ပင်မစာမျက်နှာ / သတင်းများ / သတင်းများ / ကျွနု်ပ်တို့၏သဘာဝပတ်ဝန်းကျင်အပေါ်တွင် တာဝန်ယူဆောင်ရွက်မှုများ

ကျွနု်ပ်တို့၏သဘာဝပတ်ဝန်းကျင်အပေါ်တွင် တာဝန်ယူဆောင်ရွက်မှုများ

- သဘာဝပတ်ဝန်းကျင်ဆိုင်ရာလှုပ်ရှားမှုအများအတွက်လည်း ကျွန်တော်တို့အမြဲတက်ကြွလျက်ရှိပါတယ်။

ကျွနု်ပ်တို့၏သဘာဝပတ်ဝန်းကျင်အပေါ်တွင် တာဝန်ယူဆောင်ရွက်မှုများ

ပလတ်စတစ်တွေကမုန်းဖို့ကောင်းပါတယ်။ (ဒါပေမယ့်) ပလတ်စတစ်တွေကို စည်းကမ်းမဲ့စွန့်ပစ်တဲ့လူတွေကပိုလို့တောင်မုန်းဖို့ကောင်းတာပါ။
---------------------------------------------------
ငါးတွေဖမ်းဖို့ပင်လယ်ထဲကိုကျွန်တော်တို့တွေထွက်ခဲ့ကြတယ်။ (မိသားစုအတွက်ပေါ့လေ)
ငါးဖမ်းတဲ့ပိုက်တွေကအစ ငါးဖမ်းဖို့သုံးတဲ့ပစ္စည်းတွေအကုန်လုံးက ပလတ်စတစ်တွေပါ။
ငါးဖမ်းပြီးလို့ ကျန်ခဲ့တဲ့ ပလတ်စတစ်(အမှိုက်) တွေကရော... သေချာတာပေါ့ ဒီအတိုင်းပင်လယ်ထဲမှာထားခဲ့ကြတာလေ...
အဲ့ဒီမှာ ရေနေသတ္တဝါတွေ (အထူးသဖြင့်ငါးတွေ) သေဆုံးနေကြရတဲ့အကြောင်းအရင်းတစ်ခုပဲ။
.
ဒါကြောင့်ကျွန်တော်ပြောတာ... ပလတ်စတစ်တွေကိုစည်းကမ်းမရှိပစ်တဲ့သူတွေက ပလတ်စတစ်တွေထက်ပိုပြီးမုန်းဖို့ကောင်းပါတယ်လို့။
.
ဒီ Video လေးထဲမှာကျွန်တော်တို့တွေစွန့်ပစ်ထားတဲ့ပလတ်စတစ်တွေကိုစုပြီး ငါးပုံစံဖြစ်အောင်ကျွန်တေ်ာတို့ပြုလုပ်ခဲ့ပါတယ်။ ပလတ်စတစ်နဲ့ငါးတွေ ၊ ငါးတွေနဲ့ပလတ်စတစ်တွေ
ဘာဆိုင်လို့လဲလို့မထင်စေချင်ပါဘူး။
.
ငါးဖမ်းသမားတွေစည်းကမ်းမဲ့ပစ်လိုက်တဲ့ပလတ်စတစ်တွေက ငါးတွေကိုမျိုးသုဉ်းစေနိုင်သလို
ကျွန်တေ်ာတို့စည်းကမ်းမဲ့ပစ်လိုက်တဲ့ ပလတ်စတစ်တွေကလည်းကျွန်တေ်ာတို့ရဲ့လူနေမှုပတ်ဝန်းကျင်ကိုထိခိုက်စေသလို တန်ဖိုးရှိတဲ့သဘာဝတရားကြီးကိုလည်းနေ့စဉ်သတ်နေတာပါ။
ဒါကြောင့် အများကြီးမလိုပါဘူး။ သင်တစ်နေ့တာပစ်မယ့် ပလတ်စတစ်တစ်ခုကို အမှိုက်ပုံးထဲသာရောက်အောင်ပစ်ပေးပါ။ ကျွန်တော်တို့တွေအတူတူလုပ်ဆောင်ကြမယ်ဆိုရင်ပိုကောင်း ပိုသန့်ရှင်းတဲ့ပတ်ဝန်းကျင်ကိုပြန်လည်ဖန်တီးနိုင်ပါစေလိမ့်မယ်။