ASFနဲ့ပတ်သတ်လို့အထင်မှားနေကြတဲ့အချက် (၃) ချက်

17 အောက်တိုဘာ 2022
-
5 Mins

ASFနဲ့ပတ်သတ်လို့အထင်မှားနေကြတဲ့အချက် (၃) ချက်။

ASF လို့ခေါ်တဲ့ (အာဖရိကဝက်အပြင်းဖျားရောဂါ) ရောဂါနဲ့ပတ်သတ်ပြီးဝက်မွေးမြူရေးသမားအချို့အထင်မှတ်မှားနေကြတာလေးတွေကိုကျွန်တော်တို့သတိထားမိခဲ့ပါတယ်။ အဲ့ဒီအချက်လေးတွေကတော့

(၁) ရောဂါပိုးဟာလေထဲကနေကူးစက်နိုင်တယ်။
လုံးဝကိုမှားပါတယ်။ ဒီရောဂါပိုးဟာအဓိကအားဖြင့် Direct Contact (တိုက်ရိုက်ထိတွေ့ခြင်း) ဖြင့်ကသာအဓိကကူးစက်ပြီး လေထဲမှကူးစက်ခြင်းမရှိတဲ့အတွက်ရောဂါပျံ့ပွားမှုနှုန်းမှာ "ဝက်နာရွက်ပြာရောဂါ" လောက်မမြန်ပေ။

(၂) အေးခဲနေတဲ့အသားတွေမှာ ASF ပိုးမရှင်သန်နိုင်ပါ။
ဒီဟာလည်းမှားပါတယ်။ ဒီရောဂါပိုးဟာတစ်မူထူးခြားပြီး နေရောင်ခြည်ဒဏ်ကိုခံနိုင်သလို အေးခဲအသားတွေမှာပါရှင်သန်နေထိုင်နိုင်ပြီးအချိန်အတော်ကြာသည့်တိုင်အောင်ရှိနေနိုင်ပါသေးတယ်။ အေးခဲအသားတွေမှာဆိုရင် (၆) လနှင့်အထက်နေထိုင်ရှင်သန်နိုင်တာကိုလည်းတွေ့ရှိခဲ့ရပါတယ်။

(၃) ASF အတွက်ကာကွယ်ဆေးပေါ်နေပြီတဲ့။
ဒါလည်းမမှန်ပါဘူး။ အမျိုးမျိုးတီထွင်နေကြပေမယ့်အခုအချိန်ထိတော့အပြည့်အဝကာကွယ်နိုင်တဲ့ ASF ကာကွယ်ဆေးမရနိုင်သေးပါဘူး။

how to prevent africa swine fever

ဒီရောဂါပိုးဟာ DNA ဗိုင်းရပ်စ်ပိုးဖြစ်ပြီး RNA ဗိုင်းရပ်စ်ပိုးကဲ့သို့ Mutation ဖြစ်ဖို့အလားအလာနည်းသော်လည်း မျိုးကွဲပေါင်း (၂ဝ) ကျော်ရှိခြင်း၊ ကာကွယ်ဆေးမရှိခြင်းနှင့်ရောဂါဖြစ်ပွားပါက ကုသမရနိုင်ခြင်းတို့ကြောင့်ဝက်မွေးမြူရေးလုပ်ငန်းရှင်များအတွက် စီးပွားရေးအရများစွာသောဆုံးရှုံးနစ်နာမှုတွေကိုဖြစ်စေနိုင်ပါတယ်။

ဟုတ်ပြီ။
အဲ့တော့ကျွန်တော်တို့ဒီ အာဖရိကဝက်အပြင်းဖျားရောဂါ ကိုဘယ်လိုကာကွယ်ကြမလဲ။

ဒီရောဂါက ကာကွယ်ဆေးမရှိသလို ကုသဆေးလည်းမပေါ်သေးတာကြောင့် Biosecurity လို့ခေါ်တဲ့ "ဇီဝလုံခြုံရေး" ကသာ ဒီရောဂါကို မိမိခြံမှာဖြစ်ပွားခြင်းမရှိစေရန်အကောင်းဆုံးတားဆီးနိုင်မယ့်စည်းတစ်ခုဖြစ်ပါတယ်။ "ဇီဝလုံခြုံရေး" ဆိုတာ အလွယ်ပြောရရင်တော့ မိမိမွေးမြူထားတဲ့တိရစ္ဆာန်တွေရောဂါမဖြစ်ပွားစေဖို့အတွက်

(၁) မိမိရဲ့မွေးမြူရေးခြံအတွင်းမလိုအပ်ပဲ လူဝင်လူထွက်မလုပ်စေခြင်း။
(၂) အခြားသောတိရစ္ဆာန်များ အဝင်အထွက်မရှိစေရန်ထိန်းချုပ်ခြင်း။
(၃) ကား၊ ဆိုင်ကယ်နှင့်အခြားသောပစ္စည်းသယ်ယူသည့်နေရာတွင်သုံးသည့် ယာဉ်များကို စနစ်တကျပိုးသတ်ပြီးမှ အဝင်အထွက်ပြုလုပ်စေခြင်း။
(၄) ခြံထဲမှာသုံးစွဲမယ့်ပစ္စည်းတွေကို စနစ်တကျပိုးသတ်ပြီးမှသုံးစွဲစေခြင်း။
(၅) မိမိခြံမှအခြားသောခြံများသို့ ရောဂါများမပြန့်စေရန် ထိန်းချုပ်ဆောင်ရွက်ခြင်း။
(၆)မိမိခြံအတွင်း ရောဂါမပြန့်ပွားစေရန်ထိန်းချုပ်ခြင်း။

အစရှိသောအချက်များကိုတိတိကျကျလိုက်နာဆောင်ရွက်ပေးခြင်းကိုဆိုလိုတာဖြစ်ပါတယ်။

how to prevenet asf africa swine fever

ဇီဝလုံခြုံရေး လို့ဆိုလိုက်ရင် မွေးမြူရေးလုပ်တဲ့ "ညိုကီ" တွေအားလုံးသိပြီးဖြစ်ပေမယ့်လိုက်နာဆောင်ရွက်တဲ့သူတွေအလွန်နည်းပါးသေးတာကိုတွေ့နေရတဲ့အတွက်အခုလိုရေးသားပေးလိုက်ရခြင်းပဲဖြစ်ပါတယ်ခင်ဗျ။ ကိုယ်မွေးထားတဲ့ဝက်တွေက ကျန်းမာနေပြီးရာသီဥတုကလည်းကောင်းမွန်နေရင် မသိသာပေမယ့် ရာသီဥတုကလည်းမမှန်၊ ဝက်တွေကလည်းနေမကောင်းဖြစ်တဲ့အချိန်ဆိုရင် ဇီဝလုံခြုံရေး ရဲ့အရေးပါမှုကတအားသိသာလာရောဗျို့။

အဲ့ဒီလိုအချိန်မျိုးဆိုရင် ကိုယ့်ဝက်ခြံထဲကိုပြန်ဝင်ရင်တောင် ပိုးသတ်ပြီးမှဝင်တာအကောင်းဆုံးပါ။
ဝက် (၂) ကောင်လောက်မွေးထားတဲ့သူပဲဖြစ်နေဦးတော့ ခြံအဝင်အဝမှာ ပိုးသတ်ဆေးကန်ထားတာ၊ ထုံးဖြူးထားတာ အစရှိတဲ့အလွယ်တကူဆောင်ရွက်လို့ရတဲ့အရာတွေကိုလုပ်ပေးပါလို့ ဒီဟက်(စ်)မြန်မာကတိုက်တွန်းလိုက်ရပါတယ်။

ကျွန်တော်တို့ဒီဟက်(စ်)မြန်မာကထုတ်လုပ်ထားတဲ့ ဝက်စာတွေကိုလည်းစိတ်ဝင်စားလို့လေ့လာချင်တယ်ဆိုရင် ဒီလင့်ခ် (https://www.deheus.com.mm/animal-nutrition/swine) မှာဝင်ရောက်လေ့လာနိုင်ပါတယ်။

အခြားသောဗဟုသုတများကိုလည်းဖတ်ရှုနိုင်ပါသည်။