ပင်မစာမျက်နှာ / တရိစ္ဆာန်အစာများ / ကြက်စာ ၊ ဘဲစာ နှင့် ငုံးစာများ / ဥစားကြက်စာများ

ဥစားကြက်စာများ

ဥစားကြက်များအတွက် အစာများ

ဥကြက်မများအတွက် ဥဥနေစဉ်ကာလသည်လွန်စွာအရေးကြီးသောအချိန်ဖြစ်ပြီး ၎င်းတို့၏အစာအာဟာရလိုအပ်ချက်နှင့်အညီလိုက်လျောညီထွေဖြစ်စေရန်အစာကျွေးပေးနိုင်ဖို့ကအဓိကကျသောအဆင့်လည်းပဲဖြစ်ပါသည်။ ဥဥနေစဉ်ကာလအပိုင်းအခြားအလိုက် အသင့်တော်ဆုံးနှင့်အကောင်းဆုံးဖြစ်စေမည့် အစာများကို De Heus Myanmar မှထုတ်လုပ်ပေးလျက်ရှိနေတာလည်းဖြစ်ပါသည်။
ဥစားကြက်မွေးမြူသူခြံပိုင်ရှင်များစိတ်ကြိုက်ဖြစ်စေပြီး အကျိုးအမြတ်များစွာရရှိနိုင်စေရန်ရည်ရွယ်ပြီး De Heus မှအစာပုံစံနှင့်ကုန်ကြမ်းများကို အသေးစိတ်အာရုံစိုက်ပြီးရွေးချယ်ပြုလုပ်ပေးထားပါသည်။

ဥစားကြက်မွေးမြူခြင်းနှင့်ပတ်သတ်သည့် သိကောင်းစရာအချက်အလက်များကို ယခုဖော်ပြပါဒေါင်းလုပ်ခ်လင့်ခ် Download (နှိပ်ပါ)  တွင်နှိပ်ပြီးရယူနိုင်ပါသည်။ 


ကျွန်ုပ်တို့၏ရည်မှန်းချက်များ

ဥစားကြက်မွေးမြူသူများအတွက် အကျိုးအမြတ်အများဆုံးရရှိနိုင်စေရန်ရည်ရွယ်ပြီးအောက်ပါအချက်များကိုပြုလုပ်ပေးလျက်ရှိနေပါသည်။

  • ဥနှုန်းများကောင်းစေခြင်း
  • ဥခွံအရည်အသွေးကောင်းမွန်စေခြင်း
  • ကြက်ဥအနှစ်အရောင်အထူးကောင်းမွန်စေခြင်း
  • ကြက်ဥအရွယ်အစားကြီးမားစေခြင်း
  • ကြက်ဥဥနှုန်းနှင့်အစားစားနှုန်းလိုက်ဖက်မှုရှိစေခြင်း စတဲ့အကျိုးကျေးဇူးများရရှိစေရန်ပြုလုပ်ပေးထားလျက်ရှိပါသည်။                                                 

    ကျွန်တော်တို့သည် ကြက်မျိုးများကိုအဓိကထောက်ပံ့ပေးလျက်ရှိနေသော ကုမ္ပဏီကြီးများနှင့်အမြဲထိစပ်လျက်ရှိပြီး ကျွန်ုပ်တို့၏အစာသတ်မှတ်ချက်များအတွက်အစဉ်အမြဲလေ့လာဆန်းစစ်မှုများပြုလုပ်ပေးလျက်ရှိနေတာလည်ဖြစ်ပါတယ်။ သုတေသနပေါင်းများစွာကိုလည်းနေ့စဉ်ပြလုပ်လျက်ရှိပြီး အစာကုန်ကြမ်းများ၏အဓိကလိုအပ်ချက်များကိုလေ့လာလျက်ရှိနေပါသည်။

မတူညီသောအစာပုံစံအမျိုးအစားများ

ကျွန်ုပ်တို့အနေဖြင့် ဥစားကြက်မများ ၊ ကြက်မဒန်းများ အတွက်အသင့်ကျွေးအစာများထုတ်လုပ်ပေးလျက်ရှိတဲ့အပြင် ပြောင်း ၊ ဖွဲ ၊ ဆန်ကွဲ စသောကုန်ကြမ်းပစ္စည်းများကို အလွယ်တကူရရှိနိုင်သောနေရာဒေသများအတွက် ရောစပ်စာများကိုလည်းထုတ်လုပ်ပေးလျက်ရှိနေပါသည်။

De Heus Myanmar Ltd is one of the leading Livestock and animal feeds company in Myanmar and offering the best animal feeds in Myanmar.  We are also providing the appropriate advice, technical supports, and strong suggestions for the layer farmers.