ပင်မစာမျက်နှာ / သတင်းများ / သတင်းများ / ခြေလှမ်းထပ်မံချဲ့ထွင်လိုက်တဲ့ Royal De Heus

ခြေလှမ်းထပ်မံချဲ့ထွင်လိုက်တဲ့ Royal De Heus

ခြေလှမ်းထပ်မံချဲ့ထွင်လိုက်တဲ့ Royal De Heus

ကျွန်တော်တို့ Royal De Heus အနေဖြင့် ဘရားဇီးနိုင်ငံအခြေစိုက် Cerrado Nutrição Animal ကိုဝယ်ယူပြီး လက်တင်အမေရိကဈးကွက်အတွင်းခိုင်မာတဲ့ခြေလှမ်းတစ်ခုကိုထပ်မံပြုလုပ်ခဲ့ပါတယ်။
 
de heus acquisition brazil

၂၀၂၀ ခုနှစ်၊ မတ်လ (၆) ရက်နေ့တွင် Royal De Heus မှ Goiás ပြည်နယ်Itaberaí တွင်တည်ရှိသော ဘရာဇီးတိရစ္ဆာန်မွေးမြူရေးအစာအာဟာရကုမ္ပဏီ Cerrado Nutrição Animal အားဝယ်ယူရန်သဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ပါပြီ။ Cerrado Nutrição Animal သည်အရည်အသွေးမြင့်မားသောနို့ထွက်ပစ္စည်းများနှင့်အမဲသားများကို အမျိုးအစားစုံလင်စွာထုတ်လုပ်ဖြန့်ဖြူးပေးနေသောကုမ္ပဏီတစ်ခုလည်းပဲဖြစ်ပါတယ်။
.
ဒါ့အပြင်အသင့်ကျွေးအစာများ၊ ရောစပ်စာများ၊ nucleus၊ ပရိုတိန်းနှင့်သတ္တုဓါတ်ဖြည့်စွက်စာများကိုလည်းထုတ်လုပ်ပေးနေသောကုမ္ပဏီတစ်ခုပါ။ ဒေသတွင်း မြင့်မားသောနေရာတစ်ခုကိုရောက်ရှိနေခြင်းနှင့်အတူ တစ်နှစ်လျှင်ထုတ်လုပ်မှုတန်ချိန်ငါးသောင်းထုတ်လုပ်နိုင်သည့်အပြင် Cerrado Nutrição Animal သည်အထူးသဖြင့်ဘရာဇီးအနောက်တောင်ပိုင်းရှိအမဲသားဈေးကွက်တွင်နေရာရရှိပြီးဖြစ်သည့်လုပ်ငန်းတစ်ခုလည်းပဲဖြစ်ပါတယ်။
.
De Heus ဘရာဇီးနှင့်လက်တင်အမေရိကဒါရိုက်တာ Rinus Donkers မှလည်း “De Heus နှင့် Cerrado Nutrição Animal နှစ်မျိုးလုံးကဘရာဇီးတိရိစ္ဆာန်အစာအာဟာရဈေးကွက်မှာကောင်းမွန်စွာလုပ်ဆောင်နေကြပြီးဖြစ်တဲ့ကုမ္ပဏီတွေပါ။ ဒါကြောင့် ယခုကဲ့သို့ဝယ်ယူခြင်းမှသည် အနောက်အလယ်ပိုင်းဒေသရှိ လက်ရှိဖောက်သည်များကိုသာမက၊ ဖောက်သည်အသစ်တွေရဲ့အကျိုးစီးပွားနဲ့လိုအပ်တဲ့ထောက်ပံ့မှုများကိုပါဝန်ဆောင်မှုပေးသွားနိုင်မယ်လို့ယုံကြည်ပါတယ်။ ဒီဟက်စ်၏ကျွမ်းကျင်ပညာရှင်များမှအတွေ့အကြုံနှင့်ဗဟုသုတများကိုဒေသတွင်းမွေးမြူရေးသမားများကရရှိစေနိုင်မှာလည်းဖြစ်ပါတယ်။ ဒီဟက်စ်မှဝယ်ယူမှုနှင့်အတူအမဲထုတ်ကုန်များကို ဝယ်ယူသူများထံသို့မြန်ဆန်စွာပို့ဆောင်ပေးနိုင်ပြီဖြစ်ပြီး အစာကွင်းဆက်ထောက်ပံ့ပေးရာတွင်လည်း ပိုမိုပူးပေါင်းလုပ်ဆောင်ရန်မဟာဗျူဟာနှင့်လည်းကိုက်ညီပါတယ်” ဟုပြောဆိုခဲ့ပါတယ်။
.
Cerrado Nutrição Animal ကိုတည်ထောင်သူ Mr. Antonio Pedroso အနေဖြင့်ကုမ္ပဏီ၏အရေးပါသောအခန်းကဏ္ဍတွင်ဆက်လည်ပါဝင်နေဦးမှာဖြစ်ပြီး အဓိကအားဖြင့်အရောင်းပိုင်းနှင့် Customer များနှင့်ထိတွေ့ဆက်ဆံရသည့်အခန်းကဏ္ဍများကိုတာဝန်ယူသွားမှာလည်းဖြစ်ပါတယ်။ Mr. Antonio Pedroso မှ “ ဒီဟက်စ်ရဲ့လွှဲပြောင်းရယူမှုကိုကျွန်တော်အနေနဲ့များစွာကျေနပ်မိပါတယ်။ ဒီဟက်စ်ကတိရစ္ဆာန်အစာအဟာရပိုင်းဆိုင်ရာမှာကျွမ်းကျင်တဲ့ ကုမ္ပဏီကြီးတစ်ခုပါ။ သူတို့ရဲ့အတွေ့အကြုံဗဟုသုတတွေနဲ့ကျွန်တော်တို့ရဲ့တီထွင်မှုစွမ်းရည်တွေကိုထပ်မံမြှင့်တင်သွားနိုင်ပါလိမ့်မယ်။ ဒီဟက်စ်အနေနဲ့အသားတိုးနွားနှင့်နို့စားနွားမွေးမြူရေးလုပ်ငန်းတွေအတွက် မွေးမြူထားတဲ့နွားတွေရဲ့သက်အရွယ်အလိုက်အကောင်းဆုံးအစာအာဟာရတွေကိုထောက်ပံ့ပေးနိုင်ပါတယ်။ အဲ့ဒီလိုအရည်အသွေးကောင်းတွေကိုအနောက်အလယ်ပိုင်းဒေသတွေကိုပြည့်စုံလုံလောက်စွာဖြည့်တင်းပေးနိုင်မယ်လို့လည်းယုံကြည်ပါတယ်။” ဟုထပ်မံပြောကြားခဲ့ပါတယ်။
.
ဒီဟက်စ်အနေနဲ့(၂ဝ၁၂) ခုနှစ်တွင်ဘရာဇီးနိုင်ငံရှိဝက်စာကုမ္ပဏီတစ်ခုကိုဝယ်ယူခဲ့ပြီး လက်တင်အမေရိကဈေးကွက်အတွင်းချဲ့ထွင်ခဲ့ပြီးဖြစ်သလို၊ ယခုအကြိမ်ကတော့ဒုတိယခြေလှမ်းပဲဖြစ်ပါတယ်။ ဒါ့အပြင် Apucarana တွင်အစာစက်ရုံတစ်ခုကိုဝယ်ယူခဲ့သလို၊ MUB ဟုခေါ်ဆိုသည့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာထိခိုက်မှုမရှိစေပဲ သီးသန့်အစာအာဟာရများကိုထုတ်လုပ်ပေးလျက် နို့စားနွားဈေးကွက်တစ်ခုကိုလည်းအကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။
.
၎င်းမှတစ်ဆင့် De Heus ကိုနွားမွေးမြူရေးဈေးကွက်တွင်တီထွင်ဆန်းသစ်သောကုမ္ပဏီအဖြစ်လည်းရပ်တည်စေနိုင်ခဲ့ပါသည်။
.
၂ဝ၁၇ ခုနှစ်မှာတော့ Toledo မြို့တွင်ဝက်ပေါက်ကလေးများနှင့်တစ်ရက်သားကြက်ပေါက်များအတွက်ရည်ရွယ်ပြီးအစာစက်ရုံတစ်ခုကိုလည်းသီသန့်တည်ဆောက်ပေးခဲ့ပါတယ်။
.
ယနေ့အချိန်မှာတော့ ဒီဟက်စ်ဘရာဇီးအနေဖြင့် ဝက်၊ နွား၊ အမဲသား၊ နို့၊ ကြက်၊ အိမ်မွေးတိရစ္ဆာန်နှင့်ငါးမွေးမြူရေးအပါအဝင်တိရိစ္ဆာန်မျိုးစုံအတွက် အာဟာရထုတ်ကုန်အမျိုးမျိုးကိုထောက်ပံ့ပေးဖို့အသင့်ရှိနေပြီပဲဖြစ်ပါတယ်။