက်ထားပါသည်။ ကျွန်ုပ်တို့၏ အာဟာရပညာရှင်သည် ကြက်၏အစာခြေမှုနှင့် ကယ်လ်စီယမ်ရရှိမှုအပေါ် ကောင်းကျိုးသက်ရောက်မှုရှိနိုင်သောကြောင့် ဤကမာခွံများကို အနည်းငယ်ကြမ်းစေရန် လိုအပ်ပါသည်။ တခါတရံမှာကျွန်ုပ်တို့စက်ရုံသည် အလွန်ကောင်းမွန်သော ကမာခွံများကို ရရှိသော်လည်း ဥခွံများ၏ အရည်အသွေးကို ထိခိုက်နိုင်သောကြောင့် ဥစားကြက်အစာအတွက် ၎င်းတို့ကို အသုံးမပြုနိုင်ပါ။ ကျွန်ုပ်တို့တွင် တိရစ္ဆာန်အစာမျိုးစုံထုတ်လုပ်သည့် စက်ရုံတစ်ခုရှိသောကြောင့် ဥစားကြက်အစာအတွက် လိုအပ်ချက်မပြည့်မီသော ကမာခွံများကို အသားတိုးကြက်စာ သို့မဟုတ် ဝက်စာများတွင် တစ်ခါတစ်ရံအသုံးပြုနိုင်ပါသည်။ ၎င်းတို့သည် အစာထဲသို့ ထည့်ရမည့် အကျိုးကျေးဇူးများ ပေါ်တွင်မူတည်ပါသည်” ဟု De Heus Ghana မှ Aisha QA မန်နေဂျာက ဆိုပါသည်။  - ဂါနာအခြေစိုက် De Heus ၏ QA မန်နေဂျာဖြစ်သူ Aisha

Decisions on these levels are taken by the formulation department. As QA, we establish the procedures that ensure that these levels are consistent in every batch of feed, while QC establishes the measuring methods and decisions on acceptance. “When it comes to the safety of our products, QA is responsible for setting strict safety level limits and safeguarding them within our research, operations and products.

Senya: “To give an example: when a truck with corn arrives at our factory in Tema, my colleagues from Quality Control take samples and analyse them at our laboratory. The data they get from the analysis is then compared to the pre-set standards and specifications. If the corn doesn’t meet our expected requirements for the feed, in terms of physical parameters or nutritional values, we try to use it for other feed purposes that don’t require the same parameters. However, this all depends on the standards agreed with our customers. Those standards are always leading.”

ဒီဟက်(စ်)အစာနှင့်ပတ်သတ်ပြီး အရေးကြီးသော အရည်အသွေးသတ်မှတ်ချက်မှာ မွေးမြူထုတ်လုပ်ခြင်းလုပ်ငန်းတွင် အာဟာရလိုအပ်ချက်များကို ပြည့်မှီအောင်ဖြည့်ဆည်းပေးရန်နှင့် ကြိုတင်ခန့်မှန်းထားသော ရလဒ်များကို ရရှိစေခြင်းဖြစ်ပါသည်။ ကြိုတင်ခန့်မှန်းနိုင်မှုသည် အဘယ်ကြောင့် အလွန်အရေးကြီးသနည်း။

IJzerman- “မွေးမြူရေးခြံတိုင်းဟာ မတူညီပါဘူး။ အရွယ်အစား၊ တိရစ္ဆာန်တွေနဲ့ ရရှိနိုင်သော မွေးမြူရေးနည်းနည်းစနစ်ပေါ်မှုတည်ပြီး ကွဲပြားကြပါတယ်။ မွေးမြူရေးသမားများသည် မိမိတို့ မွေးမြူထားသောတိရစ္ဆာန်များကို သင့်လျော်သော အစာများကျွေးရန် လိုအပ်ပါသည်။ အကယ်၍ အသုံးပြုသောအစာ၏အရည်အသွေးသည် တစ်သမတ်တည်းမဟုတ်ပဲ မတည်ငြိမ်ပါက မွေးမြူသူများသည် ၎င်းတို့၏ ရည်မှန်းချက်များ ပြည့်မီရန် လိုအပ်သော အရည်အသွေးရလဒ်များကို ရရှိလိမ့်မည်မဟုတ်ပေ။”  

Senya- မျှော်မှန်းထားသော ရလဒ်တွေကို အစာအရည်အသွေးနှင့် ကောင်းမွန်တဲ့ မွေးမြူရေးခြံစီမံခန့်ခွဲမှုနှင့် ပေါင်းစပ်ပြီး ရရှိပါတယ်။ ကျွန်ုပ်တို့၏ဖောက်သည်များမျှော်လင့်ထားသော ရလဒ်ကိုရရှိအောင် ထောက်ပံ့ပေးနိုင်ရန်အတွက် ကျွန်ုပ်တို့၏ ကျွမ်းကျင်တိရစ္ဆာန်ဆေးကုဆရာဝန်များသည် မွေးမြူရေးခြံများသို့ နေ့စဉ်သွားရောက်ပါသည်။  
  
မွေးမြူသူတစ်ဦးသည် ပြဿနာ ကြုံတွေ့နေပါက၊ ကျွန်ုပ်တို့၏လုပ်ဖော်ကိုင်ဖက်များသည် မွေးမြူရေးခြံစီမံခန့်ခွဲမှုတွင် အဆင့်ဆင့်ဖြေရှင်းခြင်းဖြင့် ပြေလည်ရန် အရင် ကြိုးစားကြပါသည်။ ဥပမာအားဖြင့် ဥခွံအရည်အသွေးမကောင်းပါက၊ ဥစာကြက်၏ အစာစားနှုန်းနှင့်ရေသောက်နှုန်း ကဲ့သို့သော အလေ့အကျင့်အချို့ကို ပြောင်းလဲဖို့ လိုအပ်ခြင်းတို့ဖြစ်သည်။ သို့သော်လည်း အချို့ပြဿနာများသည် မွေးမြူရေးခြံစီမံခန့်ခွဲမှုကြောင့်မဟုတ်လျှင် အရည်အသွေးအာမခံမှုနှင့်အရည်အသွေးထိန်းချုပ်မှုဌာနသည် မွေးမြူရေးခြံများသို့ သွားရောက်သည့် အဖွဲ့ဆီမှအချက်အလက်များကို ရယူခြင်း(သို့မဟုတ်) - အခြားဌာနများနှင့် (ပြဿနာပေါ် မူတည်၍) - ဖြစ်နိုင်သည့်အကြောင်းရင်းများကို ခြေရာခံကာ ဖြစ်ပေါ်ခဲ့သည့် ပြဿနာနှင့်စပ်လျဥ်း၍ ဖြေရှင်းချက်များပေးခြင်းနှင့် အလားတူပြဿနာများမဖြစ်ရန် ကြိုတင်ကာကွယ်မှုများကို ဆက်လက်လုပ်ဆောင်မည်ဖြစ်သည်”။ 

ကျွန်ုပ်တို့၏ကမ္ဘာလုံးဆိုင်ရာရေရှည်တည်တံ့မှုဆိုင်ရာအကြောင်းအရာများအားပိုမိုလေ့လာမည်။

ကျွန်ုပ်တို့၏တာဝန်ယူမှုအပြည့်ရှိသောအစားအစာထောက်ပံ့ခြင်းအစီအစဉ်အားရှာဖွေမည်။

တိရစ္ဆာန်အစာထုတ်လုပ်ခြင်းတွင် နိုင်ငံတိုင်း၌ ခြားနားသော စိန်ခေါ်မှုများကို ရင်ဆိုင်နေကြရပါသည်။ ကမ္ဘာတစ်ဝှမ်းရှိ လုပ်ငန်းယူနစ် ၂၀နီးပါး၌ အစာအရည်အသွေး တစ်သတ်မှတ်တည်းဖြစ်မှုနှင့် ဘေးအန္တရာယ်ကင်းရှင်းမှုကို သင်မည်ကဲ့သို့ သေချာအောင်လုပ်မည်နည်း။ 

 IJzerman- "ကျွန်ုပ်တို့၏လုပ်ငန်းတာဝန်သည် ကျွန်ုပ်တို့၏လုပ်ငန်းယူနစ်အားလုံး၏ အရည်အသွေးအာမခံမှုနှင့်အရည်အသွေးထိန်းချုပ်မှုဌာနများကို တစ်သမတ်တည်းဖြစ်ခြင်း၊အချက်အလတ်များကို စုစည်းခြင်း၊လုပ်ငန်းယူနစ်တစ်ခုစီတွင် ဖြစ်ပျက်နေသည့်အရာများကို ခြုံငုံသုံးသပ်ခြင်းနှင့် အဲ့ဒီအချက်အလက်တွေကိုရရှိအောင် ပြုလုပ်ခြင်းဖြစ်သည်။ ဤအတွက် ကျွန်ုပ်တို့၏ အရေးကြီးဆုံးကိရိယာမှာ ကျွန်ုပ်တို့၏ အွန်လိုင်းဒေတာဘေ့စ် ProQ ဖြစ်သည်။ ၎င်းတွင် ကျွန်ုပ်တို့၏ QA ဌာနများအားလုံးမှ အချက်အလက်များကိုထည့်သွင်းထားသည်။ (ပြင်ပစာရင်းစစ်များ၏ ရလဒ်များ၊ ကုန်ကြမ်းအရင်းအမြစ်အချို့၏ အချက်အလက်များနှင့် တိုင်ကြားမှုများ) 
ဥပမာအားဖြင့် ပိုလန်ရှိ ဝယ်ယူရေးတာဝန်ခံသည် တူညီသော နေရာမှ ကုန်ကြမ်းတစ်မျိုးကိုဝယ်ယူရန် နယ်သာလန်ရှိ လုပ်ဖော်ကိုင်ဖက်များ၏ အတွေ့အကြုံများကို သိရှိရန် အလွန်အသုံးဝင်သည်။ လွန်ခဲ့သည့်နှစ်တွင် တိရစ္ဆာန်ကျန်းမာရေးပြဿနာများဖြစ်စေနိုင်သည့် ဗီတာမင်တစ်မျိုး၏ အချက်အလက်များကို မျှဝေခြင်းကြောင့် အစားအစာ ၁၀၀၀၀ မက်ထရစ်တန် ပြန်လည်သိမ်းဆည်းရနိုင်ခြင်းကို တားဆီးနိုင်ခဲ့သည်။"

“အရည်အသွေးသည် ကျွန်ုပ်တို့အမှတ်တံဆိပ်အတွက် အဓိကအရေးကြီးသောအစိတ်အပိုင်းတစ်ခုဖြစ်သည်။”

Carl IJzerman

Group Manager QA & QC at De Heus global in Ede

Senya-  "ProQ သည် ဒီဟက်စ်၏စံနှုန်းနှင့်ကိုက်ညီသော အရည်အသွေးအာမခံမှု (QA) လုပ်ထုံးလုပ်နည်းများနှင့် သတ်မှတ်ချက်များအားလုံးကို ထည့်သွင်းထားသည်။ ProQ က ကျွန်ုပ်တို့ကို အရမ်း အကူအညီဖြစ်စေပါသည်။ ဂါနာမှာ ကျွန်ုပ်တို့၏ဌာနကို စတင်တဲ့အခါမှာ ကျွန်ုပ်တို့၏အစာကို အာဟာရလိုအပ်ချက်များနှင့် တစ်သမတ်တည်းပြည့်မှီရန်နှင့် ကြိုတင်ခန့်မှန်းထားသော ရလဒ်များထုတ်နိုင်ရန် အထောက်အကူဖြစ်ခဲ့ပါသည်။ Carl ပြောသလိုပါပဲ၊ အခု ကျွန်တော်တို့ လည်ပတ်နေပါပြီ။ ကျွန်ုပ်တို့၏ လုပ်ထုံးလုပ်နည်းတွေ၊ စစ်ဆေးရမည့်စာရင်းတွေ၊ အလုပ်လမ်းညွှန်ချက်များကို ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အလားတူလုပ်ငန်းစဉ်တွေနှင့် နှိုင်းယှဉ်နိုင်ပါတယ်။ အပြန်အလှန်အားဖြင့် ကျွန်ုပ်တို့ကလည်း ဂါနာမှ ကျွန်ုပ်တို့၏အချက်အလက်များကို မျှဝေပြီး အရည်အသွေးထိန်းချုပ်မှုတွင် ဒီဟက်(စ်)၏ စုစည်းထားသောဗဟုသုတအဆင့်ကို တိုးမြှင့်ကူညီပေးပါသည်”။ 

IJzerman- “ဒီဟက်(စ်)၏ ကမ္ဘာလုံးဆိုင်ရာဌာနတွင် ကျွန်ုပ်တို့သည် တင်းကျပ်သော ဆေးညွှန်းများကို တတ်နိုင်သမျှရှောင်ရှားရန် ကြိုးစားသည်။ လုပ်ငန်းယူနစ်များသည် မိမိတို့နိုင်ငံတွင် မိမိတို့အောင်မြင်လိုသည့်အရာပေါ် မူတည်၍ ကိုယ်ပိုင်ရည်မှန်းချက်များကို သတ်မှတ်ရပါမည်။ ထိုနောက် ကျွန်ုပ်၏အဖွဲ့သည် ရည်မှန်းချက်ကို မည်သို့အောင်မြင်နိုင်သည်ဆိုသည့် မေးခွန်းကို ကူညီဖြေကြားရန် အစပြုပါမည်။ ဒါပေမယ့် Aisha ပြောခဲ့သလိုပဲ၊ ကျွန်တော်တို့မှာ သတ်မှတ်ထားသော အနိမ့်ဆုံး ကုမ္ပဏီစံနှုန်းတွေ ရှိပါတယ်”။ ဥပမာအားဖြင့် (အများဆုံး အသုံးပြုခြင်း လက်ခံနိုင်သည့် ဆေးပမာဏအကြောင်း) 

“တစ်သားတည်းဖြစ်တည်မှုနှင့် ဆေးဘက်ဆိုင်ရာအကြွင်းအကျန်များကို သယ်ဆောင်သွားနိုင်ရန်အတွက်ခြွင်းချက်တစ်ခုတော့ ရှိပါသည်။ ဥပမာအားဖြင့် ကျွန်ုပ်တို့သည် လိုအပ်ချက်များကို အသေးစိတ်ဖော်ပြထားပါသည်။ ကျွန်ုပ်တို့သည် ဆေးဝါးကုသရန် လိုအပ်သော တိရစ္ဆာန်များအတွက် ကျွန်ုပ်တို့၏ အစာထဲတွင် ဆေးဝါးများဖြင့် ဖြည့်စွက်ပါသည်။ ကမ္ဘာတစ်ဝှမ်းလုံးရှိ ကျွန်ုပ်တို့၏တိရစ္ဆာန်အစာထုတ်လုပ်သည့် စက်ရုံများသည် အစာတွင် မပါဝင်သင့်သော အကြွင်းအကျန်များကို တားဆီးမည့် တူညီသော လုပ်ထုံးလုပ်နည်းများကိုလိုက်နာရမည်ဖြစ်သည်”။ 

အရည်အသွေးနယ်ပယ်တွင် သင့်လမ်းကြောင်းကို ဦးတည်နေသည့် အကြီးမားဆုံးစိန်ခေါ်မှုအချို့ကို သင်ဘာပြောမည်နည်း။

Senya- 'ဒီနှစ်၊ ဂါနာမှာ ခြောက်သွေ့ရာသီ၌ မိုးသည်းထန်စွာရွာသည်။ အဲ့ဒီမိုးကြောင့် အစေ့အဆန်များနှင့် အစာများတွင် aflatoxin (မှိုအဆိပ်) ပမာဏအပေါ် သက်ရောက်မှုရှိနိုင်ပြီး အစေ့အဆန်များ ခြောက်သွေ့အောင်ပြုလုပ်တဲ့လုပ်ငန်းစဥ်မှာ အထောက်အကူဖြစ်တဲ့ နေရောင်ခြည်ရရှိမှုကို လျော့နည်းစေခြင်းနှင့် သိုလှောင်သည့်နေရာများတွင် စိုထိုင်းဆကို ပိုများစေပါသည်။ 
  အထက်ပါအချက်များကြောင့် ကျွန်ုပ်တို့၏ အရည်အသွေးအာမခံမှုနှင့် အရည်အသွေးထိန်းချုပ်မှုဌာနအတွက် အရည်အသွေးနှင့် မကိုက်ညီသော ကုန်ကြမ်းများကို ပိုမိုရရှိလာနိုင်သည်။  

ထိုကြောင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ဝယ်ယူရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ပြီး ကုန်ကြမ်းတင်သွင်းသူများကို ကုန်ကြမ်းများ၏ နောက်ဆုံး အရည်အသွေးကို ပိုမိုကောင်းမွန်စေမည့် ဂိုဒေါင်တွင်လုပ်ဆောင်သင့်သည့် အလေ့အကျင့်ကောင်းများအကြောင်းကို မျှဝေပါသည်။ 
 
၎င်းတို့ တင်သွင်းသောကုန်ကြမ်းပစ္စည်းများကို အရည်အသွေးလိုအပ်ချက်ကြောင့် ငြင်းပယ်သောအခါများတွင် တင်သွင်းသော ထုတ်ကုန်များအတွက် စံနှုန်းများနှင့် လိုအပ်ချက်များကို နားလည်ရန် ရှင်းပြပြီး ကူညီပေးပါသည်။ ကျွန်ုပ်တို့၏လမ်းညွှန်ချက်များအတိုင်း သူတို့အလေးထားပြီး လုပ်ဆောင်လာကြပါသည်။ ကုန်ကြမ်းတင်သွင်းသူများ (သို့မဟုတ်) ဖောက်သည်များနှင့် တိုက်ရိုက်ထိတွေ့မှု မရှိသော်လည်း QA မန်နေဂျာအနေဖြင့် ကျွန်ုပ်သည် ကွင်းဆက်၏ နှစ်ဖက်စလုံးအတွက် အရည်အသွေးအဆင့်ကို မြှင့်တင်နိုင်ပါသည်။" 

IJzerman- - “ရာသီဥတုဖောက်ပြန်မှုက ကုန်ကြမ်းတွေမှာ mycotoxins တွေအဖြစ်များလာမယ်၊ အဲဒါကို တစ်ကမ္ဘာလုံးက အာရုံစိုက်လာမယ် လို့ ကျွန်တော် မျှော်လင့်ပါတယ်။ တစ်ချိန်တည်းမှာပင်၊ တစ်ကမ္ဘာလုံးရှိ ဓာတ်ခွဲခန်းများ၏ တိကျမှုတိုးတက်လာမှုနှင့် ဥပဒေပြုရေးဆိုင်ရာ အသေးစိတ်အဆင့်တို့အကြား တင်းမာမှုတစ်ခုရှိနေသည်။ အပြိုင်မရှိကြတော့ဘူး။ ယခုအချိန်မှာ ဓာတ်ခွဲခန်းများသည် ပိုမိုအသေးစိတ်၍ တိုင်းတာနိုင်သည့်အခြေအနေရောက်စဥ်မှာ ဥပဒေသည် 'မတိုင်းတာနိုင်ပါက လက်ခံနိုင်သည်' ဟူသော နိယာမကို အခြေခံထားသည်။ဥပဒေအတိုင်းသာ ဆက်ရှိနေပါက အလုပ်မဖြစ်နိုင်သည့် အခြေအနေသို့ ဦးတည်သွားမည်ဖြစ်သည်။ ဤအချက်သည် မကြာမီကာလအတွင်းမှာ နိုင်ငံရေးအရ အာရုံစိုက်မှုလိုအပ်နေသော ကမ္ဘာ့စားနပ်ရိက္ခာကွင်းဆက်အတွက် ပြဿနာတစ်ရပ်ဖြစ်သည်။ ကျွန်ုပ်သည် အခြားလုပ်ဖော်ကိုင်ဖက်အချို့နှင့်အတူ FEFAC တွင်တက်ကြွစွာလုပ်ဆောင်နေပြီး လုပ်ငန်းခွင်အနှံ့ ဆွေးနွေးပွဲများတွင် အဆိုပါပြဿနာများကိုဖြေရှင်းရန် ကြိုးစားနေပါသည်။"