ပင်မစာမျက်နှာ / သတင်းများ / သတင်းများ / "ဒီဟက်စ်မြန်မာ" နှင့် "မန္တလေးရိုးမ" ကုမ္ပဏီတို့သဘောတူလက်မှတ်ရေးထိုးခြင်းအခမ်းအနား။

"ဒီဟက်စ်မြန်မာ" နှင့် "မန္တလေးရိုးမ" ကုမ္ပဏီတို့သဘောတူလက်မှတ်ရေးထိုးခြင်းအခမ်းအနား။

- De Heus Myanmar Ltd ဖြင့် Mandalay Yoma တို့သည် နေရောင်ခြည်စွမ်းအင်သုံးဆိုလာပြားများတပ်ဆင်ခြင်းအတွက်နားလည်မှုစာချွန်လွှာကိုလက်မှတ်ရေးထိုးခဲ့ကြပါသည်။

DeHeus Myanmar ၏ မန္တလေးတိုင်းဒေသကြီး မြို့သာမြို့တွင်တည်ရှိသည့် စက်ရုံ တွင်တပ်ဆင်ထားသော Solar Plant သည် Mandalay Yoma ကုမ္ပဏီမှ တပ်ဆင်ခဲ့သော Solar Plant များအနက် အကြီးဆုံး Solar Plant ဖြစ်ပြီး တပ်ဆင်ခဲ့သည်မှာ (၂) နှစ်ပြည့်မြောက်ပြီဖြစ်ပါသည်။ မြို့သာမြို့တွင်တည်ရှိသည့် DeHeus Myanmar ၏ တိရိစ္ဆာန်အစာအဟာရဆိုင်ရာစက်ရုံသည် Mandalay Yoma ကုမ္ပဏီမှ တပ်ဆင်ပေးထားသော 516kWp Solar Plant ကို အသုံးပြုကာ အောင်မြင်စွာ လည်ပတ်နေပါသည်။ နေရောင်ခြည်မှ ရရှိပြီး သဘာဝပတ်ဝန်းကျင်အတွက် ညစ်ညမ်းမှုမဖြစ်စေသော လျှပ်စစ်မီးကိုအသုံးပြုခြင်းဖြင့် DeHeus Myanmar ၏ မြို့သာစက်ရုံမှာ ပျမ်းမျှတစ်လလျှင် ဒေါ်လာ ၇၀၀၀ ခန့်ငွေကြေးသက်သာမှုရရှိခဲ့ပြီး တစ်နှစ်လျှင် ကာဗွန်ဒိုင် အောက်ဆိုဒ် ထွက်ရှိနှုန်း ၄၉၂ တန် လျှော့ချနိုင်ခဲ့ပါသည်။
.
မြို့သာ Solar Plant အောင်မြင်မှု၏နောက်ဆက်တွဲအနေဖြင့် DeHeus Myanmar နှင့် Mandalay Yoma သည် ရေရှည်တည်တံ့သည့် ပူးပေါင်းဆောင်ရွက်မှု နောက်တစ်ခုကို ဆက်လက် ပြုလုပ် ခဲ့ပါသည်။ DeHeus Myanmar သည် နေရောင်ခြည်မှရရှိပြီး သဘာဝပတ်ဝန်းကျင်အတွက် ညစ်ညမ်းမှုမဖြစ်စေသော လျှပ်စစ်မီးကို မှော်ဘီရှိစက်ရုံ (၂) ရုံတွင် တပ်ဆင်ရန် Mandalay Yoma အား ဒီဇိုင်းပိုင်း၊ တပ်ဆင်ရေးအပိုင်းနှင့် Operation လုပ်ငန်းများ ကို အပ်နှံဆောင်ရွက်ခဲ့ပါသည်။
.
အဆိုပါ Solar Plant နှစ်ခုတွင် ဆိုလာပြားများ ၂၆၀၀ ခန့်ပါရှိမည်ဖြစ်ပြီး ထုပ်လုပ်မှုစွမ်းအား 1MWp ထုတ်လုပ်ပေးနိုင်မည်ဖြစ်ကာ ၂၀၂၀ နှစ် 4th Quarter တွင် ပြီးမြောက်မည်ဖြစ်ပါသည်။ Mandalay Yoma ကုမ္ပဏီမှ ဆိုလာထုတ်လုပ်မှုစွမ်းအား အမြင့်ဆုံးဖြစ်သည့် Mono-crystalline panels များကို အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အရည်အသွေးအမြင့်မားဆုံးဖြစ်သည့် Inverter များ နှင့် Controller များကို အသုံးပြုခြင်းကြောင့် ဆိုလာစွမ်းအားမှ လျှပ်စစ်စွမ်းအားသို့ စွမ်းဆောင်ရည်မြင့်မားစွာဖြင့် ပြောင်းလဲပေးနိုင်မည်ဖြစ် ပါသည်။ အဆင့်မြင့် Remote Monitoring System ကို ထည့်သွင်းအသုံးပြုထားခြင်းကြောင့် နေရောင်ခြည်ဓာတ်အား ထုတ်လုပ်မှုနှုန်းနှင့် အသုံးပြုမှုနှုန်းကို  အချိန်နှင့်တပြေးညီ ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။ 
Mandalay Yoma မှ Solar System ဒီဇိုင်းသည် De Heus Myanmar စက်ရုံတွင် ဒီဇယ်အသုံးပြုမှုနှုန်းထက် နေရောင်ခြည် စွမ်းအင်ကိုသာ ဦးစားပေးအသုံးပြုရန် ရေးဆွဲထားခြင်းဖြစ်ပါသည်။
Mandalay Yoma ကုမ္ပဏီနှင့် De Heus Myanmar တို့သည် သဘာဝစွမ်းအင်ကို အသုံးပြုပြီး ပတ်ဝန်းကျင်ညစ်ညမ်းမှုကို လျှော့ချပေးသည့် အကျိုးတူပူးပေါင်းဆောင်ရွက်မှုများကို ရေရှည်လုပ်ကိုင် သွားရန် ရည်ရွယ်ပါသည်၊
.
De Heus Myanmar သည်နယ်သာလန်နိုင်ငံအက်ဒီအခြေစိုက်တိရိစ္ဆာန်အစာအဟာရဆိုင်ရာ မိသားစု စီးပွားရေး လုပ်ငန်းဖြစ်သော Royal De Heus ၏စီးပွားရေးလုပ်ငန်း ၁၆ ခုအနက် တစ်ခုဖြစ်ပါသည်။ ၂၀၁၅ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပြီး De Heus Myanmar သည်မွေးမြူးရေး၊ မွေးမြူရေး အစာထုတ်လုပ်မှုနှင့် ငါးစာထုတ်လုပ်သောထိပ်တန်းကုမ္ပဏီတစ်ခုအဖြစ် ဂုဏ်သတင်းရရှိခဲ့ပြီး ကမ္ဘာ တစ်ဝှမ်းရှိ Royal De Heus ကုမ္ပဏီ ၏ ထုတ်လုပ်မှုကဏ္ဍ၏ ၅ ရာခိုင်နှုန်းခန့် တွင်ပါရှိနေပါသည်။  De Heus Myanmar သည်ကျွန်ုပ်တို့လုပ်ကိုင်ပါရှိနေသော ‌‌‌‌ဒေသခံလူမှုအသိုင်းအဝိုင်းပတ်ဝန်းကျင်၊ ရာသီဥတု၊ တရိစ္ဆာန်သက်သာချောင်ချိရေးဆိုင်ရာကဏ္ဍအသီးသီးတို့ကိုဂရုပြုဆောင်ရွက်လျက် လုံခြုံ စိတ်ချရသောအစာ အဟာရထုတ်လုပ်မှုကို ပံ့ပိုးပေးလျက်ရှိပါသည်။ ရည်ရှည်တည်တံ့ လုပ်ကိုင် ဆောင်ရွက်မှုသည် De Heus Myanmar ၏ရေရှည်ရည်မှန်ချက်ဖြစ်သည့်အလျောက် ကျွန်ုပ်တို့ ပါဝင်ဆောင်ရွက်နေသောကဏ္ဍတိုင်းတွင် စဥ်ဆက်မပြတ် ကြိုးစားနေပါသည်။ ထို့ကြောင့် Feed Mill စက်ရုံသုံးခုစလုံးတွင်နေရောင်ခြည်စွမ်းအင် နှင့်ပြန်လည်ပြည့်ဖြိုးမြဲလောင်စာအရင်းအမြစ်များကိုအသုံးပြုခြင်းသည်၎င်းတို့အားမြန်မာနိုင်ငံတွင်အစဉ်အမြဲတည်မြဲသောစားနပ်ရိက္ခာစက်ရုံများအဖြစ်ပြောင်းလဲခြင်းသည်နောင်လာမည့်နှစ်များအတွက်ကျွန်ုပ်တို့၏ကတိကတိက၀တ်ကိုဖော်ပြရန်ပထမခြေလှမ်းဖြစ်သည်။ မဝေးတော့သောအနာဂတ်တွင် De Heus Myanmar သည်အခြားသောပြည်တွင်းရင်းနှီးမြှုပ်နှံသူများ၏ရေရှည်တည်တံ့မှုအတွက်စံပြအဖြစ်စံချိန်တင်ရန်မျှော်လင့်သည်။
.
Mandalay Yoma ကို ၂၀၁၇ ခုနှစ်တွင် တည်ထောင်ခဲ့ပါသည်။ မြန်မာနိုင်ငံအတွင်းရှိ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးလုပ်ငန်းရှင်များထဲတွင် နံပါတ် (၁) ဖြစ်ပြီး စီမံကိန်းပေါင်း (၅၀) ကျော်ကို ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။ ပင်မရင်းမြစ်ကုမ္ပဏီဖြစ်သည့် စင်္ကာပူအခြေစိုက် SOL Partners Co., Ltd ၏ အကူအညီဖြင့် မြန်မာနိုင်ငံတွင် နေရောင်ခြည် စွမ်းအင်ကိုဖြန့်ကျက်ပေးနေသော အကြီးဆုံးကုမ္ပဏီတစ်ခုအဖြစ် တည်ထောင်နိုင် ခဲ့ပြီး ဖြစ်ပါသည်။ အရည်အချင်းပြည့်ဝသော ကျွမ်းကျင်ပညာရှင်များဖြင့် ဖွဲ့စည်းထားသော Mandalay Yoma ကုမ္ပဏီသည် မြန်မာနိုင်ငံအစိုးရ၏ မဟာဓာတ်အားပေးလိုင်းဖြင့် ဆက်သွယ်ထားသည်ဖြစ်စေ၊ မဆက်သွယ် ထားသည်ဖြစ်စေ စက်ရုံ၊ အလုပ်ရုံများအတွက် နေရောင်ခြည်စွမ်းအင်အသုံးပြု၍ လျှပ်စစ်အသုံးစရိတ် လျော့ချသည့် ဖြေရှင်းချက်များကို အလုံးစုံတာဝန်ယူဆောင်ရွက်ပေးနေပါသည်။ မြန်မာနိုင်ငံအစိုးရ၏အကူအညီဖြင့် Mandalay Yoma ကုမ္ပဏီသည် လာမည့်နှစ်များအတွင်း စက်ရုံ၊ အလုပ်ရုံများနှင့် ကျေးလက်ဒေသမီးလင်းရေးစီမံကိန်းများအတွက် နေရောင်ခြည် ဓာတ်အားပေး စက်ရုံများကို 100MW နှင့် အထက်တည်ဆောက်သွားမည်ဖြစ်ပါသည်။