ပင်မစာမျက်နှာ / သတင်းများ / သတင်းများ / မြန်မာ့အကြီးမားဆုံး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (ဆိုလာစနစ်) တပ်ဆင်ခြင်းအခမ်းအနား။

မြန်မာ့အကြီးမားဆုံး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (ဆိုလာစနစ်) တပ်ဆင်ခြင်းအခမ်းအနား။

- De Heus Myanmar Ltd နှင့် Mandalay Yoma တို့ပူးပေါင်းကာ မြန်မာ့အကြီးမားဆုံး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (ဆိုလာစနစ်) တပ်ဆင်ခြင်းအခမ်းအနား။

 မြန်မာ့အကြီးမားဆုံး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (ဆိုလာစနစ်) တပ်ဆင်ခြင်းအခမ်းအနား။

ဒီဟက်(စ်)မြန်မာလီမိတက်နှင့် မန္တလေးရိုးမ တို့ပူးပေါင်းပြီး မြန်မာနိုင်ငံတွင်အကြီးမားဆုံးဖြစ်သော ဆိုလာစနစ်တပ်ဆင်အသုံးပြုခြင်းအခမ်းအနားကိုရန်ကုန်တိုင်းဒေသကြီး ၊ မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်ရှိ ဒီဟက်(စ်)တိရစ္ဆာန်အစာထုတ်လုပ်ရေးစက်ရုံတွင်ကျင်းပပြုလုပ်ခဲ့ပါတယ်။
 
ကျွန်တော်တို့ပြုလုပ်နေတဲ့ Responsible Feeding Program ရဲ့ဦးတည်ချက်တွေထဲကတစ်ခုကတော့ စွမ်းအင်တွေကိုလျှော့ချသုံးစွဲရေးကလည်းတစ်ခုအပါအဝင်ပါပဲ။
 
အဲ့ဒီလိုလျှော့ချသုံးစွဲနိုင်ရေးအတွက်တစ်ဖက်တစ်လမ်းကပါဝင်တဲ့အနေဖြင့်ကျွန်တော်တို့ဒီဟက်(စ်) မြောင်းတကာ အစာစက်ရုံတွင် ဆိုလာအမိုးပြားများကိုတပ်ဆင်ပြီး ထွက်ရှိလာတဲ့စွမ်းအင်ကိုအသုံးချကာ စက်ရုံကိုလည်ပတ်လျက်ရှိနေပြီပဲဖြစ်ပါတယ်။
တစ်နည်းအားဖြင့်လက်ရှိအသုံးပြုနေတဲ့ လျှပ်စစ်ဓါတ်အားသုံးစွဲမှုကိုလည်းချွေတာနိုင်ပြီလဲဖြစ်ပါတယ်ခင်ဗျာ။

sustainability_myanmar_animal_feed_deheus
 
ယခုလိုတပ်ဆင်ခြင်းအားဖြင့် တစ်နှစ်လျှင် ကာဗွန်ဒီုင်အောက်ဆိုဒ်ထုတ်လုပ်မှု (CO2 Emission) ၁၂၁၁ တန်ကိုလျော့ကြစေနိုင်မှာဖြစ်သလိုစက်သုံးဆီသုံးစွဲမှုအတွက်လည်း ၂၄၅၁ စည်ခန့်သုံးစွဲမှုလျော့ကျသွားမှာဖြစ်ပါတယ်။
 
တစ်နည်းအားဖြင့်ဆိုရရင် တစ်နှစ်လျှင်သစ်တောဧကပေါင်း ၁၃၈၃ ဧက စိုက်ပျိုးထားရှိခြင်းနှင့်လည်းတူညီပါတယ်။ ဒါ့အပြင် နောက်နှစ်ပေါင်း (၁ဝ) နှစ်အတွက် သစ်ပင်မျိုးစေ့ပေါင်း ၂ဝဝ၂၄ ကိုမျိုးစေ့ချလိုက်ခြင်းနှင့်လည်းဆင်တူပါတယ်။