ပင်မစာမျက်နှာ / ကျွနု်ပ်တို့၏အကြောင်း / တိရစ္ဆာန်အစာအာဟာရ / သုတေသနနှင့်တီထွင်ဆန်းသစ်မှု

သုတေသနနှင့်တီထွင်ဆန်းသစ်မှု

ကျွနု်ပ်တို့ Royal De Heus အနေဖြင့် မွေးမြူရေးဆိုင်ရာအခန်းကဏ္ဍတွေမှာနှစ်မြုပ်လုပ်ကိုင်နေခဲ့သည်မှာမျိုးဆက် (၄) ခုတိုင်ခဲ့ပါပြီ။ လက်ရှိအချိန်ထိလည်း ကျွနု်ပ်တို့သည် မွေးမြူရေးလုပ်ငန်းရှင်များအတွက် တိရစ္ဆာန်အစာများကိုထုတ်လုပ်ပေးလျက်ရှိနေပါသည်။ ယင်းကဲ့သို့ အစာရောင်းချမှုတစ်မျိုးတည်းကိုသာမျိုးဆက် (၄) ခုတိုင်အောင်ပြုလုပ်ရောင်းချနေခဲ့ခြင်းကြောင့်လည်းကျွနု်ပ်တို့သည် ခြံပိုင်ရှင်များ၏နေရာမှ စဉ်းစားပေးနိုင်သလို ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ဦးကဲ့သို့လည်းစဉ်းစားပေးနိုင်ပြီး မွေးမြူရေးလုပ်ငန်းစဉ်များအတွက် အကောင်းဆုံးဖြည့်ဆည်းပေးနေနိုင်တာလည်းပဲဖြစ်ပါသည်။

ကျွနု်ပ်တို့၏အဓိကလုပ်ငန်းစဉ်သည် တိရစ္ဆာန်များအတွက် အစာအာဟာရများထောက်ပံ့ပေးခြင်းပဲဖြစ်ပါသည်။

တိရစ္ဆာန်များအတွက် အစာအာဟာရပိုင်းဆိုင်ရာများသည် ကျွန်ုပ်တို့၏အကျွမ်းကျင်ဆုံးအပိုင်းဖြစ်ပြီး ၊ ကျွန်ုပ်တို့အဓိကထောက်ပံ့ပေးချင်သောအရာလည်းဖြစ်ပါသည်။ ထို့ကြောင့်လည်း သိပ္ပံနှင့်နည်းပညာ ဋ္ဌာနများနှင့်လက်တွဲချိတ်ဆက်ကာ ပူးပေါင်းဆောင်ရွက်နေသကဲ့သို့ ကိုယ်ပိုင်ဓာတ်ခွဲခန်းများနှင့် သုနေသန ဋ္ဌာနများကိုဖွင့်လှစ်ထားရှိကာ လေ့လာစမ်းသပ်မှုများကိုစဉ်ဆက်မပြတ်ပြုလုပ်လျက်ရှိနေပါသည်။
ယင်းကဲ့သို့ပြုလုပ်ချင်းအားဖြင့် အောက်ပါအခန်းကဏ္ဍများတွင်ပိုမိုတိုးတက်ပြည့်စုံအောင်ဆောင်ရွက်နိုင်မှာလည်းပဲဖြစ်ပါသည်။

  • တိရစ္ဆာန်များ၏ကျန်းမာရေး
  • တိရစ္ဆာန်များ၏အစာအာဟာရ
  • မွေးမြူရေးလုပ်ငန်းဆိုင်ရာအခန်းကဏ္ဍ
  • အရည်အသွေး
  • လုပ်ငန်းစဉ်များ

ယင်းကဲ့သို့လေ့လာဆန်းစစ်သုတေသနပြုမှုများနှင့်အတွေ့အကြုံများကိုနောက်ပိုင်းတွင် ကျွန်ုပ်တို့၏မွေးမြူရေးလုပ်ငန်းရှင်များအတွက်ချက်ချင်းပြန်လည်အသုံးချကာ အကောင်းမွန်ဆုံးသောရလဒ်များကိုဖန်တီးပေးနိုင်မှာလည်းပဲဖြစ်ပါသည်။ ယင်းကဲ့သို့ပြုလုပ်ပေးခြင်းများကတစ်ဆင့် မွေးမြူရေးလုပ်ငန်းရှင်များအတွက် အသိပညာနှင့်ဗဟုသုတများတိုးပွားလာနိုင်စေရန်ရည်ရွယ်ပါသည်။


De Heus, research in Animal Nutrition

အောင်မြင်သောသဘောတရားများ

ကျွန်ုပ်တို့၏အဓိကရည်ရွယ်ချက်မှာ အစာရောင်းချခြင်းတစ်မျိုးတည်းသာမဟုတ်ဘဲ ခြံပိုင်ရှင်များအတွက် အကောင်းဆုံးသောအကြံဉာဏ်များကိုထောက်ပံ့ပေးရန်နှင့်အသင့်တော်ဆုံးအစာကျွေးစနစ်များကိုပံ့ပိုပေးရန်လည်းပါဝင်ပါသည်။ ယင်းကဲ့သို့ မွေးမြူရေးလုပ်ငန်းရှင်များအတွက်အကောင်းဆုံးသော အစာ ၊ အကြံဉာဏ်နှင့်အစောကျွေးသည့်စနစ်များကိုထောက်ပံ့ပေးနိုင်ခဲ့တာကြောင့် De Heus အနေနဲ့နှစ်ပေါင်းများစွာတိုင်အောင် ရပ်တည်လာနိုင်ခဲ့ခြင်းလည်းပဲဖြစ်ပါသည်။