ပင်မစာမျက်နှာ / ကျွနု်ပ်တို့၏အကြောင်း / တိရစ္ဆာန်အစာအာဟာရ / ပူးပေါင်းဆောင်ရွက်ခြင်း

ပူးပေါင်းဆောင်ရွက်ခြင်း

စိန်ခေါ်မှုတိုင်းကိုရင်ဆိုင်နိုင်ဖို့အတွက် ကျွနု်ပ်တို့၏ဉာဏ်ပညာ ၊ ဗဟုသုတနှင့်အတွေ့အကြုံများကိုအစွမ်းကုန်အသုံးချပြီး ပြုလုပ်သွားမှာဖြစ်ပါသည်။ ဒါဟာကျွန်တော်တို့ရဲ့ဖြစ်စဉ်များကိုအခြေခံပြီးပူပေါင်းဆောင်ရွက်ခြင်းလည်းဖြစ်ပါသည်။ ကျွနု်ပ်တို့သည် ပူးပေါင်းဆောင်ရွက်ခြင်း၏စွမ်းပကားကိုအထူးပင်ယုံကြည်မှုရှိနေပါသည်။
ကျွနု်ပ်တို့သည် မွေးမြူရေးလုပ်ငန်းရှင်များဖြင့် အတူယှဉ်တွဲလုပ်ကိုင်သွားမှာဖြစ်ပြီး ဒေသတွင်းသာမက နယ်သာလန်နိုင်ငံရှိ Wageningen တက္ကသိုလ်နှင့် ကနေဒါနိုင်ငံရှိ Toronto တက္ကသိုလ်တို့နှင့်လည်းပူးပေါင်းကာလက်တွဲဆောင်ရွက်လျက်ရှိနေတာလည်းပဲဖြစ်ပါသည်။
ကျွနု်ပ်တို့ရဲ့ပြောင်းလဲခြင်းမရှိသောရည်မှန်းချက်ပန်းတိုင်ကတော့ ကျွနု်ပ်တို့၏တိရစ္ဆာန်အစာများရဲ့အရည်အသွေးကောင်းမွန်မှုကိုသာမက အသိပညာများနှင့်ဝန်ဆောင်မှုများကိုပါထောက်ပံ့ပေးခြင်းဖြင့် မွေးမြူရေးလုပ်ငန်းရှင်များအတွက် များစွာသောအကျိုးကျေးဇူးကိုရရှိစေနိုင်ရန်ပဲဖြစ်ပါသည်။

အတူတကွပူးပေါင်းလုပ်ဆောင်ခြင်းဟာ အသိပညာများကိုဝေမျှနေခြင်းပါပဲ

စဉ်ဆက်မပြတ်တိုးတက်အောင်ပြုလုပ်နေခြင်းဟာ ကျွန်တော်တို့ရဲ့ဗီဇပဲဖြစ်ပါတယ်။ အမြဲမပြတ်လေ့လာသင်ယူမှုတွေနဲ့အတူ တိုးတက်အောင်လုပ်ဆောင်နေဖို့ကလည်း ကျွန်တော်တို့ရဲ့အခြေခံအုတ်မြစ်တစ်ခုပါ။ ဒါကြောင့်လည်း ကျွန်တော်တို့ဟာ ဒေသတွင်း၌သာမက အခြားသောနိုင်ငံများရှိ အဖွဲ့အစည်းများနှင့်ပါလက်တွဲလုပ်ကိုင်နိုင်နေတာဖြစ်ပြီး အနာဂတ်တွင်လည်း အသိပညာဗဟုသုတများကိုအမြဲတိုးတက်အောင်ရည်မှန်းဖော်ဆောင်အကောင်အထည်ဖော်သွားမှာလည်းပဲဖြစ်ပါသည်။ အတူတကွလက်တွဲလုပ်ဆောင်နေစဉ်အတွင်း ပွင့်လင်းမြင်သာမှုရှိခြင်းပမာဏပေါ်မူတည်ပြီး ကျွနု်ပ်တို့၏တိုးတက်ဖြစ်ထွန်းမှုရာခိုင်နှုန်းဟာလည်းပြောင်းလဲနေမှာဖြစ်ပါသည်။ ဒါဟာကျွနု်ပ်တို့၏ရည်မှန်းချက်လည်းဖြစ်ပါသည်။

Working together on animal feed

ကျွနု်ပ်တို့၏မွေးမြူရေးလုပ်ငန်းရှင်များအတွက် အကျိုးကျေးဇူးများပိုမိုဖြစ်ထွန်းနိုင်စေဖို့က ကျွနု်ပ်တို့၏အဓိကရည်မှန်းချက်ပါ။

ကျွနု်ပ်တို့အနေဖြင့် တစ်ကမ္ဘာလုံးဆိုင်ရာချိတ်ဆက်ပြီးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိသလို ကျွနု်ပ်တို့ဖြင့်လက်တွဲလုပ်ဆောင်မည့်လုပ်ဖော်ကိုင်ဖက်များကိုလည်းအမြဲတစေရှာဖွေနေလျက်လည်းရှိနေပါသည်။ ဒါကြောင့်လည်း ဗဟုသုတနှင့်အတွေ့အကြုံများကို မတူညီသည့်နိုင်ငံများ ၊ အခြေအနေနဲ့အချိန်အခါတွေမှာရရှိနေခဲ့တာလည်းပဲဖြစ်ပါသည်။ တစ်နိုင်တစ်ပိုင်မွေးမြူရေးုလုပ်ငန်းများကနေတစ်ဆင့် ကြီးမားသောမွေးမြူရေးလုပ်ငန်းများအထိကျယ်ကျယ်ပြန့်ပြန့်ပံ့ပိုးပေးနိုင်အောင်လည်းကြိုးစားပေးလျက်ရှိနေပါသည်။ မွေးမြူရေးလုပ်ငန်းရှင်များအတွက် ပိုမိုတိုးတက်စေမည့်အကျိုးကျေးဇူးများဖန်တီးပေးနိုင်ဖို့က ကျွနု်ပ်တို့၏အမြဲတမ်းတူညီသောရည်မှန်းချက်ပါ။