ဝက်ငယ်ကလေးများ

၀က်မွေးမြူရေးသမားများသည် ကျန်းမာရေးကောင်းမွန်ပြီး ကြီးထွားနှုန်း ကောင်းမွန်သော ၀က်ပေါက်လေးများကိုသာ မွေးမြူလိုကြသည်။ ကိုယ်စိုက်ထုတ်ထားသော အရင်းအနှီးပေါ်မူတည်ပြီး အမြတ်များနိုင်သမျှ များများရရန်လည်း ကြိုးစားကြရသည်။ ထို့ကဲ့သို့အကျိုးကျေးဇူးများ ရရှိနိုင်ရန်အတွက် ၀က်ပေါက်အရွယ်တွင် အစာစားနှုန်း ကောင်းမွန်အောင် လှုံ့ဆော်ပေးရန်မှာ အဓိကအချက် ဖြစ်ပါသည်။ ၀က်ငယ်လေးအစာ (creep feed) ကို စောစောကျွေးခြင်းဖြင့် ၀က်ငယ်လေး များ ပိုမိုသန်မာခြင်း၊ ခုခံအားစနစ် ပိုမိုကောင်းမွန်လာပြီး အသက်ရှင်သန်နှူန်း မြင့်မားလာကာ ကြီးထွားနှုန်းလည်း ပိုမိုကောင်းမွန်ကြောင်း သုတေသနများ အရ သိရှိရသည်။

အကောင်းဆုံးမွေးမြူရေးအစာနှင့်အဆင့်မြင့်ကူညီထောက်ပံ့မှုများပေါင်းစပ်ခြင်း

သင်၏အခက်အခဲများကိုကျွန်ုပ်တို့ကူညီပေးရန်လိုအပ်ပါသလား

အစာနှင့်ဝန်ဆောင်မှုများ

ဝက်ငယ်ကလေးများအတွက် အစာနှင့်ဝန်ဆောင်မှုများ

၀က်မွေးမြူရေးသမားများသည် အကောင်းဆုံးနည်းပညာဆိုင်ရာရလဒ်သာမက စီးပွားရေးရလဒ်ကောင်းများပါရရှိနိုင်ရန် အာရုံစိုက်ကြရသည်။ ထိုရလဒ်ကောင်းများရရှိနိုင်ရန်အတွက် အစာ၊ အဆောက်အဦးပုံစံနှင့် တိရစ္ဆာန်များသက်တောင့်သက်သာဖြစ်စေရန် ပြုစုစောင့်ရှောက်ခြင်းသည်လည်းအ‌ရေးပါသည်။

မိတ်ဆွေတို့ရဲ့၀က်မွေးမြူရေးတိုးတက်စေရန်ခေတ်မီတိုင်းတာရေးစက်ပစ္စည်းများအသုံးပြုခြင်း၊ ဆောဖ်ဝဲလ်များ ထောက်ပံ့ပေးခြင်းနှင့် ပညာရှင်များမှအကြံပေးခြင်း စသည့်အထောက်အပံ့များရရှိနိုင်သောကြောင့် အကောင်းဆုံး နည်းပညာဆိုင်ရာရလဒ်များ ရရှိလာမည်မှာမလွဲဧကန်ပင်ဖြစ်သည်။

ပရီမီယံ ဝက်ငယ်ကလေးနို့ခွဲစာ။

(၅) ရက်သားနှင့်အထက်ကိုကျွေးပေးရန်

- (၁၂)ကောင်နှင့်အထက်သားခွဲနိုင်ပြီး ဝက်ကလေးမွေးဖွားနှုန်းအထူးကောင်းမွန်သည့် သားဖွားမျိုးမြင့်ဝက်မများမှမွေးဖွားသော ဝက်သားပေါက်ကလေးများအတွက်ရည်ရွယ်ပြီးထုတ်လုပ်ထားပါသည်။ ဝက်ကလေးသားပေါက်နှုန်းကောင်းလေလေ မိခင်ဆီမှတစ်ကောင်ချင်းနို့ရရှိမှုနည်းလာလေလေဖြစ်သည်။ ထို့ကြောင့် ဝက်ကလေးအသက် (၄) ပတ်သားတွင် သားခွဲအလေးချိန်မြင့်မားစေရန်အတွက် ဝက်ကလေးအစာစားနှုန်းမြင့်မားစေရန်လွန်စွာအရေးကြီးလှပါသည်။ - (3815) ပရီမီယမ်ဝက်ငယ်ကလေးနို့ခွဲစာတွင်နို့နှင့်နို့ထွက်ပစ္စည်းများစွာပါဝင်သည့်အပြင် အရည်အသွေးကောင်းမွန်ပြီး အနံ့အရသာနှင့်ပြည့်စုံသောကုန်ကြမ်းပစ္စည်းများဖြင့်ပေါင်းစပ်ပြုလုပ်ထားပါသည်။ - ထို့အပြင်ဝက်ကလေးသားမခွဲခင်ခန္ဓာကိုယ်ကြီးထွားမှုအားကောင်းစေရန်အတွက်စွမ်းအင် (energy) နှင့်အမိုင်နိုအက်ဆစ် (amino acid) များပါဝင်ပါသည်။ - 3815 ကို ဝက်ငယ်ကလေးအသက် (၃) ရက်သားမှစ၍ဝက်ကလေးသားမခွဲခင် (၅) ရက်အထိ (သို့မဟုတ်) သားခွဲပြီး (၃) ရက်အထိကျွေးနိုင်ပါသည်။ - ဝက်ကလေးသားခွဲသည့်နေ့တွင်အစာအပြောင်းအလဲပြုလုပ်ပါက သားခွဲပြီးပထမအပတ်၌အစာစားနှုန်းကျနိုင်သောကြောင့်သားခွဲပြီးပထမအပတ်တွင်အစာအပြောင်းအလဲမပြုလုပ်ရန်အထူးသတိပြုရပါမည်။

ပါဝါ ဝက်ငယ်ကလေးနို့ခွဲစာ။

(၅)ရက်သားမှ(၉)ပိဿာ-(၁၅) ကီလိုအထိကျွေးပေးရန်။

- ပါဝါနို့စို့ဝက်ငယ်သားခွဲအစာတွင် ဝက်ကလေးများအတွက်လိုအပ်သော အာဟာရပြည့်ဝစွာပါဝင်သည့်အတွက် ဝက်ငယ်ကလေးများကို အာဟာရပြည့်ဝစေပြီး ကြီးထွားမှုကိုမြန်စေပါသည်။ - အစာထဲတွင် ပါဝင်သော ကုန်ကြမ်းများကိုလည်း ကြေညက်လွယ်စေရန်ပေါင်းထားသောကြောင့် အစာချေနှုန်းကောင်းမွန်ကာ အစာစားနှုန်းကိုလည်း မြင့်စေပြီး ဝက်ငယ်ကလေးများကို ဝမ်းလျှောခြင်းမှလည်းကာကွယ်ပေးသည်။ - အစာစားနှုန်းကောင်းမွန်ပြီး ကြီးထွားမှုကောင်းစေရုံသာမက ဝက်ငယ်ကလေးများကိုလည်း အရွယ်ညီစေသည်။ - သားမခွဲမှီကာလအတွင်း ပါဝါနို့စို့ ဝက်ငယ်သားခွဲအစာကို တစ်ရက်လျှင် (၅)ကြိမ် (၆)ကြိမ်ခန့် အစာပမာဏ နည်းနည်းစီကျွေးပေးခြင်းဖြင့် အစာလတ်ဆတ်သန့်ရှင်းကာ ဝက်ငယ်ကလေးများအတွက် အရသာရှိသော အစာကိုရရှိစေပါသည်။ - ပါဝါနို့စို့ဝက်ငယ်သားခွဲအစာကို ဝက်ငယ်ကလေးများ (၅)ရက်သားမှ ကိုယ်အလေးချိန် (၉)ပိဿာ-(၁၅) ကီလိုအထိကျွေးပေးရမည်ဖြစ်သည်။

အသားတိုးဝက်ငယ်စာ။

(၉)ပိဿာမှ (၁၅)ကီလိုမှ (၁၈)ပိဿာ (၃ဝ) ကီလိုအထိကျွေးပေးရန်။

- ဝက်ငယ်ကလေးများအတွက် လိုအပ်သောအာဟာရများ ညီညွတ်မျှတစွာပါဝင်သောကြောင့် အသားတိုးနှုန်းကိုပိုမိုမြန်စေပါသည်။ - အထူးပြုလုပ်ထားသောအာဟာရများကြောင့်လည်း အသားတိုးဝက်၏ ပေါင်နှင့်လက်တို့ကိုပိုမိုကြီးထွားစေပြီး အကောင်းဆုံးမိုးခိုသားများကိုရရှိစေပါသည်။ - ဗီတာမင်ဓာတ်များပိုမိုပါဝင်သောကြောင့် အသားတိုးဝက်ကို ပိုမိုကျန်းမာစေပြီး ခုခံအားမြင့်ကာ ပန်းရောင်ရှိသောအရေပြားကိုလည်းရရှိစေပါသည်။ - ဝက်ကယ်ကလေးများကြီးထွားဆဲကာလတွင် အရေးအကြီးဆုံးဖြစ်သော ခန္ဓာကိုယ်အရိုးငြမ်းဖွဲ့စည်းမှုကိုလည်းပိုမိုတောင့်တင်းခိုင်မာစေသည်။ - အစာမှအသားပြောင်းလဲနှုန်း (FCR) ကိုလည်းကောင်းမွန်စေသည်။ - 3835 ဝက်အငယ်စာကို ဝက်ငယ်အလေးချိန် (၉)ပိဿာမှ (၁၈)ပိဿာ (၁၅)ကီလိုမှ (၃ဝ) ကီလိုအထိကျွေးပေးရမည်။

အသားတိုးဝက်အလတ်စာ။

(၁၈) ပိဿာ (၃ဝ) ကီလိုမှ (၃၆) ပိဿာ (၆ဝ) ကီလိုအထိ ကျွေးပေးရန်။

- ဝက်လတ်အရွယ်တွင် အသားတိုးနှုန်း ပိုမိုကောင်းမွန်စေရန်နှင့် အစာမှ အသားပြောင်းလဲနှုန်း (FCR) ကောင်းမွန်စေရန်အာဟာရတန်ဖိုးများ ညီညွတ်မျှတစွာ ပါဝင်ပါသည်။ - ကုန်ကျစရိတ် နည်းပါးပြီးစီးပွားရေးအရလည်း တွက်ချေကိုက်စေရန် ဥရောပနည်းပညာဖြင့် စနစ်တကျထုတ်လုပ်ထားသည်။ - အာဟာရတန်ဖိုးများ ပြည့်ဝစွာပါဝင်သည့်အတွက် ရာသီဥတုဒဏ်နှင့်ရောဂါဒဏ်များကိုလည်းခံနိုင်ရည်ရှိစေပါသည်။ - 3845 ဝက်လတ်အစာကို ဝက်လတ်အလေးချိန် (၁၈) ပိဿာ (၃ဝ) ကီလိုမှ (၃၆) ပိဿာ (၆ဝ) ကီလိုအထိ ကျွေးပေးရမည်။

ပိုမိုသောဝက်မွေးမြူရေးအစာနှင့်ဝန်ဆောင်မှုများ

ဝက်မွေးမြူရေးဆိုင်ရာ ကျွန်ုပ်တို့၏ဝန်ဆောင်မှုများ

၀က်ငယ်ကလေးများကြီးထွားမှုပုံစံဖြစ်စဉ်သည် တစ်ကောင်နှင့်တစ်ကောင်အတူတူ ပင်ဖြစ်သော်လည်း ဝက်မျိုး၊ ပတ်ဝန်းကျင်၊ ပြုစုစောင့်ရှောက်မှု စသည့် အချက်များပေါ်မူတည်ပြီး ကြီးထွားနှုန်းမှာ များစွာကွာခြားပါသည်။

ဝက်ငယ်‌လေးငယ်စဉ်မှာ အစာချေစနစ်ကောင်းစွာမဖွံ့ဖြိုးသေးသောကြောင့် ဝက်ငယ်လေးအစာ (creep feed) ကို ဖြည်းဖြည်းချင်း လေ့ကျင့်ကျွေးပေးရန် လိုအပ်သည်။ ထိုသို့ကျွေးပေးခြင်းအားဖြင့် အစာကိုကောင်းစွာစားတတ်လာ ပြီး သားခွဲချိန်တွင်ကြုံတွေ့ရသောပြဿနာများကို လျော့နည်းလာစေသည်။

သားမခွဲခင်အချိန် အစာကောင်းမွန်စွာကျွေးထားခြင်းဖြင့် သားခွဲပြီးချိန်တွင်
ဝက်ကလေးများ အစာစားနှုန်းကို လှုံ့ဆော်ပေးပြီး ကျန်းမာရေးကောင်းမွန်ကာ ကြီးထွားနှုန်းမြင့်မား‌လာစေသည်။

ထို့ကြောင့် ဝက်ငယ်လေးငယ်စဉ်တွင် မိခင်နို့သာမက ဝက်ကလေးအစာကိုပါ ဖြည့်စွက်ကျွေးပေးရန်လိုအပ်ပါသည်။ ထိုသို့ကျွေးပေးခြင်းဖြင့်

  • ရေကောင်းမွန်စွာသောက်တတ်လာခြင်း
  • အစာကောင်းမွန်စွာ စားတတ်လာခြင်း
  • အစာကို ကောင်းမွန်စွာချေဖျက်နိုင်လာခြင်း
  • ကြီးထွားနှုန်းကောင်းမွန်စေခြင်း
  • ဝက်ငယ်လေးရှင်သန်နှုန်းမြင့်မားစေခြင်း