ပင်မစာမျက်နှာ / ကျွနု်ပ်တို့၏အကြောင်း / ကျွနု်ပ်တို့၏အကြောင်း / ကျွနု်ပ်တို့၏သမိုင်းကြောင်း

ကျွနု်ပ်တို့၏သမိုင်းကြောင်း

Royal De Heus အနေဖြင့် ၁၉၁၁ ခုနှစ်မှစတင်ကာ နယ်သာလန်နိုင်ငံတွင်အခြေပြုစတင်ပြီး အစာတောင့်ထုတ်လုပ်ခြင်းလုပ်ငန်းစဉ်များကိုပြုလုပ်လျက်ရှိနေခဲ့ပါသည်။
ထိုမှတစ်ဆင့်နိုင်ငံတကာဈေးကွက်အတွင်းစတင်ဝင်ရောက်လာကာ အရည်အသွေးမြင့်မားသည့် စံချိန်မှီတိရစ္ဆာန်အစာများကို စဉ်ဆက်မပြတ်ထုတ်လုပ်ပေးလျက်လည်းရှိနေပါသည်။
နယ်သာလန်နိုင်ငံအတွင်းတွင်သာမက ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင်အောင်မြင်မှုများရရှိလာခဲ့ပြီး ယခုအချိန်မှာဆိုရင်တော့ Royal De Heus အနေဖြင့် နိုင်ငံပေါင်း (၅ဝ) ကျော်တွင်လုပ်ငန်းခွဲများဖွင့်လှစ်ထားရှိနိုင်ခဲ့ပြီးဝန်ထမ်းပေါင်း (၄၂ဝဝဝ) ကျော်ကိုလည်းခန့်အပ်ပြီး အလုပ်အကိုင်အခွင့်အလမ်းတွေဖန်တီးပေးနိုင်ခဲ့ပါသည်။



နယ်သာလန်နိုင်ငံ၊ ပိုလန်၊ ချက်၊ ဆာဘီးယား၊ ပေါ်တူဂီ၊ စပိန်၊ ဗီယက်နမ်၊ မြန်မာ၊ ရုရှား၊ ဘရာဇီး၊ တောင်အာဖရိက၊ အီဂျစ်၊ အီသီယိုးပီးယား နိုင်ငံများတွင် တိရစ္ဆာန်အစာစက်ရုံများကိုတည်ဆောက်ထားခဲ့နိုင်ပြီး တစ်ကမ္ဘလုံးအတိုင်းအတာဖြင့် အစာထုတ်လုပ်သည့် နိုင်ငံများအတွင်း နံပါတ် (၁၅) နေရာ၌အောင်မြင်စွာရပ်တည်နေနိုင်ပြီလည်းဖြစ်ပါသည်။

Royal De Heus သည် အသားတိုးကြက်စာ ၊ ဥစားကြက်စာ ၊ ဝက်စာ ၊ နွားစာ ၊ ဘဲစာ ၊ ငုံးစာများသာမက ငါးစာများကိုလည်းထုတ်လုပ်ပေးလျက်ရှိနေပါသည်။ဈေးကွက်လိုအပ်ချက်နှင့်မွေးမြူရေးလုပ်ငန်းရှင်များအတွက်အကောင်းဆုံးဖြစ်စေမည့် အစာများကိုထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိနေသည့်အပြင် ကျွနု်ပ်တို့၏ ကျွမ်းကျင်ပညာရှင်များမှ နည်းပညာအထောက်အပံ့များမွေးမြူရေးအသိပညာများ ၊ ဆေးကုသစရိတ်နှင့် အခြားသောကုန်ကျစရိတ်များသက်သာစေရန်အတွက်လည်း အစဉ်အမြဲအကြံပေးဆွေးနွေးပေးလျက်ရှိနေမှာလည်းဖြစ်ပါသည်။


၂ဝ၁၆ ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့တွင် Royal De Heus ၏ပထမဆုံးသော အစာစက်ရုံကို ရန်ကုန်မြို့ မြောင်းတကာစက်မှုဇုန်တွင် ဖွင့်လှစ်နိုင်ခဲ့ပြီး ၊ ၂ဝ၁၇ ခုနှစ် မေလ (၂၈) ရက်နေ့တွင် ဒုတိယမြောက်အစာအစက်ရုံကို မန္တလေးမြို့ မြို့သာစက်မှုဝန်းအတွင်းတွင် ထပ်မံဖွင့်လှစ်နိုင်ခဲ့ပါတယ်။ နောက်ထပ်လည်း အစာစက်ရုံများကိုတိုးချဲ့ဖွင့်လှစ်သွားပြီး မြန်မာနိုင်ငံ၏မွေးမြူရေးအစာလိုအပ်ချက်များကို ဖြည့်ဆည်းပေးနေမှာလည်းပဲဖြစ်ပါသည်။

De Heus Myanmar Ltd is one of the leading Livestock and animal feeds company in Myanmar and probably the best animal feeds in Myanmar.