ပင်မစာမျက်နှာ / သတင်းများ / သတင်းများ / မိသားစုလုပ်ငန်း၏တန်ဖိုး

မိသားစုလုပ်ငန်း၏တန်ဖိုး

- De Heus Myanmar ltd အနေဖြင့်မိသားစုလုပ်ငန်းတစ်ခုလိုမျိုးအတူတကွလုပ်ကိုင်ဆောင်ရွက်လျက်ရှိနေပါတယ်။

မိသားစုလုပ်ငန်း၏တန်ဖိုး



Royal De Heus ဟာမိသားစုပိုင်ကုမ္ပဏီတစ်ခုအနေနဲ့ရေရှည်ရပ်တည်လာခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံမှာဆိုရင်လည်း De Heus Myanmar ltd အနေဖြင့်မိသားစုလုပ်ငန်းတစ်ခုလိုမျိုးအတူတကွလုပ်ကိုင်ဆောင်ရွက်လျက်ရှိနေပါတယ်။
.
ကျွန်တော်တို့ရဲ့ လူမှုရေးဆိုင်ရာတာဝန်ယူဆောင်ရွက်မှုတွေထဲကတစ်ခုဖြစ် မျက်စိအခမဲ့စမ်းသပ်စစ်ဆေးပေးခြင်း၊ မျက်မှန်များအခမဲ့ထောက်ပံ့ပေးအပ်ခြင်းနှင့်မျက်စိခွဲစိပ်ပေးခြင်းတို့ကို Mrs. Rolinda De Heus မှဦးဆောင်ပြီး မြန်မာနိုင်ငံပြုလုပ်ပေးလျက်လည်းရှိနေပါတယ်။
.
ဒီဟက်စ်မြန်မာလီမိတက်တွင်အလုပ်လုပ်ကိုင်လျက်ရှိသော ဝန်ထမ်းများသာမက၊ ဝန်ထမ်းများ၏မိသားစုဝင်များ၊ ဒီဟက်စ်စက်ရုံပတ်ဝန်းကျင်တွင်နေထိုင်လျက်ရှိသောကျေးရွာနေရွာသူရွာသားများကိုပါ မျက်စိရောဂါအတွက်လိုအပ်သောထောက်ပံ့ကူညီမှုများကိုပံ့ပိုးလျက်ရှိနေပြီး ဒါဟာကျွန်တေ်ာတို့ရဲ့လူမှုရေးဆိုင်ရာတာဝန်ယူမှုတွေထဲကတစ်ခုဆိုရင်လည်းမမှားနိုင်ပါဘူး။
.
နယ်သာလန်နိုင်ငံတွင်အခြေပြုစတင်ခဲ့ပြီး အရည်အသွေးကောင်းမွန်သောတိရစ္ဆာန်အစာများကိုကမ္ဘာ့နိုင်ငံအသီးသီးသို့အောင်မြင်စွာဖြန့်ဖြူးပေးနေသကဲ့သို့ ယခုမြန်မာနိုင်ငံတွင်လည်းမြန်မာနိုင်ငံသူ နိုင်ငံသားများအတွက်အလုပ်အကိုင်ပေါင်းများစွာကိုဖန်တီးပေးလျက်ရှိနေပါတယ်။ သဘာဝပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်စေဖို့ဦးစားပေးဆောင်ရွက်နေသလို ၊ တစ်ဖက်မှာလည်းအထက်ဖော်ပြပါလူမှုရေးဆိုင်ရာတာဝန်ယူလုပ်ကိုင်မှုများကိုလည်းစဉ်ဆက်မပြတ်တိုးချဲ့လုပ်ဆောင်ပေးလျက်ရှိနေပါတယ်။