ရှစ်နှစ်ကြာလက်တွဲပြီးနောက်မှာ ကျွန်တော့်ရဲ့နွားမွေးမြူရေးခြံအနေနဲ့ တစ်နှစ်လျှင်နွားနို့လီတာပေါင်း (သိန်း ၂ဝ) အထိ ထုပ်လုပ်နိုင်ခဲ့ပြီဖြစ်ပါသည်။

16 စက် 2020

Fernando ငယ်စဉ်ဘဝထဲက သူ့အဖေနှင့်အဖိုးတို့ဟာ Holland ကနေ Brazil ကိုပြောင်း‌ရွှေ့ခဲ့ပြီး နို့စားနွားမွေးမြူရေးကိုလုပ်ကိုင်ခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ (၈) နှစ်ကစပြီးသူဟာ ဘိုးဘွားပိုင် Estancia Shalom Farm ကိုအကောင်းဆုံးရလဒ်ရစေရမည်ဆိုသည့်ရည်ရွယ်ချက်နဲ့ကိုင်တွယ်ခဲ့ပါတယ်။

Fernando Sleutjes
ဘရာဇီး(လ်)

Fernando Sleutjes သည်မိသားစု၏တတိယမြောက်မျိုးဆက်ဖြစ်ပြီး ၎င်း၏မိသားစုသည် ၁၉၅ဝ ခုနှစ်ကတည်းကစတင်ကာနွားမွေးမြူရေးလုပ်ငန်းကိုလုပ်ကိုင်ခဲ့ပါသည်။ Paraná၊ Piraí do Sul တွင်တည်ရှိပြီး Estância Shalom ခြံသည် နို့စားနွားများနှင့်စိုက်ပျိုးရေးလုပ်ငန်းများကိုပိုင်းခြားပြီးလုပ်ကိုင်လျက်ရှိနေပါသည်။

နို့ညှစ်နွားမ အကောင်း (၆ဝ) မှ စုစုပေါင်းကောင်ရေ (၄၆ဝ) သို့ခရီးလမ်း။

Holstein နွားမျိုးများကို (၈) နှစ်ကြာမွေးမြူပြီးနောက်မှာတော့ သူ့၏ခြံဟာတစ်နှစ်လျှင်နွားနို့လီတာ (၂၆) သိန်းအထိထုတ်လုပ်နိုင်လာတယ်။ အကောင်ရေ (၆ဝ) နဲ့စခဲ့တဲ့ခရီးလမ်းဟာ ယခုအချိန်မှာ နို့ညှစ်နွားမကြီး (၂ဝဝ) ကောင်၊ မဒန်း နွားငယ်အုပ်စု (၂ဝ) နှင့် စုစုပေါင်း (၄၈ဝ) ကောင်ရေရှိနေပြီဖြစ်ပါသည်။ Sleutjes ဟာ ခြံကိုစီမံတဲ့အခါ နို့ညှစ်နွားမကြီးများသာမက မဒန်းများကောင်းကြီးထွားကျမ်းမာဖို့ပါ အလေးထားတယ်လို့ဆိုပါတယ်။

“ခြံတစ်ခြံရေရှည်အမြတ်အစွန်းထွက်ဖို့အတွက် ကျတော်တို့ဟာ မဒန်းငယ်လေးတွေအပေါ်မှာပါ နောက်တွင် နို့ထွက်ကောင်းဖို့ ရည်ရွယ်မွေးမြူပါတယ်။ အသက် (၂၄) နဲ့ (၂၅) လ ကြားရှိပြီး အလေးချိန် (၅၇ဝ) ကီလို ရှိတဲ့ မဒန်းမတစ်ကောင်ဟာ သူ့ရဲ့ပထမနို့ပေးကာလမှာတင် အမြင့်ဆုံး၄၀ ကနေ ၄၅ လီတာအထိ နို့ထုပ်ပေးပါတယ်။ နောင်ပြီး "နို့ပေးသက်တမ်းတစ်လျှောက်လုံးလည်း နို့ပေးနှုန်းအရမ်းကောင်းပါတယ်” လို့ သူကပြောပြပါတယ်။

Sleutjes ဟာအခုဆိုရင် ဝန်းထမ်းဆယ်ယောက်နှင့်အတူ သူ့မိသားစု အကူအညီနှင့် ခြံလုပ်ငန်းကိုအောင်အောင်မြင်မြင် လုပ်ဆောင်နေပါတယ်။
“ကျတော့်မိန်းမက သားစပ်မျိုးပွားခြင်းဆိုင်ရာ လုပ်ငန်းအားလုံး တာဝန်ယူပါတယ်။ ကျတော့်သားကြီးကတော့ စိုက်ပျိုးရေးပညာရှင်ဖြစ်ပြီးအစာကြမ်းနှင့်ပတ်သတ်ပြီး တာဝန်ယူပါတယ်။အငယ်ဆုံးသမီးလေးကိုလည်း နွားတွေနဲ့အလုပ်လုပ်တက်အောင်သင်ကြားပေးနေပါပြီ” လို့ သူကထပ်ပြောပြပါတယ်။

 

"ဖာနန်ဒို" ရဲ့ခြံကိုလေ့လာကြည့်ရှုနိုင်ပါတယ်။

မွေးမြူနည်းစနစ်၊ အစာအဟာရနှင့် မျိုးရိုးဗီဇ : အကောင်းဆုံးရလဒ်အတွက်အခြေခံလိုအပ်ချက်များ။

ထုပ်လုပ်မှုမြင့်မားရန်အတွက် Shalom farm ဟာ De Heus က ဆွဲပေးတဲ့ KALIBER plan ကိုသုံးပြုပါတယ်။ ထို Plan ဟာ နွားငယ်လေးတွေကောင်းစွာကြီးထွားဖို့ ၎င်းတို့၏ ကိုယ်ခန္ဓာအခြေအနေပေါ် အခြေခံပြီး ကုန်ကျမှုအနည်းဆုံးနှင့် အကျိုးရှိဆုံးကျွေးမွေးနိုင်ရန် တွက်ချက်ထားခြင်း ဖြစ်ပါသည်။ ထို plan ကိုအသုံးပြုခြင်းအားဖြင့် နွားငယ်လေးတွေဟာ ကောင်းစွာကြီးထွားပြီးသက်တမ်းရှည်ရှည်နဲ့ထုတ်လုက်မှု မြင့်မားမှာဖြစ်ပါတယ်။

Plan မှာ နို့ခွဲ၊ နွားငယ်၊ မဒန်းနှင့် ကိုယ်ဝန်ဆောင်ချိန်ဆိုပြီး အပိုင်းလေးပိုင်းပါဝင်ပါတယ်။

အပိုင်းတစ်ခုချင်းစီမှာ ပရိုတင်း၊ စွမ်းအင်၊ ကစီ၊ အမျှင်၊ ဗီတာမင်နှင့် သတ္တုဓာတ်များ စသည့် မတူညီတဲ့အဟာရမျိုးစုံကို နွားရဲ့လိုအပ်ချက်နှင့်ပြည့်စုံအောင်ဖော်စပ်ထားပါသည်။ ဒါပြင် ခြံမှာရနိုင်တဲ့အစာကြမ်းများနှင့်လည်း ကိုက်ညီအောင်ဖော်စပ်ထားပါတယ်။ ခြံအတွင်းမှတ်တမ်းတွေအရ (၂ဝ၁၈) မှာ ပထမဆုံးအကြိမ်မွေးတဲ့နွားမတွေရဲ့ စုစုပေါင်းနို့ထွက်နှုန်းဟာ တစ်နှစ်ပျမ်းမျှ ၁၀,၉၈၀ လီတာရှိရာမှ ၂၀၁၉ မှာ ၁၁,၅၀၀လီတာအထိတိုးလာပါတယ်။ ယခု (၂ဝ၂ဝ) မှာတော့ တစ်နှစ်ပျမ်းမျှ ၁၂,၂ဝဝ မှ ၁၂,၅ဝဝ လီတာအထိ ရရှိနေပြီဖြစ်ပါသည်။

“ဒါဟာဆိုရင် မဒန်းမွေးမြူစောင့်ရှောက်တဲ့အခါ မျိုးကောင်းမျိုးသန့်ရွေးချယ်ပြီးအစာအဟာရ စနစ်တကျကျွေးမွေးရုံဖြင့် သုံးနှစ်အတွင်းမှာပထမအကြိမ်မွေးတဲ့နွားမတွေရဲ့ တစ်ရက်နို့ထွက်နှုန်းဟာ တစ်ကောင်ကို (၅) လီတာအထိ ပိုထွက်လာတာဖြစ်ပါတယ်။ အစာရဲ့အရေအသွေးပြည့်ဝမှုဟာနောက်ဆုံးရလဒ်ပေါ်မှာ အများကြီးမူတည်ပါတယ်” လို့ သူကပြောပါတယ်။

မိသားစု၏ကူညီထောက်ပံ့မှု။

“ကျတော့်မိန်းမက သားစပ်မျိုးပွားခြင်းဆိုင်ရာ လုပ်ငန်းအားလုံး တာဝန်ယူပါတယ်။ ကျတော့်သားကြီးကတော့ စိုက်ပျိုးရေးပညာရှင်ဖြစ်ပြီးအစာကြမ်းနှင့်ပတ်သတ်ပြီး တာဝန်ယူပါတယ်။ အငယ်ဆုံးသမီးလေးကိုလည်း နွားတွေနဲ့အလုပ်လုပ်တက်အောင်သင်ကြားပေးနေပါပြီ” လို့ သူကထပ်ပြောပြပါတယ်။

ယုံကြည်မှုနှင့် လက်တွဲခြင်း။

လွန်ခဲ့တဲ့ရှစ်နှစ် Sleutjes တို့ Shalon ခြံစကိုင်ချိန်မှာပဲ Brazil ကိုနိုင်ငံတကာcompany တွေဝင်လာခဲ့ပြီး သူတို့ဟာ De Heus ကိုရွေးချယ်လက်တွဲခဲ့ပါတယ်။ “ပုံမှန်အားဖြင့် အစာ company တွေဟာ ငွေဝင်ကာလဖြစ်တဲ့နို့ပေးကာလ ကိုပဲ ဦးတည်ကြပါတယ်။ နွားငယ်လေးနဲ့ နို့ခမ်းပြုစုစောက့်ရှောက်ခြင်းကဲ့သို့သော ရင်းနှီးမြှုပ်နှံရတဲ့ကာလတွေကိုတော့ မေ့ထားတတ်ကြပါတယ်။ ဒါပင်မဲ့ De Heus က ထုံးစံအတိုင်းမွေးကင်းစမှ စပြီး နို့ပေးကာလအထိ အာရုံစိုက်ပေးတဲ့အတွက် ကျတော်ခြံဟာသိသိသာသာ တိုးတက်လာခဲ့ပါတယ်။ De Heus ဟာ အရေအသွေးပြည့်ဝတဲ့ ထုပ်ကုန်တွေပေးတဲ့အပြင် သေချာသုသေသနလုပ်ထားတဲ့ တန်ဖိုးရှိတဲ့ ဗဟုသူတတွေကိုလည်း‌ဝေမျှပေးပါတယ်။ အဲ့အရာတွေဟာ ကျတော်တို့ လိုချင်တဲ့ပန်းတိုင်ရောက်ဖို့ လှမ်းတက်ရာမှာ များစွာအထောက်အကူပြုပါတယ်။ အခုဆိုရင် Bolivia, Uruguay နဲ့ Argentina တို့မှာရှိတဲ့ ခြံပိုင်ရှင်တွေနဲ့ ပညာရှင်တချို့ဟာ ကျတော့်ခြံရဲ့ ကောင်းတဲ့ရလဒ်တွေကို လေ့လာချင်လို့ တောင်းဆိုထားကြပါတယ် လို့သူကပြောပြပါတယ်။ 


ဆက်စပ်အကြောင်းအရာများ: