ပင်မစာမျက်နှာ / ကျွနု်ပ်တို့၏အကြောင်း / ကျွနု်ပ်တို့၏အကြောင်း / အရည်အသွေး

အရည်အသွေး

ကျွနု်ပ်တို့အနေဖြင့် ကျွနု်ပ်တို့၏အရည်အသွေးပေါ်တွင် အထူးပင်ယုံကြည်စိတ်ချမှုရှိပါသည်။ ယင်းကဲ့သို့သောအရည်အသွေးကိုပိုင်ဆိုင်နိုင်စေရန်နှစ်ပေါင်းတစ်ရာကျော်တိုင်အဓိကအထူးပြုပြီးအခြေခံကျသောအလုပ်အနေနဲ့ပြုလုပ်နေခဲ့တာလည်းပဲဖြစ်ပါသည်။ ကျွနု်ပ်တို့၏ထုတ်လုပ်ရေးအဆင့်ဆင့်တိုင်းအတွက် နောက်ဆုံးပေါ်စံနှုန်းများနှင့်ညီညွတ်စေရန်လည်းနေ့စဉ်နေ့တိုင်း အထူးကြပ်မတ်လုပ်ဆောင်လျက်ရှိပါသည်။ ကျွနု်ပ်တို့၏တစ်ခုတည်းသောရည်မှန်းချက်ကတော့ အရည်အသွေးပြည့်မှီသောတိရစ္ဆာန်အစာများကိုထုတ်လုပ်ပေးနိုင်ရန်နှင့် အကောင်းမွန်ဆုံးသောဝန်ဆောင်မှုများကိုထောက်ပံ့ပေးနိုင်စေရန်လည်းပဲဖြစ်ပါသည်။ ဒါဟာကျွန်တော်တို့ရဲ့မွေးမြူရေးလုပ်ငန်းရှင်များ၏အကျိုးစီးပွားဖြစ်ထွန်းစေရန်အားပေးဆောင်ရွက်ခြင်းလည်းဖြစ်ပါသည်။

နေ့စဉ်အထူးကြပ်မတ်စီစစ်ခြင်းဖြင့် အရည်အသွေးစံချိန်များကိုတိုးတက်ကောင်းမွန်စေခြင်း

ကျွနု်ပ်တို့၏နိုင်ငံတကာအဆင့်ထိရည်မှန်းဖော်ဆောင်မှုများကြောင့် မွေးမြူရေးဆိုင်ရာအသိပညာနှင့်ဗဟုသုတများကိုပိုမိုတိုးတက်ကောင်းမွန်စေပါသည်။ ဒါ့အပြင် ကမ္ဘာ့အကောင်းမွန်ဆုံးသောတက္ကသိုလ်များနှင့်ချိတ်ဆက်ပူးပေါင်းလုပ်ဆောင်နေခြင်းကြောင့်လည်း ပိုမိုကောင်းမွန်သည့်အကျိုးကျေးဇူးများကိုဖြစ်ထွန်းရရှိစေနိုင်မှာလည်းပဲဖြစ်ပါသည်။ ကျွနု်ပ်တို့နှင့်လက်တွဲဆောင်ရွက်လျက်ရှိသည့် သုတေသနကုမ္ပဏီများ၏ နောက်ဆုံးရရှိထားသည့်သုတေသနရလဒ်များကို မွေးမြူရေးခြံများတွင်လက်တွေ့အသုံးချပြီး အကောင်အထည်ဖော်ဆောင်နိုင်စေမှာပဲဖြစ်ပါသည်။ ကျွနု်ပ်တို့ဝန်ထမ်းများ၏လုပ်ငန်းခွင်ဆိုင်ရာချဉ်းကပ်မှုနှင့် ဝန်ဆောင်မှုများအပေါ်ကောင်းမွန်သောခံယူချက်များကလည်းအကောင်းဆုံးအရည်သွေးမြင့်ထုတ်ကုန်များရရှိစေနိုင်ရေးအတွက်အစိတ်အပိုင်းတစ်ခုလည်းဖြစ်စေပါသည်။

Qaulity in animal feed

မြောက်များစွာသောနိုင်ငံတကာအရည်သွေးစနစ်များဖြင့်လည်း သတ်မှတ်နိုင်ခဲ့ပြီးဖြစ်ပါသည်။

ကျွနု်ပ်တို့ထုတ်ကုန်များ၏ အရည်အသွေးကိုသာမက ဘေးအန္တရာယ်ကင်းရှင်းစေမှုအတွက်လည်းနိုင်ငံတကာအရည်အသွေးစံနှုန်းသတ်မှတ်ချက်များအတိုင်းပြုလုပ်ထားရှိပြီးအောက်ဖော်ပြပါစာမျက်နှာများတွင်အသေးစိတ်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

အာဟာရဗေဒဆိုင်ရာနည်းပညာများတွင် ရင်းနှီးမြှုပ်နှံခြင်း။

ကျွနု်ပ်တို့အနေဖြင့် သုတေသနလုပ်ငန်းစဉ်များနှင့်ကုန်ထုတ်လုပ်မှုဆိုင်ရာနည်းပညာများတွင်လည်းစဉ်ဆက်မပြတ်ရင်းနှီးမြှုပ်နှံထားလျက်ရှိနေပါသည်။ ဓာတ်ခွဲခန်းများ ၊ သုတေသနဠာနများနှင့်အလုပ်ရုံများတည်ဆောက်ခြင်းကိုထပ်မံတိုးချဲ့ြ့ပုလုပ်လျက်လည်းရှိနေပါသည်။
၎င်းတို့သည်လည်းကျွနု်ပ်တို့၏တူညီသောရည်မှန်းချက်များထဲကတစ်ခုဖြစ်ပါသည်။ ဒါကြောင့်လည်းကျွနု်ပ်တို့၏ကုန်ထုတ်လုပ်မှုလုပ်ငန်းခွင်များသည်ကမ္ဘာ့အဆင့်မှီနောက်ဆုံးပေါ်နည်းပညာများဖြင့်လည်ပတ်လျက်ရှိနေခြင်းပါ။ De Heus Myanmar Ltd အနေဖြင့်အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းစေရေးဆိုသည့်အချက်အား အရည်အသွေးဆိုင်ရာစံနှုန်းသတ်မှတ်ချက်များအတိုင်းတူညီစွာထည့်သွင်းစဉ်းစားသွားမှာလည်းဖြစ်ပါသည်။