ပင်မစာမျက်နှာ / သတင်းများ / သတင်းများ / Supporting you during Corona Times

Supporting you during Corona Times

Supporting you during Corona Times

ကျန်းမာရေးဝန်ထမ်းများဟာရှေ့တန်းကတာဝန်ယူပြီးဒီရောဂါကိုတားဆီးနိုင်အောင်ကြိုးစားပေးနေတယ်ဆိုရင်ကျွန်တော်တို့မွေးမြူရေးအစာလုပ်ငန်းကဝန်ထမ်းများဟာလည်းနောက်တန်းကနေပြီးမြန်မာနိုင်ငံသားများအာဟာရပြည့်ဝစွာစားသောက်ပြီးရောဂါဒဏ်ကိုကာကွယ်နိုင်စေရန်အတွက်တစ်ထောင့်တစ်နေရာကနေထောက်ပံ့ပေးလျက်ရှိနေကြတာပါ။
အစာကွင်းဆက်ပြတ်တောက်ခြင်းမရှိရစေအောင် အသား၊ ငါးနှင့် ဥအမျိုးမျိုးကိုထုတ်လုပ်နေကြတဲ့လုပ်ငန်းရှင်များအခက်အခဲမဖြစ်ရလေအောင်ကြိုးစားပြီးလုပ်ဆောင်ပေးလျက်ရှိနေကြတဲ့သူများလည်းဖြစ်ကြပါတယ်။



ဒါကြောင့်မွေးမြူရေးလုပ်ငန်းရှင်များအနေနဲ့မိမိတို့ရဲ့လုပ်ငန်းများကိုသာအာရုံစိုက်ပြီးလုပ်ဆောင်ဖို့လိုအပ်ပါတယ်။ ကျွန်တော်တို့ဒီဟက်စ်ကထုတ်လုပ်တဲ့ တိရစ္ဆာန်အစာများပြတ်လတ်မှုမရှိစေဖို့ကျွန်တော်တို့ဖက်ကအပြည့်အဝတာဝန်ယူပေးပါ့မယ်။ ဒီဟက်စ်ကိုရွေးချယ်ခဲ့တာမှန်ကန်ကြောင်းကိုလည်းကျွန်တော်တို့ဖက်ကသက်သေပြပေးနေပါ့မယ်။
ဒီဟက်စ်မြန်မာရဲ့ဝန်ထမ်းများနဲ့အတူ မွေးမြူရေးလုပ်ငန်းရှင်များအတူတကွလက်တွဲပြီး အခုလိုအချိန်အခါကိုရင်ဆိုင်ကျော်ဖြတ်သွားကြရအောင်ပါ။ ကျော်ဖြတ်နိုင်မယ်လို့လည်းရာနှုန်းပြည့်ယုံကြည်ပါတယ်ခင်ဗျာ။