ပင်မစာမျက်နှာ / တရိစ္ဆာန်အစာများ / ကြက်စာ ၊ ဘဲစာ နှင့် ငုံးစာများ / ဈေးနှုန်းသင့် အသားတိုးကြက်စာများ

ဈေးနှုန်းသင့် အသားတိုးကြက်စာများ

အကောင်းဆုံးသောအသားတိုးနှုန်းကိုရရှိစေနိုင်ဖို့က အသားတိုးကြက်မွေးမြူသူတွေရဲ့အဓိကလိုအပ်ချက်တစ်ခုလည်းဖြစ်ပါသည်။ အဲ့ဒီအတွက် အာဟာရပိုင်းဆိုင်ရာလိုအပ်ချက်တွေရှိနိုင်သလို မွေးမြူထားတဲ့ခြံအနေအထားနဲ့လည်းများစွာသက်ဆိုင်နိုင်ပါတယ်။ အပူချိန် ၊ စိုထိုင်းဆ နဲ့အလင်းရောင်တွေဟာတစ်ကယ့်ကိုအရေးကြီးတဲ့အစိတ်အပိုင်းဖြစ်သလိုပဲ မွေးမြူထားတဲ့ကြက်ရဲ့မျိုးရိုးဗီဇ ၊ အသက် ၊ ကျန်းမာရေးအခြေအနေ စသည့်အချက်များအပြင် ကြက်ခြံကိုစီမံခန့်ခွဲထားရှိတဲ့ပုံစံကလည်း လွန်စွာအရေးကြီးလှပါတယ်။ ကြက်ခြံရဲ့အနေအထား ၊ အစာကျွေးစနစ် ၊ ကာကွယ်ဆေးပေးရေးလုပ်ငန်းစဉ်စတာတွေကလည်း ကြက်များ၏အာဟာရလိုအပ်ချက်နည်းတူ အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုအဖြစ်ရှိနေတယ်ဆိုတာကိုလည်း ကျွန်တော်တို့အနေနဲ့သေချာစွာသိရှိထားရမှာပဲဖြစ်ပါတယ်။

အသားတိုးကြက်စာ

ကျွန်တော်တို့ရဲ့အသားတိုးကြက်စာတွေကို ကြိတ်ခွဲစာပုံစံနဲ့အစာတောင့်ပုံစံဆိုပြီးနှစ်မျိုးထုတ်လုပ်ထားရှိပါသည်။ ကြက်ငယ်လေးများအတွက်အဆင်ပြေစေမယ့် ကြိတ်ခွဲစာပုံစံအပြင် ကြက်လတ်နှင့်ကြက်ကြီးများအတွက်အထူးသင့်တော်တဲ့ အစာတောင့်ပုံစံကိုပါရရှိအောင်ပြုလုပ်ပေးထားတာကြောင့် ကြက်များ၏နေ့စဉ်နှင့်အမျှပြောင်းလဲနေတဲ့ အစာချေစနစ်နဲ့လွန်စွာမှလိုက်ဖက်ညီစေမှာဖြစ်တဲ့အပြင် အကောင်းမွန်ဆုံးအစာစာနှုန်းကိုလည်းရရှိစေနိုင်ပါပဲဖြစ်ပါတယ်။
စံချိန်မှီအသားတိုးနှနု်းကိုရရှိစေနိုင်ရန်အတွက် နည်းပညာများဖြင့်အထူးစီမံဖော်စပ်ထားတဲ့ အစာလည်းပဲဖြစ်ပါတယ်။

ကျွနုပ်တို့၏မျှော်မှန်းချက်

ကျွန်တော်တို့ဟာ ကြက်မွေးမြူသူခြံပိုင်ရှင်များအတွက်အကောင်းမွန်ဆုံးသော အကျိုးရလဒ်များကိုရရှိစေနိုင်ဖို့အတွက်အောက်ပါအချက်များကို အဓိကလုပ်ဆောင်ပေးလျက်ရှိနေပါသည်။

  •  ကြက်များ၏ကြီးထွားနှုန်း
  •  အစာမှအသားပြောင်းလဲ နှုန်း တို့ပဲဖြစ်ပါသည်။

ကျွန်တော်တို့သည် ကြက်မျိုးများကိုအဓိကထောက်ပံ့ပေးလျက်ရှိနေသော ကုမ္ပဏီကြီးများနှင့်အမြဲထိစပ်လျက်ရှိပြီး ကျွန်ုပ်တို့၏အစာသတ်မှတ်ချက်များအတွက်အစဉ်အမြဲလေ့လာဆန်းစစ်မှုများပြုလုပ်ပေးလျက်ရှိနေတာလည်ဖြစ်ပါတယ်။ သုတေသနပေါင်းများစွာကိုလည်းနေ့စဉ်ပြုလုပ်လျက်ရှိပြီး အစာကုန်ကြမ်းများ၏အဓိကလိုအပ်ချက်များကိုလေ့လာလျက်ရှိနေပါသည်။

အဆင့်ငါးနှင့်အဆင့်သုံး အစီအစဉ်များ

De Heus အနေနဲ့အဆင့်ငါးဆင့်ပါဝင်တဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ ကနဦးကြက်ပေါက်အဆင့် ၊ ကြက်ပေါက်အဆင့် ၊ ကြက်လတ်အဆင့် ၊ ကြက်ကြီးနှင့်ဈေးကွက်ဝင်ကြက်သားအဆင့်ဆိုပြီး အဆင့်ငါးဆင့်အတွက်အစဉ်ပြေအောင်ဆောင်ရွက်ပေးထားလျက်ရှိပြီး ၊ ကြက်သေး ၊ ကြက်လတ် ၊ ကြက်ကြီး အစရှိတဲ့အဆင့်သုံးဆင့်အတွက် အသားတိုးကြက်စာများကိုထုတ်လုပ်ပေးလျက်ရှိနေတာပဲဖြစ်ပါတယ်။

De Heus Myanmar Ltd is one of the leading Livestock and animal feeds company in Myanmar and offering the best animal feeds in Myanmar. We are also providing the appropriate advice, technical supports, and strong suggestions for the broiler farmers.