ပင်မစာမျက်နှာ / တရိစ္ဆာန်အစာများ / ဝက်မွေးမြူရေးအစာများ / မျိုးဝက်မနို့ပေးစာနှင့်ဇီးစာ

မျိုးဝက်မနို့ပေးစာနှင့်ဇီးစာ

ကိုယ်ဝန်ဆောင်ကာလနှင့်နို့ပေးကာလများအတွင်း မျိုးဝက်မအစာတောင့် (3035) နှင့် (3065) အစာတောင့်တို့အား စနစ်တကျသုံးစွဲခြင်းဖြင့် အောက်ပါအကျိုးကျေးဇူးများကိုရရှိစေပါသည်။

- မျိုးဝက်မများတွင် မြိုင်စက်ဝန်းကိုမှန်စေပြီး သားခွဲပြီးသည်နှင့် တစ်ပါတ်အတွင်း မျိုးဝက်မကို သားပြန်တင်နိုင်စေသည်။

- သားမြန်မြန်ခွဲနိုင်ပြီး စံချိန်မှီသားခွဲဝက်ငယ်များကို ရရှိစေနိုင်သည်။

- မြိုင်လာနေစဉ်ကာလအတွင်း မြိုင်ကာလကိုကောင်းမွန်စေပြီး သားအောင်နှုန်းပိုမိုကောင်းမွန်စေပါသည်။

- သားအရှင်မွေးနှုန်းကိုမြင့်စေပြီး ဝက်မကြီးနှင့်သားပေါက် ဝက်ငယ်များ၏ရောဂါဒဏ်ခံနိုင်အားကိုမြှင့်တင်ပေးနိုင်သည်။

- မျိုးဝက်မများ၏ ခုခံစွမ်းအားကိုမြှင့်တင်ပေးနိုင်ခြင်းကြောင့် နို့အုံရောင်းခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါသည်။