နွားအရေပြားရောဂါ

Lumpy Skin Disease
နွားအရေပြားကူးစက်ရောဂါ (Lumpy Skin Disease) အကြောင်းသိကောင်းစရာအချက်များ။
အထက်ဖော်ပြပါရောဂါကို ကူးစက်စေနိုင်တဲ့ အကြောင်းအရင်း (၄) ခုရှိပါတယ်။
၁။ နွားအရေပြားကို ကိုက်ဖျက်သွေးစုပ်သော ခြင်/ယင်များနှင့်အခြားအင်းဆက်ပိုးကောင်များကြောင့်လည်းကောင်း
၂၊ ရောဂါပိုးသယ်ဆောင်ထားသော အင်းဆက်ပိုးကောင်များတွယ်ကပ်နေသည့် နွားများအား နေရာအနှံ့သယ်ဆောင်ခြင်းကြောင့်လည်းကောင်း
၃။ ရောဂါဖြစ်နေသာနွား၏ အရေပြားအနာ/တံတွေး/နှာရည်/နို့/သုတ်ရည် တို့နှင့် တိုက်ရိုက်ထိတွေ့ခြင်းကြောင့်လည်းကောင်း
၄။ ရောဂါဖြစ်နေသာနွား၏ အသုံးအဆောင် ပစ္စည်းများမှတဆင့် အခြားနွားများသို့လည်း ရောဂါကူးစက်ပြန့်ပွားနိုင်ပါတယ်။
ရောဂါဖြစ်နွားများအား ခြင်/ယင်များ အကိုက်မခံရအောင် သီးခြားလုံခြုံစွာထားပြီး ရောဂါပျောက်ကင်းသည်အထိ ကုသပေးရမှာဖြစ်ပါတယ်။
ဗိုင်းရပ်စ်ရောဂါပိုးကြောင့်ဖြစ်ပွားရခြင်းဖြစ်ပြီး ကုသဆေးမရှိသော်လည်း နောက်ဆက်တွဲရောဂါများ ထပ်ဆောင်းဖြစ်ပေါ်ခြင်းမရှိစေရန်နှင့်အမြန်သက်သာပျောက်ကင်းစေရန် ဂရုတစိုက်ကုသပေးရမှာပါ။
Amoxicillin, Gentamycin, Lincomycin စသည်ဖြင့်ပဋိဇီဝဆေးဝါးများ၊ Analgesic, Diclofenac အစရှိသည့် အနာသက်သာ၊ အဖျားကျစေသောဆေးဝါးများကိုလည်း အသုံးပြုပေးနိုင်ပါတယ်။ အရေပြားအနာများအား အနာကျက်ပျောက်ကင်းသည်အထိ စနစ်တကျ ကုသပေးရန်လည်း အလွန်အရေးကြီးလှပါတယ်။