တိရစ္ဆာန်အစာနှင့်ဘေးအန္တရာယ်ကင်းရှင်းမှု။

21 ဖေဖော်ဝါရီ 2022
-
3 Mins

တိရစ္ဆာန်အစာနှင့်ဘေးအန္တရာယ်ကင်းရှင်းမှု။

မွေးမြူရေးလုပ်ငန်းများတွင် ပဋိဇီဝဆေးခေါ် ပိုးသတ်ဆေးများကို အဏုဇီဝပိုးမွှား (ဘက်တီးရီးယား) များကြောင့်ဖြစ်ပွားသော ကူးစက်ရောဂါများကို ကာကွယ်ကုသရန်အတွက်သာမကပဲ တိရစ္ဆာန်များရဲ့ ကြီးထွားနှုန်းမြှင့်ရန်နှင့် အစာမှအစားအစာ (Feed to Food) ပြောင်းလဲမှုကောင်းမွန်ရန်အတွက်ပါ တိရစ္ဆာန်အစာများတွင် ပဋိဇီဝဆေးဝါးများကို ထည့်သွင်းကာ ဖော်စပ်ထုတ်လုပ်ကြပါတယ်။

ဒီဟက်စ်မြန်မာအနေဖြင့် အစာမျာ:၏ဘေးအန္တရာယ်ကင်းရှင်းရေး(Feed Safety) ကို ဦးစားပေးလုပ်ဆောင်တဲ့အတွက် ISO 22000:2018 စံချိန်စံညွှန်းအတိုင်း မွေးမြူရေးတိရစ္ဆာန်အစာများကို ထုတ်လုပ်ပေးလျက်ရှိ‌နေပါတယ်။ အသားတိုးကြက်ကြီးစာ (6035)၊ ဆီမီးအသားတိုးကြက်ကြီးစာ (6635)၊ အသားတိုးဝက်ကြီးစာ (3855)၊ အသားတိုးဘဲအကြီးစာ (7765)၊ ဥစားဘဲအစာ (7770)၊ ဥစားငုံးစာ (8010)၊ ဥစားကြက်စာတွေဖြစ်တဲ့ (7730) နှင့် (7735)၊ ငုံးအကြီးစာတွေဖြစ်တဲ့ (7790) နှင့် (7795)၊ စတဲ့အစာများတွင်ပဋိဇီဝဆေးများကိုထည့်သွင်းဖော်စပ်ထားခြင်းမရှိပါဘူး။

မွေးမြူထားသောတိရစ္ဆာန်များတွင် ပဋိဇီဝဆေးဝါးအလွန်အကျွံပေးခြင်း (သို့မဟုတ်) ပဋိဇီဝဆေးဝါးမြောက်များစွာပါဝင်သောအစာများကိုကျွေးခြင်းကြောင့် တိရစ္ဆာန်များတွင် Antimicrobial Residue (ပဋိဇီဝဆေးအကြွင်းအကျန်) တွေဖြစ်ပေါ်လာပြီး အဲ့ဒီအသားတွေကို လူတွေကပြန်လည်စားသုံးတဲ့အခါမှာတော့ Antibiotic Resistance တွေရရှိလာပြီး ဆေးဝါးကုသတဲ့အခါမှ ဆေးမတိုးခြင်း၊ ပြင်းထန်သော Antibiotic ဆေးဝါးများသုံးစွဲမှသာ ရောဂါခံစားရသက်သာခြင်းစတဲ့ ဆိုးကျိုးတွေကိုခံစားရစေနိုင်ပါတယ်။

တိရစ္ဆာန်အစာများတွင် ပဋိဇီဝဆေးဝါးများအသုံးပြုမှုနည်းပါးခြင်း (သို့မဟုတ်) မလိုအပ်ဘဲအသုံးမပြုခြင်းနှင့်မှန်ကန်သောသုံးစွဲမှုနည်းလမ်းများအတိုင်းသာအသုံးပြုခြင်းများသည် တိရစ္ဆာန်များအပေါ်တွင် ဆေးယဉ်ပါးမှုဒဏ်ကို လျော့ကျစေပြီး ဆေးပေးဖို့လိုအပ်သည့်အခါ ပိုမိုထိရောက်မှုရှိစေမှာဖြစ်ပါတယ်။ တိရစ္ဆာန်အစာများတွင်ပဋိဇီဝဆေးပါဝင်မှုနည်းခြင်းသို့မဟုတ် မပါဝင်ခြင်းသည်ကျွန်တော်တို့လူသားများအတွက်လည်း ပဋိဇီဝဆေးယဉ်ပါးမှုကိုလျော့ချနိုင်ပြီး ကျန်းမာသန်စွမ်းသော ‌နေထိုင်မှုဘဝကိုရရှိစေမှာဖြစ်ပါတယ်။ ဆေးပညာရှင်များကနှစ်စဉ် ကမ္ဘာ့လူဦးရေရဲ့ (၁ဝ) သန်းလောက်ဟာ ပဋိဇီဝဆေးယဉ်ပါးမှုကြောင့် 2050 တွင် သေဆုံးနိုင်ဖွယ်ရှိသည်ဟုလည်း ခန့်မှန်းထားပါတယ်။

မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသူတွေအနေဖြင့် မိမိရဲ့မွေးမြူထားသောတိရစ္ဆာန်များ ပဋိဇီဝဆေးယဉ်ပါးမှုမှ ကင်းဝင်းစေရန်အတွက် ပဋိဇီဝအသုံးပြုမှုနည်းသော (သို့မဟုတ်)အသုံးပြုမှုမရှိသော အစာများကို လေ့လာဝယ်ယူဖို့လိုအပ်ပါတယ်။

မိမိရဲ့မွေးမြူရေးခြံတွင် ပဋိဆေးဝါးများကို အသုံးပြုဖို့လိုအပ်တဲ့အခါမျိုးမှာ မှန်ကန်စွာအသုံးပြုရန်အရေးကြီးသလို ကျွမ်းကျင်တိရစ္ဆာန်ဆေးကုဆရာဝန်များရဲ့ လမ်းညွှန်မှုအတိုင်းသာအသုံးပြုဖို့လိုအပ်ပါကြောင်း ထပ်လောင်းပြောကြားလိုက်ပါတယ်ခင်ဗျာ။

အခြားသောဗဟုသုတများကိုလည်းဖတ်ရှုနိုင်ပါသည်။